ကွီးတို့က သိုင်းလောကမှာ ကျင်လည်နေပြီးတော့ အခုဖော်ပြမယ့် အချက်တွေကို မသိသေးရင်တော့ ချစ်တင်းနှော ဖို့ စိတ်မကူး တာ အကောင်းဆုံးပါပဲ။

အရင်ဦးဆုံး အမျိုးသားတို့ရဲ့ ကျားကျန်းမာရေးဆိုတာ ဘာလဲ သိထားသင့်ပါတယ်

men health

အမျိုးသားတို့ရဲ့ ကျားကျန်းမာရေးလို့ ပြောလိုက်တာနဲ့ သူတို့ရဲ့ ဖဲမွေ့ရာထက်က စွမ်းဆောင်နိုင်ရည်ဆိုတာထက် အများကြီးပိုပါတယ်။ ကွီးတို့ ရှော်တီလေးနဲ့ နှစ်ဦးကြား ပျော်ရွှင်ကြည်နူးရတဲ့ အခိုက်အတန့်များ ဖန်တီးနိုင်ခြင်း၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ အန္တရာယ်မှ ကာကွယ်ခြင်း အစရှိတဲ့ အချက်များအားလုံးကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကွီးတို့ ညီလေးမှာ လုံလောက်တဲ့ ကျားဟော်မုန်း ရှိရဲ့လား၊ သွေးလှည့်ပတ် စီးဆင်းမှု ရှိရဲ့လား၊ ကွီးတို့ ညီလေးက ကောင်းစွာ နိုးကြား ထောင်မတ်နိုင်ရဲ့လား အစရှိတဲ့ အချက်တွေအားလုံး ပြည့်စုံကောင်းမွန်နေမှသာလျှင် ကွီးတို့ရဲ့ ကျားကျန်းမာရေးက အလုံးစုံ ပြည့်စုံနေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ ကျားကျန်းမာရေး အလုံးစုံ​ ပြည့်စုံနေအောင် ဘာလုပ်ဆောင်ဖို့ လိုအပ်မလဲ

ချစ်တင်းနှော စိတ်မကူး

  • လေ့ကျင့်ခန်း နေ့စဥ် ပြုလုပ်ပါ။
  • ညဘက်မှာ အိပ်ရေး ဝဝ အိပ်စက် အနားယူပါ။
  • ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ များများ စားသုံးပါ။
  • ကွီးတို့ စိတ်ကျန်းမာရေးကို ဦးစားပေးပါ
  • ဗီတာမင်နှင့် အားဆေးများ လိုအပ်ပါက မှီဝဲပါ
  • အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ်သာ မှီဝဲပါ

ကွီးတို့ရဲ့ ကျားကျန်းမာရေးက အလုံးစုံ ပြည့်စုံနေတဲ့အခါ ဘယ်လို အကျိုးကျေးဇူးများကို ခံစားရရှိနိုင်မလဲ

ချစ်တင်းနှော စိတ်မကူး

ကွီးတို့ရဲ့ ကျန်းမာရေးက အလုံးစုံ​ ပြီးပြည့်စုံနေမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုများ လျော့ကျခြင်း
  • စိတ်ပူပန်မှုများ နည်းပါးခြင်း
  • ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း
  • ကွီးတို့ရဲ့ ဖဲမွေ့ရာထက်က စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း
  • သွေးဖိအား ကောင်းမွန်စွာ လှည့်ပတ်နိုင်အောင် ကူညီပေးပြီး သွေးတိုးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း
  • နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း
  • မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အကျိုးကျေးဇူးများကို မခံစားချင်ဘူးလား။

အခုဖော်ပြသွားတဲ့ အချက်များကို မသိဘူးဆိုရင်တော့ ချစ်တင်းနှော ဖို့ စိတ်မကူး လိုက်နဲ့တော့ဗျို့။

Source: Thebiostation.com

Featured Image: Timesofindia.indiatimes.com