ကိုယ့် ရှော်တီလေးနဲ့ စိတ်ပါတဲ့အချိန်မှာ ချစ်တင်းနှော ချင်ကြတာကတော့ ပုရိသတိုင်းရဲ့ သမိုင်းပေး တာဝန်တစ်ရပ်လိုပါပဲ။ ဒါပေမဲ့ ချစ်တင်းနှော တိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ မမျှဘူးဆိုရင်တော့ ဆိုးကျိုး တွေ အများကြီး ခံစားရနိုင်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့် ရှော်တီလေးနဲ့ ချစ်တင်းနှော တဲ့အခါ အပေးအယူ မမျှဘူးဆိုရင်တော့ အခုဖော်ပြမယ့် ဆိုးကျိုး များကို ခံစားရနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ခြင်း
ချစ်တင်းနှော ခြင်း အပြုအမူဆိုင်ရာ လေ့လာချက်တစ်ခုအရ အမျိုးသား ၁၅ ရာခိုင်နှုန်းခန့်နှင့် အမျိုးသမီး ၃၄ ရာခိုင်နှုန်းခန့်တို့သည် ချစ်တင်းနှော တဲ့အခါ အလိုမကျမှုတို့ကို ခံစားရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ စိတ် အလိုမကျခြင်းဆိုတာကတော့ ကွီးတို့ (သို့) ကွီးတို့ ရှော်တီလေးရဲ့ လိုအင်ဆန္ဒ မပြည့်ဝခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုမျိုး အပေးအယူ မမျှဘဲ လိုအင်ဆန္ဒ မပြည့်ဝတာတွေ များလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဘာ့ကြောင့် လိုအင်ဆန္ဒ မပြည့်ဝမှုတွေ ဖြစ်ပေါ်လာရသလဲ
လိုအင်ဆန္ဒ မပြည့်ဝခြင်းသည် ကွီးတို့ရဲ့ ဟော်မုန်း အပြောင်းအလဲနဲ့ များစွာ သက်ဆိုင်ပါတယ်။ လိင်စိတ် ကြွလာပြီး စိတ်ပါလာဖို့အတွက်ဆိုရင် Testosterone ဆိုတဲ့ ဟော်မုန်းသည် အဓိကကျပါတယ်။ ထို Testosterone ဟော်မုန်း လျော့ကျသွားပါက ကွီးတို့ရဲ့ လိုအင်ဆန္ဒ မပြည့်ဝမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုလိုအင်ဆန္ဒ မပြည့်ဝမှုသည် ကွီးတို့ ရှော်တီလေးထံမှာလည်း ဖြစ်တတ်တာကြောင့် ကွီးတို့ နှစ်ဦးသား အပြန်အလှန် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်သင့်ပါတယ်။
လိုအင် ဆန္ဒ မပြည့်ဝမှုကနေ နောက်ဆက်တွဲ ဆိုးကျိုးများက ဘာတွေ ဖြစ်နိုင်သလဲ
လိုအင် ဆန္ဒ မပြည့်ဝရာကနေ ချစ်တင်းနှော ချင်စိတ်လည်း ကုန်ခမ်းလာတတ်ပါတယ်။ ချစ်တင်းနှော ချင် စိတ် ကုန်ခမ်းလာတဲ့အခါ (သို့) ချစ်တင်းမနှောတဲ့အချိန် ကြန့်ကြာလာတဲ့အခါမှာတော့ စိတ်ကျရောဂါ၊ စိတ်ပူပန်တတ်တဲ့ရောဂါ၊ စိတ်အတက်အကျ မြန်ခြင်း၊ ဒေါသထွက်လွယ်ခြင်း အစရှိတဲ့ ဆိုးကျိုး များကို ခံစားရနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်သော နေထိုင်မှု ပုံစံ၊ စိတ်ဖိစီးမှုများကြောင့်လည်း စောစောက ဖော်ပြခဲ့တဲ့ လက္ခဏာများသည် ပိုမိုဆိုးရွားလာတတ်ပါတယ်။
ဒါ့ကြောင့် ကွီးတို့အနေနဲ့ ထိုအဆင့်အထိ ဆက်မသွားဘဲ အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောဆိုကာ ချစ်တင်းနှောရာမှာ အပေးအယူမျှအောင် ဖန်တီးသင့်ပါတယ်။
ကွီးတို့ရော ကွီးတို့ ရှော်တီလေးနဲ့ အပေးအယူမျှရဲ့လား။
Source: Paramountmensmedical
Featured Image: Paramountmensmedical