Sexual Hygiene က လူတိုင်းအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် တစ်ကိုယ်ရည်အာသာဖြေပြီးချိန် ဒါမှမဟုတ် ချစ်တင်းနှော ပြီးချိန်တွေမှာ ကွီးတို့ရဲ့ ဖွားဖက်တော်ကို ပုံမှန်ဂရုတစိုက် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ ကွီးတို့ရဲ့ ကန်သတ်ဧရိယာတဝိုက်ကို သန့်ရှင်းအောင်ထားမှသာ ကျန်းမာတဲ့ ညီလေးကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ လိင်မှုကိစ္စလုပ်ဆောင်ပြီး သန့်ရှင်းရေးကို သေချာမလုပ်ဘူးဆိုရင် ညီလေး ပိုးဝင်ခြင်း ၊ ယားယံခြင်း ၊ ပူစပ်ပူလောင်ဖြစ်ခြင်း ၊ လိင်တံ ထိပ်အရေပြားအောက်နဲ့ ထိပ်ဖူးတဝိုက်မှာ အနီကွက်တွေထွက်ခြင်း ၊ ဆိုးရွားတဲ့ အနံ့သက်တွေ ထွက်ပေါ်ခြင်း စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော ပြီးချိန်မှာ ကွီးတို့ ညီလေးကို သန့်ရှင်းရေးလုပ်ဖို့ မပျင်းသင့်သလို ဘယ်လိုမျိုး စနစ်တကျ သန့်ရှင်းပေးရမလဲဆိုတာ ဒီဆောင်းပါးလေးကနေ တဆင့်ပြောပြပေးပါမယ်။

(၁) ကန့်သတ်ဧရိယာ တဝိုက်ကို သန့်ရှင်းရေးလုပ်ဖို့ သန့်စင်တဲ့ ရေကိုသုံးပါ

Penile Hygiene

Photo : Hello Doctor Philippines

ချစ်တင်းနှော ပြီးနောက် ကွီးတို့ကို ညီလေးကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် အဓိကလိုက်နာရမှာကတော့ သန့်စင်တဲ့ ရေသန့်နဲ့ ညီလေးကို ဆေးကြောပေးဖို့ပါပဲ။ ရေအပူချိန်ကိုတော့ အေးလွန်း ဒါမှမဟုတ် ပူလွန်းမနေစေပဲ ပုံမှန်အနေအထားမှာ ရှိတဲ့ရေကို အသုံးပြုတာ အကောင်းဆုံးပါ။ ညီလေးရဲ့ ထိပ်ဖျားကနေ အရင်းအထိ လက်နဲ့သေချာ ပွတ်တိုက်ဆေးကြော ရပါမယ်။ လိင်တံအရေပြားအောက် ၊ ပေါင်နဲ့ ဆီးခုံတဝိုက်ကိုလည်း သေချာလေး ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။

ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပွတ်တိုက် ဆေးကြောတာမျိုးကိုတော့ အထူးရှောင်ကြဉ်ပါ။ ချစ်တင်းနှော စဉ်မှာ ဆီတွေ ၊ လိုရှင်းခရမ်င်လို အရာတွေကို အသုံးပြုခဲ့တယ်ဆိုရင်တော့ ညီလေး သန့်စင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အမွှေးရနံ့မပါတဲ့ ဆပ်ပြာတွေကို သုံးပြီး ဆေးကြော သန့်စင်ပေးနိုင်ပါတယ်။ ပုံမှန်ရေချိုးဆပ်ပြာ ၊ ရနံ့ပါတဲ့ ဆပ်ပြာတွေက ညီလေး ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပြီး နီမြန်းတာ ၊ ယားယံတာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။

(၂) ဖွားဖက်တော် နေရာတဝိုက်ကို ခြောက်သွေ့အောင် ထားပါ

Towel

Photo : Freepik

ညီလေးကို သေချာသန့်စင်အောင် ဆေးကြောပြီးပြီဆိုရင်တော့ နောက်တဆင့်က လိင်အင်္ဂါတဝိုက်ကို ခြောက်သွေ့အောင် ထားဖို့ပါ။ ညီလေးနဲ့ လိင်အင်္ဂါ အနီးတဝိုက်ကို သန့်ရှင်းပြီး ခြောက်သွေ့နူးညံ့တဲ့ တဘက် ဒါမှမဟုတ် အဝတ်နဲ့ သုတ်ပေးရမှာ ဖြစ်ပါတယ်။ ဖွားဖက်တော် နေရာတဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားမှသာလျှင် ဘက်တီးရီယားနဲ့ ပိုးမွှားတွေ ခိုးအောင်မနေနိုင်တော့မှာ ဖြစ်ပြီး ကွီးတို့ရဲ့ ညီလေးကို ကျန်းမာသန်စွမ်းနေစေမှာ ဖြစ်ပါတယ်။

(၃) လေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင် အဝတ်အစားတွေကို ဝတ်ပါ

Underwear

Photo : Werd

ချစ်တင်းနှောပြီး ကွီးတို့ရဲ့ ညီလေးကိုလည်း သေချာသန့်ရှင်းရေး လုပ်ပြီးပြီဆိုရင်တော့ နောက်ထပ် အရေးကြီးဆုံး လိုက်နာရမယ့် အချက်တစ်ခုက လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံ ဒါမှမဟုတ် ပွပွချောင်ချောင် ချည်သားဘောင်းဘီတွေကို ဝတ်ဆင်သင့်ပါတယ်။ ကျပ်လွန်းတဲ့ အတွင်းခံတွေကို ဝတ်ဆင်တာဟာ ကွီးတို့ရဲ့ ညီလေးကို ယားယံခြင်း ၊ နီမြန်းခြင်းနဲ့ ပိုးဝင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော ပြီးနောက် အတွင်းခံပဲဖြစ်ဖြစ် အဝတ်အစားပဲဖြစ်ဖြစ် လေဝင်လေထွက်ကောင်းပြီး ပွပွချောင်ချောင်နဲ့ သက်တောင့်သက်သာ ဖြစ်စေမယ့် အထည်တွေကိုပဲ အမြဲရွေးချယ် ဝတ်သင့်ပါတယ်။

Featured Photo : Advanced Laser Clinic