လိင်မှုကိစ္စမှာ အမျိုးသမီးတွေက အမျိုးသားတွေလောက် စိတ်အားထက်သန်မှု နည်းတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေရဲ့ သဘာဝကိုက အရှက်အကြောက်ကြီးကြသလို ကိုယ်တိုင်ခံယူထားတဲ့ ယုံကြည်ချက်နဲ့ စိတ်ခံစားမှု ကန့်သတ်ချက်တွေကြောင့်လည်း လိင်မှုဆိုင်ရာ ကိစ္စတွေပေါ်မှာ အမြင်နဲ့ သဘောထားအမျိုးမျိုး ကွဲလွဲကြတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ ၊အသက်အရွယ် ဒါမှမဟုတ် ပါတနာနဲ့ ဆက်ဆံရေးတွေနဲ့လည်း ဆက်စပ်နေတက်ပါတယ်။ အကယ်၍ ကွီးတို့ ချစ်သူ လက်တွဲဖော်က ဘာကြောင့် ချစ်တင်းနှောဖို့ကို ငြင်းပယ်နေတာလဲဆိုတာနဲ့ ပတ်သတ်ပြီး သံသယဝင် နားလည်မှု မလွဲမှားစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် မိန်းကလေး တွေအနေနဲ့ ယေဘုယျအားဖြင့် ဘယ်အချက်တွေအကြောင့် ချစ်တင်းနှော ဖို့ကို ငြင်းပယ်ကြတာလည်း ဆိုတာပြောပြ ပေးသွားချင်ပါတယ်။
(၁) စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ
Photo : Associates in Women’s Healthcare
စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြဿနာတွေက လိင်စိတ်ဆန္ဒ တက်ကြွမှုကို လျှော့ကျစေပြီး လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု နည်းစေတက်ပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်နေချိန် ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဝေဒနာ ခံစားနေရချိန် ၊ လူမှုရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရချိန် ဒါမှမဟုတ် ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ နေချိန်တွေမှာ လိင်မှုကိစ္စ လှုပ်ရှားမှုတွေကို လုပ်ဆောင်လိုခြင်းရှိမှာ မဟုတ်ပါဘူး။
(၂) ရုပ်ပိုင်းဆိုင်ရာ အခြေအနေ သို့မဟုတ် နာကျင်မှုဝေဒနာများ
Photo : Verywell Family
မိန်းကလေးတွေအနေနဲ့ ကိုယ်လက်မအီမသာ ဖျားနာနေချိန်တွေ ဒါမှမဟုတ် ချစ်တင်းနှော စဉ်အတွင်းမှာ ကြုံတွေ့ရတဲ့ နာကျင်မှုဝေဒနာတွေ စတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ချစ်တင်းနှောဖို့ကို ငြင်းပယ်တက်ကြပါတယ်။ အဓိကအားဖြင့်တော့ အမျိုးသမီးတွေဟာ ချစ်တင်းနှောချိန်မှာ ခံစားရတဲ့ နာကျင်မှု ဝေဒနာတွေကို ကြောက်ရွံ့စိုးရိမ်ကြတာပါ။ ချစ်တင်းနှော နေစဉ်မှာ မိန်းမကိုယ်ကနေ ချောဆီလုံလောက်စွာ မထုတ်နိုင်တာကြောင့် ပွတ်တိုက်မှုကို ဖြစ်စေပြီး နာကျင်မှုဝေဒနာ ကြီးကြီးမားမား ခံစားရတက်သလို အချို့သော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကလည်း နာကျင်မှုနဲ့ မသက်မသာ ခံစားရစေ တက်ပါတယ်။ ဒါတွေကြောင့်ပဲ မိန်းကလေးတွေဟာ ချစ်တင်းနှော ဖို့အတွက်ကို စိုးရိမ်စိတ်များတာ ၊ ကြောက်ရွံ့ပြီး ငြင်းပယ်တာတွေ လုပ်ကြတာပါ။
(၃) ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ပြဿနာများ
Photo : Bustle
နားလည်လွယ်အောင်ပြောရရင် ပါတနာနဲ့ ကြားက ဆက်ဆံရေး အခြေအနေ ပေါ်မူတည်တယ်လို့ ပြောရမှာပါ။ မိန်းကလေးတွေက သူတို့ရဲ့ ပါတနာအပေါ် ယုံကြည်မှု မရှိခြင်း သို့မဟုတ် လုံခြုံမှုမရှိဘူးလို့ ခံစားရခြင်း ဒီလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြစ်တဲ့အခါမှာ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ငြင်းပယ်ကြပါတယ်။ ပါတနာနဲ့ ပတ်သတ်ပြီး ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပြဿနာတွေရှိတဲ့အခါ စိတ်ခံစားချက်တွေက သက်တောင့်သက်သာ မဖြစ်တော့တဲ့အတွက် ချစ်တင်းနှော ဖို့ကို ရှောင်ဖယ်လိုကြတာ ဖြစ်ပါတယ်။
(၄) ကိုယ်ပိုင် ကန့်သတ်ချက်များ
Photo : Psycom.net
မိန်းကလေးတွေမှာ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ်ပိုင်ခံယူချက် ၊ ကန့်သတ်ချက်တွေကို ထားတက်ကြပါတယ်။ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့်ပဲ လိင်မှုဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်ဖို့ ငြင်းပယ်တက် ကြတာဖြစ်ပါတယ်။ မိမိကိုယ့်ကိုယ် သတ်မှတ်ထားတဲ့ စံနှုန်း ၊ တန်ဖိုးတွေနဲ့အညီ နေထိုင်ခြင်းကြောင့် ချစ်တင်းနှော ဖို့ကို စိတ်အားထက်သန်မှု မရှိကြသလို အချို့ကတော့ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ တားမြစ်ချက်တွေကြောင့်လည်း လိင်မှုကိစ္စနဲ့ ခပ်ဝေးဝေးနေထိုင် လိုကြပါတယ်။
Featured Photo : Avant Gynecology