တကယ်တော့ ချစ်တင်းနှော တယ်ဆိုတာဟာ သာယာမှု သပ်သပ်တစ်ခုတည်း မဟုတ်ပါဘူး။ ချစ်တင်းနှောခြင်းရဲ့ နောက်ကွယ်မှာ ကောင်းမွန်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောခြင်းကနေ ရနိုင်မယ့် ကောင်းကျိုးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုနဲ့ ညီမျှတယ်
Photo : WebMD
ချစ်တင်းနှော တာက အလယ်အလတ် လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ နည်းတူ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဘာနဲ့တူလည်းဆိုရင် လမ်း လျှောက်တာ ဒါမှမဟုတ် ပုံမှန်အရှိန်နဲ့ စက်ဘီးနင်းတာ စတဲ့ အားကစားနည်းတွေနဲ့ ထပ်တူ ညီမျှတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ကွီးတို့ရဲ့ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါတယ်။
(၂) ခေါင်းကိုက်ခြင်းကို သက်သာစေတယ်
Photo : WebMD
ချစ်တင်းနှောတာက နာကျင်ကိုက်ခဲမှုတွေကို သက်သာပြေလျှော့စေပါတယ်။ ဒါက အံ့ဩစရာကောင်းတယ် မဟုတ်လား။ ဟုတ်ပါတယ် လေ့လာမှုတွေအရ ချစ်တင်းနှော ခြင်းဟာ ခေါင်းတခြမ်းကိုက်ခြင်း ကဲ့သို့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၃) စိတ်ဖိစီးမှုကို လျှော့ချပေးတယ်
Photo : WebMD
ပုံမှန် ချစ်တင်းနှော သူတွေဟာ နေ့စဉ်ဘဝထဲမှာ ကြုံတွေ့ရတဲ့ ဖိအားတွေ ၊ စိုးရိမ်ပူပန်မှုတွေကို ပိုနည်းစေတယ်လို့ လေ့လာမှုတွေအရ ဖော်ပြထားပါတယ်။ ချစ်တင်းနှော နေစဉ်အတွင်းမှာ ခန္ဓာကိုယ်က အန်ဒိုဖင် နဲ့ အောက်ဆီတိုဇင် ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတာကြောင့်ကောင်း မွန်တဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေကာ စိတ်ပူပင်သောကနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ပြေလျော့သက်သာစေပါတယ်။
(၄) ဦးနှောက်ပို ထက်စေတယ်
Photo : WebMD
ချစ်တင်းနှောတာဟာ ဦးနှောက်ဆဲလ်အသစ်တွေ ဖြစ်ပေါ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ လေ့လာမှုတွေအရ ပုံမှန် ချစ်တင်းနှော လေ့ရှိတဲ့ အသက် ၅၀ နဲ့အထက် လူတွေဟာ ကိန်းဂဏန်း အချက်အလက်တွေကို ပိုမိုမှတ်မိစေနိုင်ပြီး ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းက ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဒါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုအကျိုးသက်ရောက်မှုရှိပြီး ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လိင်မှုကိစ္စနည်းသူတွေထက်တော့ ပိုပြီးကောင်းပါတယ်။
(၅) ကောင်းစွာအိပ်ပျော်စေတယ်
Photo : WebMD
ချစ်တင်းနှော ခြင်းကနေ အော်ဂဇင်ရရှိတဲ့အခါ စိတ်ခံစားမှုတွေကို ပြေလျှော့သက်သာစေပြီး ကောင်းမွန်စွာ အိပ်စက်အနားယူစေနိုင်ဖို့ ကူညီပေးတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ချစ်တင်းနှောချိန်မှာ ခန္ဓာကိုယ်က ဓာတုပစ္စည်းတွေ အများကြီး ထုတ်လွှတ်ပေးတာကြောင့်ငိုက်မျဉ်းမှုကို ဖြစ်စေပြီး လျင်လျင်မြန်မြန်နဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
Source : WebMD
Featured Photo : What to Expect