တစ်ခါတစ်လေမှာ လိင်မှုကိစ္စ လုပ်ဆောင်ဖို့အတွက် အရမ်းကို ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရတဲ့ အချိန်တွေ ကြုံဖူးကြပါလိမ့်မယ်။ ကျန်းမာမျှတဲ့ လိင်မှုဘဝပုံစံတစ်ခုကို တည်ဆောက်မထားရင် ကွီးတို့ ဒီလို ပင်ပန်းတဲ့ ခံစားချက်ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ချစ်တင်းနှော ဖို့ သိပ်ကို ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားလာရရင် အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၁) ခန္ဓာကိုယ်ကို ကောင်းကောင်း အနားပေးရဲ့လား ဆန်းစစ်ပါ

Safe Sex
Photo : Glamour

ခန္ဓာကိုယ် ကျန်းမာရေးနဲ့ လိင်မှုဘဝ ကျန်းမာရေးဟာ ဆက်စပ်နေတာပါ။ ကျန်းမာတဲ့ Lifestyle တစ်ခုကို တည်ဆောက်မထားဘူးဆိုရင် လိင်မှုဘဝ ကျန်းမာရေးမှာလည်း ဆိုးကျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်မှု ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အာဟာရ မျှတမှုတို့လို ခန္ဓာကိုယ်အတွက် စွမ်းအင်ပြည့်ဝ လန်းဆန်းတက်ကြွစေမယ့် ကျန်းမာတဲ့ အလေ့အထတွေကို လုပ်ဆောင်ဖြစ်ရဲ့လား ၊ ကျန်းမာတဲ့ Lifestyle တစ်ခုကို တည်ဆောက်နေရဲ့လားဆိုတာ ကွီးတို့ ပြန်ကြည့်ရပါမယ်။

(၂) ချစ်တင်းနှော ဖို့အတွက် အချိန်ဇယားဆွဲပါ

Safe Sex
Photo : Sensitive Refuge

နေ့စဉ်ဘဝထဲက အလုပ်တာဝန်တွေကို Schedule တစ်ခု ဆွဲသလိုပါပဲ။ လိင်ကိစ္စအတွက် အချိန်ဇယားတစ်ခု ရှိထားတာက ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုပါ။ လိင်ကိစ္စ လုပ်ဆောင်ဖို့အတွက် သီးသန့် ရက်တစ်ခု သတ်မှတ်ပါ။ သင်နဲ့သင့်ပါတနာအတွက် ရင်ခုန်စရာကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ပါ။ ဒီလို လိင်ကိစ္စအတွက် Schedule တစ်ခု အသေအချာ ရှိထားတာက ပင်ပန်းနွမ်းနယ်မှုတွေကို‌ လျော့ချနိုင်မှာဖြစ်သလို ကျေနပ် ပျော်ရွှင်ရတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၃) မနက်ခင်းမှာ ချစ်တင်းနှောပါ

Safe Sex
Photo : The Spark

ညဘက်အိပ်ရာဝင်ချိန်ဟာ တစ်နေ့တာလုံး လှုပ်ရှားသွားလာထားတဲ့အတွက် ပင်ပန်းနွမ်းနယ်ပြီး Energy ကျနေတဲ့ အချိန်ပါ။ ဒီလိုပင်ပန်းနွမ်းနယ်စွာ တစ်နေတာကို ဖြတ်သန်းထားရတဲ့အတွက် ချစ်တင်းနှော ဖို့ကို စိတ်မပါတော့ပဲ ခြေကုန်လက်ပမ်းကျ နေတက်ပါတယ်။ ဒါကြောင့် စွမ်းအင်ပြည့်ဝပြီး အားပြည့်လန်းဆန်းတဲ့ မနက်အိပ်ရာနိုးချိန်ကို ပြောင်းပြီး လိင်ကိစ္စ လုပ်ဆောင်ကြည့်ပါ။ ချစ်တင်းနှောပြီးနောက်မှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပြီး တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်းနိုင်ပါလိမ့်မယ်။

Source : Lifehacker

Featured Photo : Healthline