အမျိုးသားတိုင်း ချစ်တင်းမနှော ခင်မှာ သူတို့ကိုယ် သူတို့ပဲဖြစ်ဖြစ်၊ ဘော်ဒါ အချင်းချင်းကြားမှာပဲဖြစ်ဖြစ် မေး လေ့ရှိတဲ့ မေးခွန်းအချို့ရှိပါတယ်။ ထိုမေးခွန်းများရဲ့ အဖြေကို ချက်ကျ လက်ကျ သိထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးအခြေအနေက စိတ်ပူစရာမလိုတော့ပါဘူး။

(၁) ဘယ်အရာတွေက ချစ်တင်းနှော ချင်စိတ်ကို ပျောက်ဆုံးစေတာလဲ

couple

ချစ်တင်းနှော ချင်စိတ် ပျောက်ဆုံးသွားခြင်းသည် လျစ်လျူရှု မထားသင့်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ အသက် ၃၀ ကျော် (သို့) ၄၀ ကျော် အမျိုးသားတွေဆီမှာလည်း ဒီလိုမျိုး ချစ်တင်းနှော ချင်စိတ် ပျောက်ဆုံးသွားတတ်တဲ့ အဖြစ်မျိုး ကြုံတွေ့ရတတ်ပါတယ်။ ဘာ့ကြောင့် ဒီလိုမျိုး ချစ်တင်းနှော ချင်စိတ် ပျောက်သွားတတ်ရသလဲဆိုတော့ …

စိတ်ဖိစီးနေလို့ (သို့) စိတ်ကျရောဂါ ခံစားနေရလို့ (သို့) နှလုံးရောဂါ၊ ဆီးချိုးရောဂါ၊ ဆီးကျိတ် ကင်ဆာ အစရှိတဲ့ ရောဂါများကို ခံစားနေရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေကို ကုသဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဆရာဝန်ထံမှာ ကုသမှု ခံယူခြင်းပဲဖြစ်ပါတဘ်။

(၂) ဘယ်အချိန်မှာ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သလဲ

STI test

ကွီးတို့က ကွီးတို့ရဲ့ ရှော်တီလေးနဲ့ မကြာခဏဆိုသလို ချစ်တင်းနှောလေ့ ရှိတယ်ဆိုရင်တော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများအတွက် ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် ခံယူဖို့ လိုအပ်ပါတယ်။ အချို့ ရောဂါ လက္ခဏာများက ချက်ချင်း ပြသလေ့ မရှိပါဘူး။ အချိန်အတော်ကြာမှ လက္ခဏာ ပြတာပါ။ ဥပမာ ကာလသားရောဂါဆိုရင် ၃ ပတ်ကျော်ကြာမှ လက္ခဏာ ပြတတ်ပြီး HIV ကတော့ ၂ ပတ် (သို့) ၄ ပတ်ကြာမှ လက္ခဏာ ပြတတ်ပါတယ်။ ခလိုင်မီးဒီးယား ကတော့ ၁ ပတ် (သို့) ၃ ပတ်ကြာမှ လက္ခဏာ ပြတာပါ။

(၃) ဆီးကျိတ်ကင်ဆာက ဘယ်အသက်အရွယ်မှာ အဖြစ်များတတ်သလဲ

ချစ်တင်းမနှော မေး

ဆီးကျိတ်ကင်ဆာ ရောဂါ မဖြစ်ပွားဖို့ရန်အတွက်လည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသား ၈ ယောက်မှ ၁ ယောက်က ဆီးကျိတ်ကင်ဆာရောဂါကို ခံစားရတယ်လို့ လေ့လာ တွေ့ရှိချက်များအရ သိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ထိုရောဂါကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။

(၄) ညီလေး နာကျင်ခြင်းက စိုးရိမ်စရာရှိလား

ချစ်တင်းမနှော မေး

ညီလေး နာကျင်ခြင်းက ကွီးတို့ ညီလေး နိုးကြား ထောင်မတ်နေချိန်မှာ အဖြစ်များတတ်သလို ကွီးတို့ ချစ်တင်းနှော နေစဥ်အတွင်းမှာလည်း အဖြစ်များတတ်ပါတယ်။ သို့သော် ဘာ့ကြောင့် ညီလေး နာကျင်ရသလဲဆိုတဲ့ အကြောင်းအရင်းကတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။ သည်းခြေ ကျောက်တည်ခြင်းကြောင့်လည်း ဖြစ်နိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကွီးတို့ရဲ့ ညီလေးက ကျိုးသွားလို့လည်း ဖြစ်နိုင်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်လွန်းလှတယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။

(၅) ဘာလို့ မကြာခဏ ဆိုသလို အပေါ့သွားနေရသလဲ

ချစ်တင်းမနှော မေး

ကွီးတို့က မကြာခဏ ဆီးသွားရင်ပဲဖြစ်ဖြစ် ဆီးက မကုန်ဘဲ တစ်စက်စက် ကျနေတတ်တဲ့ အဖြစ်မျိုး ကြုံတွေ့ဖူးပါသလား။ ဒါသည် တက်ကြွလွန်းတဲ့ ဆီးအိတ်ကြောင့် ဖြစ်နိုင်ပါတယ်။​ ဆီးအိတ် ကြွက်သားက မကြာခဏ ကျုံ့ကြွရတာ များလာတဲ့အခါမှာ အပေါ့ခဏ ခဏ သွားချင်တာမျိုး၊ ဆီးစက် မကုန်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

ကွီးတို့ရော ချစ်တင်းမနှော ခင်မှာ ဘယ်လိုမျိုး မေး ခွန်းတွေကို ကြံကြံဖန်ဖန် မေးလေ့ရှိပါသလဲ။

Source: Paramountmensmedical

Featured Image: Freepik