အိမ်ထောင်ရေးဆိုတာ တစ်သက်လုံး တည်တံ့ခိုင်မြဲဖို့ နှစ်ဦးနှစ်ဖက် ကြိုးစားကြရတဲ့ အရာပါ။ ယောက်ျားလေးတွေရော မိန်းကလေးတွေ အနေနဲ့ပါ ဘဝအနိမ့်အမြင့်အတက်အကျတွေကို ကျော်ဖြတ်နိုင်ပြီး အတူတူတိုးတက် အောင်မြင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဘက်မှာ ဘဝလက် တွဲ ဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် အရည်အချင်းတွေရှိနေဖို့ အရမ်းအရေးကြီးပါတယ်။ အခုပြောပြပေးမှာက ကွီးတို့ အနေနဲ့ ဆွဲဆောင်မှုရှိတာတွေ ၊ ရုပ်ပိုင်းဆိုင်ရာ ချောမောလှပတာမျိုးတွေ မဟုတ်ဘဲ ဒီလိုအချက်တွေရှိနေတဲ့ မိန်းကလေး တစ်ယောက်နဲ့ ချစ်သူ တော်ထားဆိုရင် သူမကို ကွီးတို့ လုံးဝလက်မလွှတ် လိုက်ဖို့အတွက် ပြောချင်ပါတယ်။
(၁) အမှီအခိုကင်းတယ်

Photo : iStock
အမှီအခိုကင်းတဲ့ မိန်းကလေး တစ်ယောက်က သူတို့ကို ပျော်ရွှင်စေဖို့ တခြားသူတွေကို ဘယ်တော့မှ အားကိုးမှာ မဟုတ်ပါဘူး။ သူတို့က လို အပ်တယ်ဆိုတာထက် သူတို့တကယ်ချစ်တဲ့သူကိုပဲ လက်တွဲဖို့ ရွေးချယ်လေ့ ရှိကြပါတယ်။ ကိုယ့်ကိုတချိန်လုံး တွယ်ကပ်နေမှာ မဟုတ်သလို အမြဲဂရုစိုက်ခံရဖို့လည်း လုပ်နေမှာမဟုတ်ပါဘူး။ အမှီအခိုကင်းတဲ့ မိန်းကလေးတွေက သန်မာကြသလို ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီးတော့ ကွီးတို့ သူတို့အနားမှာနေတဲ့အခါ အမြဲပျော်ရွှင်နေအောင် လုပ်နိုင်စွမ်း ရှိကြပါတယ်။
(၂) စိတ်ခံစားချက်တွေကို ထိန်းနိုင်တယ်

Photo : iStock
စိတ်ခံစားချက်ကို ထိန်းနိုင်တဲ့ မိန်းကလေး တွေက အသေးအမွှား ကိစ္စတိုင်းကို မကျေမနပ်ဖြစ်နေတာ ၊ စိတ်ဖိစီးနေတာတွေ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က လုံးဝစိတ်မဆိုးတတ်ကြဘူးလို့ ပြောတာမဟုတ်ဘဲ သူတိုရဲ့ ခံစားချက်တွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ကြ သူတွေလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးတွေက အကောင်းမြင်ပြီး လက်တွေ့ဆန်တဲ့ သဘောထားရှိသလို တခြားသူတွေရဲ့ အမြင်ကိုလည်း ထည့်သွင်း စဉ်းစားပေးတတ်ကြတဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်။
(၃) စဉ်းစားတွေးခေါ် တတ်တယ်

Photo : iStock
စဉ်းစားတွေးခေါ်တတ်တဲ့ မိန်းကလေးတွေက ကိုယ့်အတွက်သာမက အခြားသူတွေအတွက်ပါ စဉ်းစားတွေးခေါ် ပေးတတ် သူတွေဖြစ်ကြပါတယ်။ သက်တူရွယ်တူ သူငယ်ချင်းတွေကနေ မိဘတွေအထိ သူတိုရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ လူတွေအပေါ် ဘယ်လို ပေါင်းသင်းဆက်ဆံသလဲဆိုတာကို လေ့လာကြည့်ပါ။ တကယ်လို့ ကွီးတို့မှာ မိသားစုကို ကောင်းကောင်းဆက်ဆံတတ်သလို အသိမိတ်ဆွေတွေနဲ့ သူစိမ်းတွေကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ပြောဆိုဆက်ဆံတတ်တဲ့ ချစ်သူ မိန်းကလေး မျိုး ရှိတယ်ဆိုရင် သူမကို အလေးထား ဂရုစိုက်ပေးသင့်ပါတယ်။
(၄) ဖေးမကူညီ တတ်တယ်

Photo : iStock
လက်တွဲဖော်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေကို ပံ့ပိုးပေးတတ်တဲ့ ပါတနာမိန်းကလေးတွေက ကွီးတိုရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အားပေးကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်အကြောင်း စိတ်ဝင်စားပြီးတော့ ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာ နားထောင်ပေးတတ်ကြသလို ကိုယ့်ကိုဘယ်လို ကူညီပံ့ပိုးပေးရမလဲဆိုတာ အမြဲတွေးနေတက်ကြ သူတွေပါ။ ဒီလို လက်တွဲဖော်မိန်းကလေးတွေက ကွီးတိုရဲ့ ဘဝကို အများကြီးပြောင်းလဲသွားစေနိုင်တဲ့ Wonder Women တွေဆိုရင် မမှားပါဘူး။
(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်
Photo : iStock
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေဟာ သူတိုရဲ့ လက်တွဲဖော်က သူတို့ထက် သာသွားမှာဆိုးတာ ၊ ကိုယ့်ရဲ့ အောင်မြင်မှုကို မနာလိုတာမျိုး မရှိတတ်ကြပါဘူး။ သူတို့က သူတို့ရဲ့ အားသာချက်တွေကို သိသလို တခြားသူတွေ လိုအပ်တာကိုလည်း ပံ့ပိုးကူညီပေးတတ်တဲ့သူတွေပါ။ မှန်ကန်တဲ့လက်တွဲဖော်ကို ရွေးချယ်တာက ရေရှည်အတွက် ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။
တကယ်လို့ ကွီး တို့မှာ အပေါ်ကပြောထားတဲ့ အချက်တွေထဲက ၁ ချက် မဟုတ် ၁ချက် ရှိနေတဲ့ ဒါမှမဟုတ် တော်တော်များများကိုက်ညီနေတဲ့ ချစ်သူ မိန်းကလေး မျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သူမကို လုံးဝလက်မလွှတ်လိုက်ဖို့ အကြံပေးချင်ပါတယ်ဗျ။
Featured Photo : Shutterstock

