ချစ်ရတဲ့ အမျိုးသမီးလေးနဲ့ အမှတ်တရဖြစ်ဖွယ် ညခင်း Dinner Date လေးတစ်ခု ဖန်တီးတော့မယ်ဆိုရင် ကွီးတို့အနေနဲ့ ကြိုတင်ပြင်ဆင် ထားရမယ့် အရာလေးတွေ ရှိပါတယ်။ ကွီးတို့ရဲ့ ကြိုတင်ပြင်ဆင်မှုလေးတွေကပဲ ချစ်သူလေးရဲ့ အထင်ကြီးလေးစားမှုကို ရစေမှာဖြစ်သလို Dinner Date လေးကိုလည်း ကသောင်းကနင်းမရှိ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးဆုံးစေမှာပါ။ ဆိုတော့ ချစ်သူလေးနဲ့ ညခင်း Dinner Date လေးမလုပ်ခင် ဘာတွေ သိထားရမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါဦး။

(၁) နေရာရွေးချယ်ပါ

Dinner Date

Photo : MyLondon

ဒါကတော့ ပထမဦးဆုံး စဉ်းစားရမယ့် အချက်ပါပဲ။ ညခင်း Date လေးကို ဘယ်နေရာ ၊ ဘယ်ဆိုင်မှာ လုပ်မှာလဲ ၊ Rooftop Bar လား ၊ European Food တွေရတဲ့ Restaurant လား ဒါမှမဟုတ် Asian အစားအစာတွေရတဲ့ စားသောက်ဆိုင်တစ်ခုခုလား စသည်ဖြင့် ချစ်သူလေး ဘာကြိုက်တက်လဲ ၊ ဘယ်နေရာကတော့ ကွီးတို့ရဲ့ ဒိတ်လုပ်မယ့် ညခင်းလေးအတွက် ပြီးပြည့်စုံမှုပေးနိုင်မလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး ရွေးချယ်ဖို့ လိုပါတယ်။

(၂) Reservation လုပ်ထားပါ

Dinner Date

Photo : Vecteezy

ဆိုင်နေရာ ရွေးချယ်ပြီးပြီဆိုရင် နောက်တဆင့်က ကွီးတို့ သွားမယ့်ဆိုင်ကို ကြိုတင်ဖုန်းဆက်ပြီး Table Reservation လုပ်ထားရပါမယ်။ ဒါမှသာ ကွီးတို့ ရောက်ချိန်မှာ နေရာထိုင်ခင်းက ရယ်ဒီဖြစ်နေမှာဖြစ်ပြီး စောင့်ဆိုင်းရတာ ၊ ဝိုင်းမရတဲ့ ပြဿနာတွေ မရှိတော့မှာပါ။ နောက်ပြီး ဒါက ချစ်သူလေးနဲ့  ဒိတ်လုပ်ဖို့ ကွီးတို့ဘက်က စိတ်အားထက်သန်မှု အပြည့်ရှိတယ်ဆိုတာကို ဖော်ပြပေးရုံမက သူမအပေါ် ဂရုတစိုက်နဲ့ ကြိုတင်စီစဉ်ပေးတယ်ဆိုတာကိုလည်း ဖော်ပြရာ ရောက်ပါတယ်။

(၃) ကြိုရောက်နေပါ

Dinner Date

Photo : The Giftya Blog

ညခင်း Date လေးမှာ ချစ်သူလေး စိတ်မရှုပ်ရစေဖို့ ကွီးတို့က အချိန်ကို လေးစားပေးရပါမယ်။ တွေ့ဆုံဖို့ ချိန်းဆိုထားတဲ့ နေရာကို သတ်မှတ်ချိန်မတိုင်မီ ၁၅ မိနစ်လောက် ကြိုတင်ရောက်ရှိနေတာ အကောင်းဆုံးပါ။ ချစ်သူလေးကို စောင့်ဆိုင်းရစေတာမျိုး လုံးဝမဖြစ်ပါစေနဲ့။ အချိန်ကအရေးကြီးပါတယ်။

(၄) လက်ဆောင် ပြင်ဆင်သွားပါ

Dinner Date

Photo : Cape Tourism

ချစ်သူလေးဆီကနေ အမှတ်ပိုရချင်ရင်တော့ သူမအတွက် Surprise ဖြစ်စေမယ့် လက်ဆောင်လေးတစ်ခုခုကို ပြင်ဆင်သွားသင့်ပါတယ်။ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေမှ မဟုတ်ပါဘူး။ သူမအနှစ်သက်ဆုံး ပန်စည်းလေးတစ်ခု ၊ နှင်းဆီပန်းလေး တစ်ပွင့်ကလည်း ကွီးတို့အပေါ် အမှတ်ကောင်းကောင်း ရစေမှာပါ။ အဓိက သူမအတွက် အံ့သြစရာလေးတွေ ဖန်တီးပေးတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းဖို့ပါပဲ။

(၅) သပ်သပ်ရပ်ရပ် ဝတ်သွားပါ

Dinner Date

Photo : London TV

ဒီအချက်ကိုလည်း လုံးဝမေ့ထားလို့ မရပါဘူး။ ချစ်သူလေးနဲ့ ညခင်း Dinner Date လေးမှာ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုပိုင်းက အရမ်းကြီး လန်ပြန်ထွက် မနေရင်တောင် အနည်းဆုံး သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်သွားဖို့ အရေးကြီးပါတယ်။ ကွီးတို့ သွားမယ့်နေရာပေါ်မူတည်ပြီး အဝတ်အစားကို လိုက်ဖက်မှုရှိရှိ ရွေးချယ်ဝတ်ဆင် သွားပါ။ အမှတ်တရ ညခင်လေးမှာ ချစ်သူလေးရဲ့ ရင်ခုန်သံ စည်းချက်တွေ မြန်လာစေဖို့ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုကလည်း တစိတ်တပိုင်း အရေးပါတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

Source : Beauty Hub

Featured Photo : Two Drifters