လူတိုင်းက ဘဝမှာ ချမ်းသာချင်လားမေးရင်း ယေဘုယျအားဖြင့်တော့ Yes လို့ ဖြေမယ့်သူက ၁၀၀ မှာ ၉၉ ယောက်ရှိပါတယ်။ ဒေါ်လာတစ် သန်းတန် ထီဆုကြီး ပေါက်တာ ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်လိုတာက လူအများစုအတွက် ကြီးမာတဲ့ စိတ်ကူးအိပ်မက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ တချို့သူတွေကတော့ ချမ်းသာခြင်းကို အဆိုးရွားဆုံးကြီး အိပ်မက်ဆိုး တစ်ခုလို့ မှတ်ယူ ထားကြသူတွေလည်း ရှိပါတယ်။ ဒါဟာ ဘာဖြစ်လို့ပါလဲ။ ဘဝမှာ စည်းစိမ်တိုးပြီး ချမ်းသာ ကြွယ်ဝလာမှာကို ကြောက်ကြတဲ့ လူတွေရဲ့ အံ့ဩသင့်စရာ အကြောင်းပြချက် ၅ ခုကို ပြောပြပေးချင်ပါတယ်။

(၁) လုံခြုံရေးနဲ့ သူခိုးဓားမြတွေရန်ကို ကြောက်လို့


Photo : Fort Worth Criminal Defense Attorney

ပိုက်ဆံများများရှိလာလေ ပြဿနာပိုများလေဆိုတဲ့ ရှေးဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဒီပြဿနာတွေထဲမှာ လုံခြုံရေးနဲ့ သူခိုးဓားမြတွေရန်ကလည်း တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ချမ်းသာမှာ ကြောက်ကြသူတွေဟာ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှု အကြောင်း လူတွေပိုသိလေလေ ၊ လု ယက်မှု ဒါမှမဟုတ် ခိုးဝှက်မှုနဲ့ လုံခြုံရေးဆိုင်ရာကို ထိပါးတိုက်ခိုက်လာဖို့ အခွင့်အရေးပိုများလေလို့ သတ်မှတ်ထားကြပါသတဲ့။ ဒီအချက်ကြောင့်ဘဲ ချမ်းသာမှာကို ကြောက်ကြတယ်လို့ ဆိုထားကြပါတယ်။

(၂) အလုပ်တွေ ပိုမလုပ်ချင်လို့


Photo : Medical News Today

ဝင်ငွေများများရချင်ရင် တခြားသူတွေထက် အလုပ်ပိုပြီး ကြိုးကြိုးစားစား လုပ်ရမှာ အသေအချာပါပဲ။ အလုပ်ပိုကြိုးစားတယ်ဆိုတာက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ လူတော်တော်များများက သူတို့ကို ပုံမှန်လစာတစ်ခုပေးနေတဲ့ 9 To 5 အလုပ်တစ်ခုရှိရုံနဲ့ ရောင့်ရဲ့ ကျေနပ်နေတက်ကြပါတယ်။ စွန့်စားမှု ၊ စိန်ခေါ်မှုတွေနဲ့ ကြီးပွားချမ်းသာတဲ့ လူတစ်ယောက်ဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ရတာတွေ မလုပ်ချင်ကြပါဘူး။ နောက်ထပ် ကိုယ်လုပ်နိုင်တာထပ်ပိုတိုးပြီး မကြိုးစားချင်တဲ့ စိတ်ကြောင့်ဘဲ အောင်မြင် ချမ်းသာ ဖို့ကို အဟန့်အတားဖြစ်နေစေတာ ဖြစ်ပါတယ်။

(၃) အတုအယောင် ဆက်ဆံရေးတွေ မလိုချင်လို့


Photo : Promises Behavioral Health

လူတစ်ယောက် မချမ်းသာချင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ငွေမျက်နှာကြောင့် ပေါင်းသင်းလာမယ့် အတုအယောင် ဆက်ဆံရေးတွေကို မလိုချင်တာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကိုယ့်ကို ခင်မင်တာထက် ကိုယ့်ရဲ့ ကြွယ်ဝချမ်းသာမှုကို စိတ်ဝင်စားလို့ ပေါင်းသင်းကြတဲ့ အတုအယောင်မိတ်ဆွေ ၊ ချစ်သူရည်းစား ဆက်ဆံရေးတွေ နဲ့ ဆွေးမျိုးတွေရဲ့ အပေါ်ယံ ဆက်ဆံရေးတွေကို မလိုချင်လို့ ချမ်းသာဖို့ ကြောက်ကြတာလို့ ဆိုကြပါတယ်။

(၄) ချမ်းသာမှုနဲ့ လိုက်ရောညီထွေ မနေထိုင်ချင်လို့


Photo : Vocal

လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်အလိုက် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို လိုက်ရောညီထွေ ဖြစ်အောင် နေကြရပါတယ်။ ချမ်းသာ တဲ့ လူမှု့အသိုင်း အဝိုင်းမှာ ကျင်လည်ရမယ့်သူတစ်ယောက်အတွက် ပတ်ဝန်းကျင်တဲ့ ကိုက်ညီတဲ့ အဆင့်အတန်းမြင့်တဲ့ အဝတ်အစား ၊ အသုံးအဆောင်တွေ ပြောင်းလဲ ဝတ်ဆင်ဖို့ လိုလာပါတယ်။ တချို့သူတွေအတွက်တော့ ဒါဟာ ပြဿနာတစ်ခုပါပဲ။ တောက်ပြောင်တဲ့ အဝတ်အစားတွေ ၊ အသုံးအ ဆောင်တွေနဲ့ ဟိတ်ဟန်ကြီးတဲ့ လူမှု့အသိုင်းအဝိုင်းကြားမှာ ရှင်သန်နေထိုင်ရတာဟာ အသက်ရှုကျပ်တယ်လို့ ခံယူထားသူတွေ ရှိပါတယ်။ ဘဝကို ရိုးရိုးရှင်းရှင်းဘဲ ဖြတ်သန်းလိုသူတွေအတွက်တော့ ချမ်းသာတဲ့အသိုင်းအဝိုင်းကြီးတွေမှာ မရှင်သန်ချင်သလို ချမ်းသာအောင် လုပ်ဖို့လည်း စိတ်မဝင်စားကြပါဘူး။

(၅) ရန်သူတွေ ပိုများလာမှာ မလိုချင်လို့


Photo : LinkedIn

ကိုယ့်နဲ့ တန်းတူ အနေအထားမှာရှိတဲ့ လူတစ်ယောက်က ကိုယ့်ထက်သာလွန်ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်သွားတဲ့အခါ မုဒိတာပွားနိုင်သူထက် မနာလိုသူ အရေအတွက်က ပိုများပါတယ်။ ဒါဟာ လူ့သဘောသဘာဝပါပဲ။ ကိုယ့်ရဲ့ ကြွယ်ဝချမ်းသာမှုကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရန်ပြုတာ ၊ မကောင်းတဲ့ အကြံအစည်တွေနဲ့ ကျရှုံးအောင် လုပ်ချင်ကြတဲ့ သူတွေလည်း ရှိလာတက်ပါတယ်။ တချို့ကတော့ ဒီလို မကောင်းကြံရန်လိုမှုတွေ ၊ မိတ်ဆွေ အရင်းတွေရဲ့ နောက်ကျော ဓားထိုးမှုတွေကို မလိုချင်တဲ့အတွက် ချမ်းသာဖို့ကို ကြောက်ရွံ့ကြတယ်လို့ ပြောကြပါတယ်။

ကွီးတို့ရော အခုပြောပြခဲ့တဲ့ အချက်တွေထဲကလို ချမ်းသာမှုကို မလိုချင်တဲ့ သူတစ်ယောက်လား။ ဒါမှမဟုတ် ဒီအချက်တွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ပြီး ချမ်းသာ အောင် ကြိုးစားသွားမယ့် သူတစ်ယောက်လားဆိုတာ ကွန်းမန့်မှာ ကိုယ့်ရဲ့ ခံယူချက် သဘောထားကို မျှဝေပေးခဲ့ပါဦး။

Featured Photo : Prabhudas Lilladher