ချိုင်းချွေးနံ့ပြင်း လို့ ကြံရာမရဖြစ်နေကာ စိတ်ညစ်နေရတဲ့ ကွီး တို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်း များဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာစေမှာပဲ ဖြစ်ပါတယ်။

နည်းလမ်းကောင်းတွေကို မဝေမျှခင်မှာ ဘာ့ကြောင့် ချိုင်းချွေးနံ့ပြင်း ရသလဲလို့ အကြောင်းအရင်းရှာဖွေနေတဲ့ ကွီး တို့အတွက် ရှောင်ရှားသင့်တဲ့ အချက်များကို အရင်ဆုံး ဝေမျှပေးချင်ပါတယ်၊ ပြီးမှ နည်းလမ်းကောင်း တွေကို ဖော်ပြပေးမှာပါ။

ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းကြောင့် ချွေးထွက်တဲ့အခါ အရေပြားပေါ်ရှိ ဘက်တီးရီးယားများက ချွေးနှင့် ဓာတ်ပြုတဲ့ခါ ချွေးနံ့များ ပြင်းထန်လာရခြင်း ဖြစ်ပါတယ်။ မိမိစားသုံးတဲ့ အစားအစာများကြောင့်သော်လည်းကောင်း၊ ကျန်းမာရေး ပြဿနာ (သို့) အစာအိမ်ကျန်းမာရေးကြောင့်လည်း ချိုင်းချွေးနံ့များ ပြင်းထန်လာနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ပန်းသီးရှာလကာရည် အသုံးပြုပါ

ချိုင်းချွေးနံ့ပြင်း ကွီး နည်းလမ်းကောင်း

ပန်းသီးရှာလကာရည်သည် သဘာဝအားဖြင့် အက်ဆစ်ဓာတ်များပြီး ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးနိုင်ပါတယ်။

အရင်ဦးဆုံး ဝါဂွမ်းစကို ပန်းသီးရှာလကာရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ချိုင်းကြားနေရာတစ်ဝိုက်မှာ ပွတ်တိုက်ပေးလိုက်ပါ။ တစ်နေ့လျှင် နှစ်ကြိမ် ပွတ်တိုက်ပေးရင်လုံလောက်ပါပြီ။ ရက်အနည်းငယ်ကြာတဲ့အခါ ချိုင်းချွေးနံ့ ပြင်းလွန်းတဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

သံပုယိုရည် အသုံးပြုပါ

ချိုင်းချွေးနံ့ပြင်း ကွီး နည်းလမ်းကောင်း

သံပုယိုရည်သည်လည်း အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ အိမ်တွင်းဆေးနည်းတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရနံ့ပြင်းခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ သူသည် အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးမှာဖြစ်ပြီး ဘက်တီးရီးယားများ ကိန်းအောင်းမနေအောင် ကူညီပေးပါတယ်။

သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းကြားမှာ ပွတ်တိုက်ပေးလိုက်ပါ။ တစ်ရက်လျှင် တစ်ကြိမ်ခန့် ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့သည်အထိ ပွတ်တိုက်ပေးလိုက်ပါ။ တကယ်လို့ သင့်မှာ Sensitive အသားအရေမျိုးရှိတယ်ဆိုရင်တော့ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်လိုက်ပါ။ ထို့နောက် ရေ ဖန်ခွက်တစ်ဝက်ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ပြီးမှ ချိုင်းကြားမှာ ပွတ်တိုက်ပေးလိုက်ရုံပါပဲ။

တစ်ခုသတိထားရမယ့်အချက်ကတော့ ပန်းသီးရှာလကာရည်တို့ သံပုယိုရည်တို့သည် အက်ဆစ်ဓာတ်ပြင်းသောအရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အမွှေးအမျှင် ရိတ်ပြီးတဲ့အချိန်မှာ ပွတ်တိုက်ပေးခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ချိုင်းချွေးနံ့ပြင်း ကွီး နည်းလမ်းကောင်း

ယခုဖော်ပြသွားတဲ့ အိမ်တွင်းနည်းလမ်းလေးတွေက အသုံးတည့်တဲ့အပြင် လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ချိုင်းချွေးနံ့ပြင်း လို့ စိတ်ညစ်နေရတဲ့ ကွီး တို့အားလုံးအတွက် နေ့စဉ်အသုံးပြုသင့်တဲ့ နည်းလမ်းကောင်း များပဲဖြစ်ပါတယ်။

ထိုနည်းလမ်းကောင်းများကို ကျင့်သုံးကြည့်ပြီးနောက် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်မယ်၊ ရေမှန်မှန်ချိုးပေးမယ်၊ အဝတ်အစားများကို မလျော်ရသေးဘဲ ထပ်တလဲလဲ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်မယ်ဆိုရင်တော့ ချွေးနံ့ပြင်းတဲ့ ပြဿနာကို အပြီးတိုင်ဖြေရှာင်းနိုင်မှာပဲဖြစ်ပါတယ်။

Source: Thompsontee

Featured Image: Mensxp