ခြေထောက်တက်တူး ဒီဇိုင်းများသည် ကမ္ဘာတစ်လွှားရှိ ကွီး တို့ကြားမှာ ရေပန်းစားတဲ့တက်တူးတစ်ခုပဲဖြစ်ပါတယ်။ ခြေထောက်တက်တူး ထိုးရတာ ဝါသနာပါတဲ့ ကွီး တွေရှိသလို ကျောပြင်ပေါ်မှာ (သို့) လက်ပေါ်မှာ တက်တူးထိုးရတာ ဝါသနာပါသူလည်း ရှိကြပါတယ်။

တကယ်လို့ သင်သည် ခြေထောက်တက်တူး ထိုးရတာ စိတ်ဝင်စားတဲ့ ကွီး တစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။

ကိုယ့်ခြေထောက်ပေါ်မှာ ဘယ်လိုတက်တူးများ ထိုးပြီး နေရာပေးရမလဲဆိုတာ ကြံရခက်နေတယ်ဆိုရင် အခုဖော်ပြပေးမယ့် အလန်းစားအိုင်ဒီယာများကို မှီငြမ်းနိုင်ပါတယ်။

ရိုးရာတက်တူး

leg tattoos for kwee

ဒီတက်တူးကတော့ Pattern တွေနဲ့ သေသေချာချာဆွဲထားတဲ့ အနောက်တိုင်းရိုးရာတက်တူးတစ်ခုဖြစ်ပါတယ်။ ပေါင်နှင့် ခြေသလုံးပေါ်မှာ အသားပေးကာ ရေးထိုးထားရမှာဖြစ်ပါတယ်။

နဂါးပုံတက်တူး

leg tattoos for kwee

နဂါးပုံတက်တူးများကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတက်တူးကတော့ ယောကျာ်းပီသမှုကို အပြည့်အဝ ခံစားရရှိစေမှာပါ။

ဂျပန်ရိုးရာတက်တူး

leg tattoos for kwee

ဒီတက်တူးကတော့ ဂျပန်နိုင်ငံမှာ ပေါ်ပြူလာဖြစ်တဲ့ ရိုးရာတက်တူးတစ်ခုဖြစ်ပါတယ်။

တက်တူးအသေးစား

leg tattoos for kwee

ခြေကျင်းဝတ်နားမှာ ရေးထိုးနိုင်တဲ့တက်တူးအသေးစားတစ်ခုဖြစ်ပါတယ်။ တက်တူးအကြီး မထိုးရဲသေးဘူးဆိုရင်တော့ ဒီလိုတက်တူးအသေးစားကို အစမ်း ထိုးနိုင်ပါတယ်။

Maori ရိုးရာတက်တူး

leg tattoos for kwee

Maori ရိုးရာတက်တူးဆိုတာကတော့ ဟာဝိုင်ရီရိုးရာတက်တူးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ Maori လူမျိုးများသည် သူတို့ရိုးရာတက်တူးကို ခြေသလုံးနဲ့ ပေါင်ပေါ်မှာ ရေးထိုးထားခြင်းအားဖြင့် ဂုဏ်ယူဝင့်ကြွားလေ့ရှိကြပါတယ်။

ဒူးခေါင်းနှင့် ညိုသကြီးပေါ်မှာ ထိုးထားတဲ့တက်တူး

ခြေထောက်တက်တူး ကွီး

ထိုနေရာတစ်ဝိုက်သည် ကြွက်သားနည်းတ့ နေရာဖြစ်တဲ့အတွက်ကြောင့် နာကျင်မှုကို ပိုမိုခံစားရနိုင်ပါတယ်။

ခြင်္သေ့ပုံတက်တူး

ခြေထောက်တက်တူး ကွီး

ရဲစွမ်းသတ္တိရှိမှုကို ပြသချင်တဲ့ကွီးတို့အတွက်တော့ ခြင်္သေ့ပုံတက်တူးလေးက အသင့်တော်ဆုံးပါပဲ။

ကိုယ်နှစ်သက်ရာ စာသားတစ်ခုခု ရွေးချယ်ကာ ရေးထိုးထားတဲ့ တက်တူး

ခြေထောက်တက်တူး ကွီး

ကွီးတို့အနေနဲ့ ကိုယ် တန်ဖိုးထားရသူနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ခုခု၊ နာမည် (သို့) ရက်စွဲ စတာတွေကို ရေးထိုးနိုင်သလို ကိုယ့်အတွက် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးမယ့် စာသားတစ်ခုခု ရွေးချယ်ကာ တ်ကတူးရေးထိုးနိုင်ပါသေးတယ်။

ရိုးရိုးရှင်းရှင်းတက်တူး

ခြေထောက်တက်တူး ကွီး

အရိုးရှင်းဆုံးက အလှပဆုံးဆိုတာကို ဖော်ပြနေတဲ့ တက်တူးအိုင်ဒီယာလေးပဲဖြစ်ပါတယ်။

လိပ်ပြာပုံတက်တူး

ခြေထောက်တက်တူး ကွီး

လိပ်ပြာပုံတက်တူး အိုင်ဒီယာလေးသည်လည်း လှပတဲ့အနုပညာတစ်ရပ်ဖြစ်တာကြောင့် လှပတဲ့တက်တူးမျိုးကို ထိုးချင်တဲ့ကွီးတို့အတွက် ဦးစားပေးရွေးချယ်သင့်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ခြေထောက်တက်တူးဒီဇိုင်းလေးတွေကို တက်တူးချစ်သူ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Thetrendspotter

Featured Image: Thetrendspotter.net