မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းသည် ကွီးတို့ကို ဆွဲဆောင်မှု မြင့်မားစေပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိမှသာလျှင် ဘယ်နေရာသွားသွား ကွီးတို့သည် ပွဲလယ်တင့်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ခြေလှမ်း တိုင်းမှာ ယုံကြည်မှု အပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့ဆိုရင် ဘာလိုအပ်မယ်လို့ ထင်ပါသလဲ။

ကွီးတို့ရဲ့ ခြေလှမ်း တိုင်းမှာ ယုံကြည်မှု ရှိနေဖို့ဆိုရင် လိုနေတာက တစ်ခုတည်းပါ။ ထိုအရာကတော့ ကွီးတို့ရဲ့ ဖက်ရှင်နဲ့ လိုက်ဖက်တဲ့ ဖိနပ်တစ်ရံပါပဲ။ ကောင်းမွန်လှပတဲ့ ဖိနပ်တစ်ရံသည် ကွီးတို့ရဲ့ ဖက်ရှင်ကို ဆွဲဆောင်မှု တိုးလာစေပါတယ်။

ကွီးတို့မှာသာ အခုဖော်ပြသွားမယ့် ဖိနပ်အမျိုးအစား (၆) မျိုးလောက် ရှိထားတယ်ဆိုရင်တော့ ကွီးတို့သည် ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

အနက်ရောင်ရှူးဖိနပ်

အနက်ရောင်ရှူးဖိနပ်

အနက်ရောင်ဖြစ်တဲ့အတွက် မည်သည့်အဝတ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။ မင်္ဂလာဆောင်ပွဲအခမ်းအနားများ၊ မီတင်တက်တဲ့အခါ၊ လူကြီးလူကောင်းစတိုင်လ် ဝတ်ဆင်ဖို့ လိုအပ်လာတဲ့အခါ ဒီလို အနက်ရောင်ရှူးဖိနပ်များ လိုအပ်လာပါပြီ။ Formal ဆန်ဆန် ဝတ်ဆင်ဖို့ လိုအပ်လာတဲ့အခါမှာ ဒီလိုရှူးဖိနပ်လေးက အသင့်တော်ဆုံးပါပဲ။

အညိုရောင် ရှူးဖိနပ်

အညိုရောင် ရှူးဖိနပ်

အနက်ရောင် ရှူးဖိနပ်က မည်သည့်အဝတ်အစားနဲ့မဆို လိုက်ဖက်ပေမယ့် အရောင်ကတော့ ပေါ်လွင်မှာမဟုတ်ပါဘူး။ တကယ်လို့သာ ပေါ်လွင်တဲ့အရောင်မျိုး ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အညိုရောင်ရှူးဖိနပ်ကို ဝတ်ဆင်သင့်ပါတယ်။ အညိုရောင် ရှူးဖိနပ်ကို ဝတ်ဆင်မယ်ဆိုရင်တော့ ဘောင်းဘီ မီးခိုးရောင်၊ အပြာရောင်၊ Navy ပြာရောင်၊ ဖြူဖျော့ဖျော့အရောင် စသည်တို့နဲ့ လိုက်ဖက်ပါတယ်။

Chelsea ဘွတ်ဖိနပ်

ခြေလှမ်း ယုံကြည်မှု

Chelsea ဘွတ်ဖိနပ်ကျတော့ ကွီးတို့ကို လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းစေမယ့် ဖိနပ်အမျိုးအစားပဲ ဖြစ်ပါတယ်။ Chelsea ဘွတ်ဖိနပ်ရဲ့ အားသာချက်ကတော့ ရှူးဖိနပ်တွေလိုမျိုး ကြိုးတွေ မရှိတာပါပဲ။ ကြိုးချည်စရာမလိုတော့ အလုပ်ရှုပ်လည်း သက်သာပြီး ကွီးတို့ကို စတိုင်လ်ကျ လှပစေမှာပါ။

Chukka ဘွတ်ဖိနပ်

ခြေလှမ်း ယုံကြည်မှု

Chukka ဘွတ်ဖိနပ်ကတော့ Chelsea ဖိနပ်နှင့် Sneakers ဖိနပ်အမျိုးအစား နှစ်မျိုးကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ ကိုယ် သွားရမယ့်နေရာက ကြီးကျယ်ခမ်းနားတဲ့ ပွဲမျိုးလည်း မဟုတ်ဘူး၊ ပေါ့ပေါ့ပါးပါး ဝတ်သွားလို့ရတဲ့ ပွဲမျိုးလည်း မဟုတ်ဘူးဆိုရင်တော့ Chukka ဖိနပ်က အသင့်တော်ဆုံးပါပဲ။

Rugged ဘွတ်ဖိနပ်

ခြေလှမ်း ယုံကြည်မှု

အကြမ်းပတမ်း ခံတဲ့ ဖိနပ်မျိုး၊ အပေအတေခံတဲ့ ဖိနပ်မျိုး စီးဖို့ လိုအပ်လာပြီဆိုရင်တော့ Rugged ဘွတ်ဖိနပ်ကိုသာ အသင့်တော်ဆုံးပါ။ ဒီဖိနပ်မျိုးဆိုရင်တော့ ဂျင်းဘောင်းဘီ၊ ချည်သားဘောင်းဘီနှင့် စတိုင်လ် ဘောင်းဘီတို့နဲ့ လိုက်ဖက်ပါတယ်။

အဖြူရောင် Sneakers

ခြေလှမ်း ယုံကြည်မှု

ဒီဆောင်းပါးလေးကို ဖတ်နေတဲ့ ကွီးတို့အားလုံးဆီမှာ ဖြူဖြူသန့်သန့်နဲ့ သန့်ရှင်းလှပနေတဲ့ အဖြူရောင် Sneakers တစ်ရံ လိုအပ်ပါတယ်။ အဖြူရောင် Sneakers ဖိနပ်လေး မရှိသေးဘူးဆိုရင်တော့ တစ်ရံလောက်တော့ ဝယ်ထားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖိနပ်တစ်ရံဖြစ်တဲ့အတွက်ကြောင့် ကွီးတို့ကို ဖက်ရှင်ကျကနဲ့ ဆွဲဆောင်မှု တိုးစေမှာ အမှန်ပါပဲ။

ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ ဖိနပ်အမျိုးအစားတွေထဲက ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပါသဲ။

Source: Themanual

Featured Image: Lifestyleasia