ခြေထောက်နဲ့ ခြေသလုံး တက်တူး တွေဟာ ယောကျာ်းလေးအများစု ရေးထိုးလေ့ရှိကြတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားတွေ ကစလို့ နာမည်ကြီးအနုပညာရှင်တွေ ၊ ဖက်ရှင်ဒီဇိုင်နာတွေ စတဲ့ ကျော်ကြားသူတွေအထိ ခြေသလုံး တက်တူးတွေကို ခုန်မင်စွာ ရေးထိုးလေ့ရှိ ကြပါတယ်။ ခြေသလုံး တက်တူး တွေဟာ ပေါ်လွင်မှုရှိပြီး အထာကျတာကြောင့် ခြေထောက်နဲ့ ခြေသလုံး မှာ တက်တူး ရေးထိုးဖို့ စဉ်းစားနေတဲ့  ကွီးတို့ နမူနာယူနိုင်ဖို့ အမိုက်စား ခြေသလုံး တက်တူးဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ခြေထောက်အပြည့် တက်တူးဒီဇိုင်း

Photo : The Trend Spotter

ခြေကျင်းဝတ်ကနေ ပေါင်အထိ Full Leg တက်တူးဒီဇိုင်းတွေက ယောကျာ်းလေးတွေ အရမ်းကို အထိုးများပါတယ်။ ထင်ရှားပြီး ဆွဲဆောင်မှုအပြည့်နဲ့ ယောကျာ်းပီသတဲ့ စတိုင်မျိုးဖြစ်တာကြောင့် တက်တူးချစ်သူ ယောကျာ်းလေးအများစုရဲ့ စံပြရွေးချယ်မှု တစ်ခုလို့ ပြောနိုင်ပါတယ်။ ခြေထောက်အပြည့် တက်တူး ဒီဇိုင်းတွေက အချိန်လည်းပိုပေးရသလို ဈေးလည်းမြောက်ပေမယ့် တက်တူးပုံအပြည့် ရုပ်လုံးပေါ်လာချိန်မှာတော့ တကယ်ကို အချိန်ကုန် ငွေကုန်ရကျိုးနပ်တဲ့ ခံစားမှုမျိုးကို ရစေမှာ ဖြစ်ပါတယ်။

(၂) Tribal တက်တူးဒီဇိုင်း

Photo : The Trend Spotter

Tribal တက်တူးဒီဇိုင်းတွေကတော့ မှင်အနက်နဲ့ လိုင်းတွေ ၊ မျဉ်းကွေးတွေကို ပေါင်းစပ်ထားတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ Tribal တက်တူးဒီဇိုင်းတွေက များသေားအားဖြင့် ခြေထောက်ပေါ်မှာ ရေးထိုးလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိုင်းတွေ ၊ မျဉ်းတွေက ပေါင်နဲ့ ခြေသလုံး ကြွက်သားတွေကို ပေါ်လွင်စေပြီး ယောကျာ်းပီသမှုရဲ့ ပြရုဒ်တစ်ခု ဖြစ်တာကြောင့် ခြေထောက်နဲ့ ခြေသလုံး မှာ တက်တူး ထိုးဖို့ စဉ်းစားနေသူတွေ သေချာပေါက် ရွေးချယ်သင့်တဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၃) နဂါးပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

ရဲရင့်ပြီး စွမ်းအားကြီးတဲ့ နဂါးပုံတက်တူးဒီဇိုင်းတွေကလည်း တက်တူးချစ်သူတွေကြားမှာ ရေပန်းစားပါတယ်။ တရုတ်ရိုးရာ နဂါးပုံတက်တူး ဒီဇိုင်းနဲ့ ဂျပန်စတိုင် နဂါးပုံတက်တူးတွေ အထိုးများကြပြီး ဒဏ္ဍာရီလာသတ္တဝါတွေရဲ့ ပုံတွေဟာ လူ့အရေပြားပေါ်မှာ အလွန်ဆွဲဆောင်မှုရှိတဲ့ တက်တူးဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။ နဂါးပုံတက်တူးဒီဇိုင်း ရေးထိုးဖို့အတွက် ခြေကျင်းဝတ်ကနေ ပေါင်အထိ နေရာလုံလုံလောက်လောက်ရှိတာကြောင့် ခြေထောက်ပေါ်မှာ တက်တူးရေးထိုးမယ်ဆိုရင် အမိုက်စား ဒဏ္ဍာရီလာ နဂါးပုံတက်တူးဒီဇိုင်းတွေ ရေးထိုးဖို့ အကြံပြုချင်ပါတယ်။

(၄) ဂျပန်ရိုးရာစတိုင် တက်တူးဒီဇိုင်း

Photo : The Trend Spotter

Irezumi လို့ခေါ်တဲ့ ဂျပန်ရိုးရာစတိုင် တက်တူးဒီဇိုင်းတွေကလည်း ခြေထောက်နဲ့ ခြေသလုံး ပေါ်မှာ ရေးထိုးလို့ အကောင်းဆုံး ဖြစ်ပါတယ်။ အရောင်အသွေးစုံလင်ပြီး အဓိပ္ပါယ်ရှိတဲ့ သင်္ကေတတွေ ပေါင်းစပ်ထားတာကြောင့် အလွန်ဆွဲဆောင်မှုရှိပြီး အမျိုးသားတွေရော အမျိုးသမီးမှာပါ ရေးထိုးလေ့ရှိ ကြပါတယ်။ ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုတဲ့ ပန်းပွင့်တွေနဲ့ ဒဏ္ဍာရီလာသတ္တဝါတွေနဲ့ ပေါင်းစပ်ရေးထိုးထားတဲ့ အမိုက်စားတက်တူးဒီဇိုင်းတွေ ဖြစ်တာကြောင့် ခြေထောက်အပြည့် ရေးထိုးမယ်ဆိုရင် လုံးဝကြည့်ကောင်းတဲ့ တက်တူးဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။

Photo : British GQ