ခြေအိတ်တွေက သင့်ခြေထောက်တွေကို နွေးထွေးစေရုံတင်မကပါဘူး။ သင့်ရဲ့ ဖက်ရှင် Level ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတွေ ခြေအိတ် ဝတ်တော့မယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေ သိထားဖို့ လိုပါတယ်။ ဘယ်လို အချက်တွေလဲ ဆိုတာတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) ခြေအိတ်အဖြူကို နေရာမှားဝတ်တာ
Photo: Mporter
ခြေအိတ်အရောင်တွေထဲမှာ အဖြူရောင်ဗြောင် Plain Socks တွေ ဝတ်မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် Gym ကစားတာ ၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလုပ်တာလိုမျိုး Casual Look မှ မဟုတ်ရင် မဝတ်တာ ကောင်းပါတယ်။
(၂) Dress Shoes နဲ့ တွေ့ရာခြေအိတ်ဝတ်တာ
Photo: thecoolist
ပွဲတက် Dress Shoes တွေဟာ Dress Socks လို့ခေါ်တဲ့ ပွဲတက်ခြေအိတ်မျိုးနဲ့ပဲ ဝတ်ရမှာပါ။ အားကစားသုံး Sports Socks တွေ ၊ တခြား Casual ဆန်တဲ့ ခြေအိတ်တွေမျိုးက ပွဲတက်ဖိနပ်တွေ ၊ Dress Socks တွေနဲ့ လိုက်ဖက်ခြင်း မရှိပါဘူး။
(၃) ကာလာအတွဲအစပ် မှားဝတ်တာ
Photo: themanual
ခြေအိတ် အရောင်ရွေးမယ်ဆိုရင် အောက်က ဘောင်းဘီနဲ့ အရောင်ချင်းဟပ်မိဖို့ လိုပါတယ်။ ဘောင်းဘီနဲ့ ခြေအိတ်အရောင်ချင်းနီးစပ်ဖို့ Solid Colour ထဲက ရွေးထားသင့်ပါတယ်။ ရိုးရိုး Casual Wear ဆိုရင် ပြဿနာမရှိပေမယ့် ဒီနှစ်ခု အရောင်ချင်းကွာနေရင် လူကို အရပ်ပုသွားတယ်လို့ ထင်စေနိုင်ပါတယ်။
(၄) ခြေအိတ်လိပ်/ခေါက်တာ
Photo: prevention
နောက်ထပ် ရှောင်ကြဉ်ရမယ့် အမှားတစ်ခုက ခြေအိတ်တွေကို မလိုအပ်ဘဲ ခြေကျင်းဝတ်နားရောက်အောင် ခေါက်ထားတာမျိုး မလုပ်ဖို့ပါပဲ။ ခြေကျင်းဝတ်နားမှာ ခြေအိတ်အနားတွေ ခေါက်ထားခြင်းဟာ Slim-Fit ကျတဲ့ ဘောင်းဘီနဲ့ မလိုက်ဘဲ ကြည့်ရဆိုးနေ တတ်ပါတယ်။
(၅) ဘောင်းဘီတိုနဲ့ ခြေအိတ်ရှည် ဝတ်တာ
Photo: threadcurve
ဘောင်းဘီတို Shorts တွေ ဝတ်မယ်ဆိုရင် ခြေအိတ်အတိုပဲ ရွေးဝတ်ဖို့ အကြံပေးချင်ပါတယ်။ ခြေအိတ်မပေါ်တဲ့ No-Show Socks တွေဆို ပိုကောင်းပါတယ်။ ဥပမာ- Loafer Socks လိုမျိုး ဖြစ်ပါတယ်။ နွေရာသီလိုမျိုး ဘောင်းဘီတိုနဲ့ ပေါ့ပေါ့ပါးပါး Sneaker စီးသွားချိန်မှာ ခြေအိတ်ဝတ်ချင်ရင် ခြေအိတ်ပျောက် Invisible စတိုင်မျိုး ရွေးပါလို့ အကြံပေး လိုက်ရပါတယ်။
Featured Photo : R. Hanauer