မတူညီတဲ့ ဂိမ်း ပေါင်းများစွာကို တစ်လှည့်စီ ဆော့ကစားခြင်းက ကွီးတို့ကို မတူညီတဲ့ ခံစားချက် များ ပေးစွမ်းနိုင်ပါတယ်။ မယုံဘူးဆိုရင်တော့ အခုဖော်ပြမယ့် ဂိမ်းများကို တစ်လှည့်စီ ဆော့ကစားကြည့်လိုက်ပါ။

Crazy Fox

Crazy Fox

Crazy Fox ဂိမ်းမျိုးကို ဆော့ဖူးရင်တော့ ကွီးတို့က ဆရာကြီးပါပဲ။ ဒီဂိမ်းက ဆော့လို့ ကောင်းပြီး မတူညီတဲ့ ခံစားချက် ကို ပေးစွမ်းနိုင်တဲ့ ဂိမ်းတစ်ခုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဆလော့ဂိမ်းပုံစံ ဒီဇိုင်းလည်း ထည့်သွင်းပေးထားလို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ ဆော့ရတာလည်း အပျင်းပြေမှာပါ။ ကွီးတို့ ဖုန်းထဲမှာ Install လုပ်ထားလိုက်ရုံနဲ့ ငွေတွေ တဖွဲဖွဲ ဝင်လာမှာ အမှန်ပါပဲ။

Bright Memory

Bright Memory

ဒီဂိမ်းကတော့ FYQD Personal Studio က Develop လုပ်ကာ ထုတ်ထားတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ ကွီးတို့က ကိုယ်တိုင်ပစ်ကာ ဆော့ကစားနေရတဲ့ မြင်ကွင်းမျိုးကို ဖန်တီးပေးကာ ဆော့ကစားနိုင်အောင် ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။​ ဒီဂိမ်းက ၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး ယခုထိတိုင် Updates တွေကလည်း တစ်ခုပြီးတစ်ခု ရှိနေတာကြောင့် ပျင်းစရာ မကောင်းပါဘူး။

Cash of Clans

Source: Cash of Clans

Supercell က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ကိုယ့် လူမျိုးစုကို ကြီးမားလာအောင် ဖန်တီး ဆော့ကစားကာ သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး အတူတူ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ လူမျိုးစုကို ပိုမို ကြီးမားလာအောင် ဖန်တီးနိုင်လေလေ ကွီးတို့ရဲ့ အင်ပါယာက ပိုမိုကြီးမားလာလေလေ ဖြစ်မှာပါ။

Apple Knight

ဂိမ်း ခံစားချက်

အကောင်းစား အက်ရှင် ဂိမ်းလို့ သတ်မှတ်ခြင်း ခံထားရတဲ့ ဂိမ်းတွေထဲမှာ Apple Knight ကလည်း တစ်ခု အပါအဝင်ပါပဲ။​ တိုက်ပွဲ ဂိမ်း တွေထဲမှာ နစ်မြောနေတော့ ကွီးတို့ရဲ့ စိတ်ဖိစီးစရာများလည်း သူ့အလိုလို ပြေပျောက်သွားမှာ မယုံမရှိပါနဲ့။ စိတ်ညစ်စရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုရင်တော့ ဒီဂိမ်းကိုသာ သတိရလိုက်ပါ။

Candy Crush Saga

ဂိမ်း ခံစားချက်

အကြမ်းစား အက်ရှင် ဂိမ်းတွေကို ဆော့ကစားရတာ ငြီးငွေ့လာတဲ့အချိန်ကျရင်တော့ ဒီ ချစ်စရာကောင်းတဲ့ Candy Crush Saga ဂိမ်းကို ပြောင်းဆော့ကြည့်လိုက်ပါ။ ဒီလိုမျိုး ဂိမ်း တွေကို ပြောင်းလဲ ဆော့ကစားကြည့်ခြင်းက ကွီးတို့ကို မတူညီတဲ့ ခံစားချက် များ ပေးစွမ်း ပါလိမ့်မယ်။

Eyes

ဂိမ်း ခံစားချက်

အက်ရှင် ဂိမ်းများ၊ ချစ်စရာကောင်းတဲ့ ဂိမ်းတွေကို ဆော့ကစားရတာ ငြီးငွေ့လာပြီ ဆိုရင်တော့ သည်းထိတ်ရင်ဖို ဂိမ်းမျိုးကို ပြောင်းဆော့ကြည့်လိုက်ပါ။ Eyes ဂိမ်းကလည်း ကြောက်စရာ ကောင်းပါတယ်။ ဂိမ်းကစားတဲ့သူအနေနဲ့ စွန့်ပစ် ဆေးရုံအဟောင်း၊ သရဲခြောက်တဲ့ အိမ်၊ စွန့်ပစ် ကျောင်းဟောင်းတွေမှာ ဂိမ်းကို Setting ချထားတာပဲ ဖြစ်ပါတယ်။ ဂိမ်းကစားသူအနေနဲ့ မွန်းစတားမျိုးစုံကို မိမိစိတ်ကြိုက် ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။

ကွီးတို့ရော မတူညီတဲ့ ဂိမ်းပေါင်းစုံကို တစ်လှည့်စီ ဆော့ကစားဖူးပါသလာား။

Source: Gamerant

Featured Image: Btsellar.shop