ဂိမ်းဆော့ရင်းနဲ့ သီချင်းမြူးမြူးကြွကြွလေးတွေ နားဆင်ကာ စိတ်ပျော်ရွှင်အောင် Mood သွင်းချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဂိမ်း ဆော့နေရင်း နားထောင်လို့ကောင်းတဲ့ အမိုက်စား သီချင်း များကို ဝေမျှပေးချင်ပါတယ်။

ဂိမ်း လည်းဆော့ရင်း သီချင်း လည်းနားထောင်ကာ အပန်းဖြေလို့ရအောင် ကူညီပေးမယ့် သီချင်းကောင်းများကတော့ …

Astronaut In The Ocean – Masked Wolf

Source: Masked Wolf

ဒီသီချင်းလေးကတော့ သြစတျေးလျ ရက်ပါတစ်ယောက်ဖြစ်တဲ့ Masked Wolf သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Antisocial _ Ed Sheeran

Source: Ed Sheeran

ဒီသီချင်းလေးကတော့ Ed Sheeran နဲ့ Travis Scott တို့ နှစ်ဦးသား Collaborate လုပ်ထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဂိမ်းဆော့ရင်းနဲ့ နားထောင်လို့ကောင်းတဲ့ မြူးမြူးကြွကြွ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Crack A Bottle – Eminem, Dr. Dre, & 50 Cent

Source: EminmenMusic

ဒီသီချင်းလေးကတော့ ထွက်ထားတာ သိပ်မကြာသေးတဲ့ သီချင်းတစ်ပုဒ်ပါ။ Emimen ပရိသတ်များအားလုံး အကြိုက်တွေ့ကြမယ့် သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Young, Wild and Free – Snoop Dogg & Wiz Khalifa, Ft. Bruno Mars

Source: Wiz Khalifa

သီချင်းသံစဉ်အေးအေးလေးကိုမှ မြူးမြူးကြွကြွ ရက်ပ်စာသားတွေနဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို ဂိမ်း ဆော့နေရင်းနဲ့ နားထောင်ချင်တယ်ဆိုရင်တော့ ဒီ သီချင်း လေးကို နားထောင်နိုင်ပါတယ်။ Featuring အနေနဲ့ကတော့ Bruno Mars က သီဆိုထားပါတယ်။

One Step Closer – Linkin Park

Source: Linkin Park

ဂိမ်းဝါသနာအိုးတွေထဲမှာလည်း Linkin Park ရဲ့ ဖန်တွေ ရှိကြမှာပါ။ သူ့ပရိသတ်တွေကတော့ ဒီသီချင်းလေးနဲ့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ။

Through Fire And Flames – Dragon Force

Source: DragonForce

၂၀၀၀ ပြည့်နှစ်အစောပိုင်းက ရော့ခ်သီချင်းတွေကို နားထောင်ချင်ပါသလား။ ဒါဆိုရင်တော့ Dragon Force ရဲ့ Through The Fire And Flames ကို နားဆင်နိုင်ပါတယ်။

Unstoppable – The Score

Source: The Score

ဒီတစ်ခေါက်မှာတော့ မမြူးမဆွေး သီချင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းဆော့နေရင်း မဖြစ်မနေ အနိုင်ရချင်တဲ့ ဂိမ်း ချစ်သူများအတွက် စိတ်ခွန်အားရစေမယ့် သီချင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။

Out Of Time – The Weeknd

Source: The Weeknd

The Weeknd ရဲ့ ပရိသတ်များအတွက် အကြိုက်တွေ့စေမယ့် သီချင်းကော်င်းတစ်ပုဒ်ကတော့ လွန်ခဲ့တဲ့ (၄) လလောက်က ထွက်ရှိခဲ့တဲ့ Out Of Time ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

ကွီးတို့ရော ဂိမ်းဆော့နေရင်းနဲ့ သီချင်းနားထောင်ဖြစ်ကြပါသလား။ ဘယ်လိုသီချင်းမျိုးတွေကို အများဆုံး နားထောင်ဖြစ်ကြပါသလဲ။

Featured Image: Popsci