ဂျင်းဘောင်းဘီ ဖက်ရှင်တွေသည် လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ ကောင်းတဲ့ ဖက်ရှင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်ကို လူငယ်ဆန်ဆန် ဖန်တီးလို့လည်း ရသလို လူကြီးဆန်ဆန် ဖက်ရှင်မျိုးလည်း ဖန်တီးနိုင်ပါတယ်။ ကွီးတို့ ဂျင်း ဘောင်းဘီနဲ့ တွဲဝတ် နိုင်တဲ့ ဖက်ရှင် တွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ဖက်ရှင်မျိုးကိုတော့ သေချာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

အနက်ရောင် ဂျင်းဘောင်းဘီနဲ့ အနက်ရောင် အင်္ကျီကို တွဲဖက် ဝတ်ဆင်ပါ

jeans fashion

အနက်ရောင် ဂျင်းဘောင်းဘီနဲ့ အနက်ရောင် အင်္ကျီ အတွဲ အစပ်ကို တစ်ခါမှ မဝတ်ဖူးဘူးဆိုရင်တော့ တစ်ခါလောက် စမ်းဝတ်ကြည့်သင့်ပါတယ်။ ဒါပေမဲ့ ရာသီဥတုပေါ် မူတည်ပြီး ဝတ်ဖို့တော့ လိုအပ်ပါတယ်။ ပူအိုက်တဲ့ နေ့မျိုး မဟုတ်ဘဲနဲ့ အအိုက် သက်သာပြီး အေးတဲ့ နေ့ရက်မျိုးမှာ ဝတ်ဆင်သင့်ပါတယ်။ ဒါမှသာလျှင် ပူအိုက်တဲ့အချိန်မှာ ပိုပြီး ပူလောင် အိုက်စပ်တာမျိုးကို မကြုံတွေ့ရမှာပါ။

အနက်နဲ့ အဖြူကလည်း ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုပါ

jeans fashion

ဟုတ်ပါတယ်။ အနက်နဲ့ အဖြူ ကလည်း ကွီးတို့ ဖက်ရှင်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ကောင်းအောင်၊ ဆွဲဆောင်မှု ရှိအောင် ကူညီပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ ဂျင်းဘောင်းဘီကို အနက်ရောင် ဝတ်မယ်ဆိုရင် ရှပ်အင်္ကျီကို အဖြူရောင် ဝတ်လိုက်ပါ။ ဒါမှမဟုတ် အင်္ကျီကို အနက်ရောင် ရွေးချယ်မယ်ဆိုရင် ဂျင်းကိုတော့ အဖြူရောင် (သို့) အဖြူဘက်သွားတဲ့ အပြာနုလို အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။

ဂျင်းဘောင်းဘီနဲ့ ဂျင်း အင်္ကျီကို တွဲဖက် ဝတ်ဆင်ပါ

ဂျင်း တွဲဝတ် ဖက်ရှင်

ဂျင်းဘောင်းဘီနဲ့ ဂျင်းအင်္ကျီကိုလည်း အတူတကွ တွဲဖက် ဝတ်ဆင်နိုင်တယ် ဆိုတာကိုရော ကွီးတို့ သိပြီးပါပြီလား။ ဒါပေမဲ့ ဂျင်းရှပ်အင်္ကျီထက် ရိုးရိုး တီရှပ် တစ်ထည်ကို အောက်မှာ အရင်ဝတ်ထားပြီး အပေါ်ကနေ ဂျင်း အပေါ်ဝတ် တစ်ထည်မျိုး ထပ်ဝတ်တာက ပိုပြီး အထာကျပါတယ်။

Printed ရှပ်အင်္ကျီများနဲ့ တွဲဖက်ဝတ်ဆင်ပါ

ဂျင်း တွဲဝတ် ဖက်ရှင်

Printed ရှပ်အင်္ကျီများကတော့ ပိုမို လူငယ်ဆန်ပြီး ကွီးတို့ကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းနေအောင် ကူညီပေးနိုင်ပါတယ်။ ဒီဇိုင်းဆန်းတဲ့ Printed ရှပ်အင်္ကျီများကလည်း အမျိုးမျိုး ရှိတဲ့အတွက်ကြောင့် ကွီးတို့နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

ပေါ့ပေါ့ပါးပါး Street Style မျိုးလည်း ဖန်တီးနိုင်ပါတယ်

ဂျင်း တွဲဝတ် ဖက်ရှင်

ပေါ့ပေါ့ပါးပါး Street Style မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီ အကြပ်တွေထက် ဂျင်းဘောင်းဘီ အပွတွေကို ဝတ်ဆင်သင့်ပါတယ်။ ထို ဂျင်း ဘောင်းဘီ အပွ တွေနဲ့ အပေါ်ကနေ တီရှပ်အပွတွေကို တွဲဝတ် မယ်ဆိုရင်တော့ ကွီးတို့ ဖက်ရှင် က ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျတဲ့ Street Style မျိုး ဖြစ်သွားပါလိမ့်မယ်။

အဖြူရောင် Sneakers နဲ့လည်း တွဲဖက် ဝတ်ဆင်နိုင်ပါတယ်

ဂျင်း တွဲဝတ် ဖက်ရှင်

ဂျင်းဘောင်းဘီ ဖက်ရှင်နဲ့ လိုက်ဖက်တဲ့ နောက်ထပ် ဖက်ရှင် အတွဲအစပ်ကတော့ အဖြူရောင် Sneakers များပဲ ဖြစ်ပါတယ်။ လူကြီးဆန်ဆန် ရှူးဖိနပ်တွေထက် အဖြူရောင် Sneakers တွေကတော့ အရွေးချယ်သင့်ဆုံးပါပဲ။ ဒါမှသာလျှင် ကွီးတို့ရဲ့ ဖက်ရှင်က ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းနေမှာပါ။

ကွီးတို့ရော ဂျင်းဘောင်းဘီ ဖက်ရှင်နဲ့ဆို ဘယ်လို ဖက်ရှင် အတွဲအစပ်များနဲ့ တွဲဖက် ဝတ်ဆင်လေ့ရှိပါသလဲ။

Source: Bewakoof

Featured Image: Stylegirlfriend