ဂျင်းတွေက အကြမ်းခံရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ဖြစ်အောင် ဝတ်စားချင်တယ်ဆိုရင်တော့ ဆရာတစ်ဆူပါပဲ။ လူတိုင်းမှာ ဂျင်းနဲ့ ပတ်သတ်တာ တစ်ထည်ထည်တော့ ရှိကြမှာပါ။ အထာကျကျ စတိုင်လ်မိမိ ဝတ်စားမယ်ဆိုရင် ဂျင်း မပါရင် တော့ မပြီးပါဘူး။ ဒီနေ့မှာတော့ ဂျင်း နဲ့ ခပ်မိုက်မိုက် ဂေါ်လို့ရအောင် တွဲဖက်ဝတ်ဆင်ပုံ အိုင်ဒီယာလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

ဂျင်းဘောင်းဘီနဲ့ တီရှပ်ဂျင်း မပါရင်

Photo : Unplash

ကွီးတို့မှာ ဂျင်းဘောင်းဘီတော့ လူတိုင်းရှိကြတယ် မဟုတ်ပါလား။ ဒါဆိုရင် ဂျင်းနဲ့ အထာကျအောင် ဝတ်ဖို့ ခေါင်းမစားပါနဲ့။ ကွီးတို့မှာရှိတဲ့ တီရှပ်တစ်ထည်ထည်နဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒီလို ဝတ်ဆင်ခြင်းက ပေါ့ပါးလွတ်လပ်တဲ့ အသွင်အပြင်နဲ့ လူငယ်ဆန်မှုကို‌ ပေးစွမ်းနိုင်ပါတယ်။

ဂျင်းဂျက်ကတ်

ဂျင်း မပါရင်

Photo : The Fashionista

အခုလို အုံ့မှိုင်းမှိုင်းနဲ့ အေးမြတဲ့မိုးရာသီလေးက ဂျင်းဂျက်ကတ်နဲ့ ရှိုးထုတ်လို့ အကောင်းဆုံး အချိန်ပါပဲ။ တစ်ခါတစ်ရံမှာ အချို့တွေက ဂျင်းဂျက်ကတ်တွေကို လိုက်ဖက်အောင် ဝတ်ဆင်ဖို့ တွန့်ဆုတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဘာမှ စိတ်မပူပါနဲ့။ အောက်က ကွီးတို့ ကြိုက်နှစ်သက်ရာဘောင်းဘီနဲ့ တွဲဆက်ပြီးတော့သာ ဂျင်းဂျက်ကတ်တွေကို ဝတ်ဆင်ကြည့်လိုက်ပါ။ ကွီးတို့အတွက် စတိုင်လ်ကျပြီး ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အသွင်အပြင်ကို ရစေမှာ အသေအချာပါပဲ။

Blazer နဲ့ ဂျင်း

ဂျင်း မပါရင်

Photo : The Trend Guide

ကွီးတို့ရေ မိုးရာသီက Blazer လေးတွေကို စတိုင်လ်ကျအောင် ဝတ်ဆင်ဖို့ အချိန်ကောင်းပါပဲ။ Blazer က လေးနက်ပြီး ဂျင်းတွေကတော့ ပေါ့ပါးလွတ်လပ်မှုနဲ့ အထာကျမှုကို ဖော်ဆောင်ပါတယ်။ ဒီလိုလေးနက်တဲ့ Blazer နဲ့ ဂျင်းတို့ကို အထာကျကျပေါင်းစပ်ပြီး ဂေါ်နိုင်ပါတယ်။ ကွီးတို့ဝတ်ဆင်မယ့် Blazer အရောင်က ကွီးတို့ရဲ့ အသွင်အပြင်၊ စတိုင်လ်နဲ့ စိတ်ခံစားချက်အပေါ် သိသိသာသာ သက်ရောက်စေပါတယ်။ ဒါ့ကြောင့် သေချာရွေးချယ်ဖို့တော့ လိုပါတယ်။

အပေါ်အောက် ဂျင်း

ဂျင်း မပါရင်

Photo : Pinterest

ကွီးတို့ရေ အပေါ်အောက် ဂျင်းဝတ်လည်း ဝတ်တတ်ရင် တောသားမြို့တတ် ဂျင်းဝမ်းဆက် မဖြစ်တော့ပါဘူးနော်။ ကွီးတို့အနေနဲ့ အပေါ်အောက် ဂျင်းဝတ်ရမှာကို တစ်ခါတစ်လေ တွန့်ဆုတ်မိနိုင်ပါတယ်။ ကွီးတို့ သေချာရွေးချယ်တတ်ရင် ဒီပေါင်းစပ်မှုက အံ့သြစရာကောင်းလောက်အောင် စတိုင်လ်ကျပြီး ပေါ့ပေါ့ပါးပါး အပြင်ထွက်ဖို့အတွက် လုံးဝကို ပြီးပြည့်စုံတဲ့ အသွင်အပြင်ကို ရရှိမှာပါ။ ကွီးတို့အနေနဲ့ ဂျင်းရှပ် ဒါမဟုတ် ဂျင်းဂျက်ကတ် တစ်ထည်ကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

Hoodies နဲ့ ဂျင်းဘောင်းဘီ

Photo : Martin Valen

Hoodies တွေကလည်း အခုလို မိုးရာသီမှာ အထာကျကျ ဝတ်ဆင်နိုင်ပါတယ်။ ပေါပါးလွတ်လပ်တဲ့ လူငယ်စတိုင်လ်နဲ့ Street Fashion ကို ဝတ်ဆင်ချင်တယ်ဆိုရင်တော့ Hoodies နဲ့ ဂျင်းဘောင်းဘီကို သာ ဝတ်ဆင်လိုက်ပါ။

ဆက်လက်ပြီးတော့ ကွီးတို့အတွက် ဂျင်းနဲ့ တွဲဖက်ဝတ်ဆင်နိုင်စေဖို့ အိုင်ဒီယာ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Photo : Real Man Real Style

Photo : Pinterest

ဂျင်း မပါရင် တော့ အထာကျကျ ဂေါ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးနော်။ အခုဖော်ပြပေးလိုက်တဲ့ ဂျင်းဖက်ရှင်တွေက ကွီးတို့ရဲ့ စတိုင်လ်ကို တစ်ဆင့်မြင့်တင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Source : Unplash