ကွီးတို့မှာ မဝတ်ဖြစ်တာ့တဲ့ ဂျင်းဘောင်းဘီ အဟောင်းတွေ ၊ ပေါက်ပြဲသွားတဲ့ ဂျင်းဘောင်းဘီတွေ ရှိလား ? ဒီလို နောက်ထပ် မဝတ်ဖြစ်တော့တဲ့ ဂျင်းဘောင်းဘီတွေကို အဝတ်ပုံးထဲခေါက်သိမ်းထားတာ ဒါမှမဟုတ် အမှိုက်ပုံးထဲပစ်လိုက်တာမျိုး လုပ်မိနေတယ်ဆိုရင်တော့ အခုပဲရပ်တန့်လိုက်ပါတော့။ ကွီးတို့ ချောင်ထိုးတဲ့ ဂျင်းဘောင်းဘီအဟောင်းအမြင်းတွေကို အသုံးပြုပြီး အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ပြန်လည်ဖန်တီးနိုင်စေမယ့် DIY အိုင်ဒီယာလေးတွေကို မျှဝေပေးပါမယ်။

(၁) ဂျင်းဘောင်းဘီ အတို

 Denim Shorts
Photo : Remake World

ဒါကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ဆွေးသွားတဲ့ ဂျင်းဘောင်းဘီ အရှည်တွေ ၊ ဝတ်တာများလို့ ခြေဝအောက်ဖျားတွေ စုတ်ပြတ်သွားတဲ့ ဘောင်းဘီတွေကို ဖြတ်တောက်ပြီး ဘောင်းဘီအတိုဒီဇိုင်း ပြန်လည် ဖန်တီးတာပါ။ အတိုကို ရိုးရိုးရှင်းရှင်း ဗြောင်ဒီဇိုင်းပဲ ကြိုက်သူတွေကတော့ ဖြတ်ပြီး အောက်ခြေအနားတွေကို ပြန်လုံးချုပ်လိုက်ရုံပါပဲ။ ဒီလိုမှမဟုတ်ပဲ ဆန်းသစ်တီထွင်ပြီး အပြဲဒီဇိုင်းတွေ ဖန်တီးချင်တယ်ဆိုရင်လည်း ကွီးတို့ စိတ်ကြိုက်ဖန်တီးလို့ ရပါတယ်။

(၂) ဘေးလွယ်အိတ် (Denim Tote Bag)

Denim Tote Bag
Photo : DIY Clothes

မဝတ်တော့တဲ့ ဂျင်းဘောင်းဘီ အဟောင်းတွေနဲ့ လူငယ်စတိုင် အထာကျတဲ့ ဘေးလွယ်အိတ် (Denim Tote Bag) လေးတွေ ပြန်လည်ဖန်တီးလို့ ရပါတယ်။ ဘေးလွယ်အိတ် (Denim Tote Bag) ပြုလုပ်နည်းက လွယ်လွယ်လေးပါပဲ။ ဂျင်းဘောင်းဘီကို ပေါင်နေရာလောက်က ဖြတ်ထုတ်ပြီး လေးထောင့်ကျကျ အိတ်ပုံစံ ပြန်တွဲချုပ်ရုံပါပဲ။ ပိုတဲ့ ဂျင်းဘောင်းဘီအစတွေနဲ့ လက်ကိုင်ကြိုး ပြုလုပ်ပါ။ ဒါဆိုရင်တော့ ခိုင်ခံ့ပြီး သေသပ်လှပတဲ့ DIY ဂျင်းဘေးလွယ်အိတ် (Denim Tote Bag) တစ်လုံး ရပါပြီ။

(၃) ဂျင်းအေပရွန် (Denim Apron)

Denim Apron

Photo : Man Made DIY

ချစ်ရတဲ့ အမေ့ကို ဖြစ်ဖြစ် ၊ အိမ်သူသက်ထား ဇနီးလေးကိုပဲ ဖြစ်ဖြစ် လက်ဆောင်ကောင်းကောင်းတစ်ခုပေးချင်ရင်တော့ ဂျင်းဘောင်းဘီ အဟောင်းတွေကို အသုံးပြုပြီး ပြန်ချုပ်ထားတဲ့ DIY ဂျင်းအေပရွန် (Denim Apron) လေး ဖန်တီးပေးလို့ ရပါတယ်။ အချက်အပြုတ် ဝါသနာပါတဲ့ ကွီးတို့ကိုယ်တိုင်လည်း မီးဖိုချောင်ဝင်ချိန်မှာ ကိုယ်တိုင်ချုပ် ဂျင်းအေပရွန်လေးနဲ့ အထာကျကျ ချက်ပြုတ်နိုင်ပါတယ်။

(၄) ခေါင်းအုံးစွပ် (Denim Pillow Covers)

Denim Pillow Covers

Photo : Make it in denim

ကွီးတို့အိမ်က ခေါင်းအုံးတွေကို ကိုယ်တိုင်ဖန်တီးချုပ်ထားတဲ့ ခေါင်းအုံးစွပ်လေးတွေနဲ့ အလှဆင်လိုက်ပါ။ ခေါင်းအုံးစွပ်ဖိုး သပ်သာသလို မဝတ်ဖြစ်တော့တဲ့ ဂျင်းဘောင်းဘီ အဟောင်းတွေလည်း အလဟာသပ် မဖြစ်တော့ပါဘူး။ အိပ်ရာမှာသုံးတဲ့ ခေါင်းအုံးတွေအတွက်သာမက ဧည့်ခန်းက ဆိုဖာမှာထားတဲ့ ခေါင်းအုံးအသေးလေးတွေအတွက်ပါ လှပပြီး ချစ်စရာကောင်းတဲ့ ဂျင်းခေါင်းအုံးစွပ် (Denim Pillow Covers) လေးတွေ ပြုလုပ်နိုင်ပါတယ်။

(၅) ကော်ဖီခွက်အောက်ခံပြား (Denim Coasters)

Denim Coasters

Photo : Pillar Box Blue

ဒါလေးတွေကတော့ ဂျင်းဘောင်းဘီ အဟောင်း ဖြတ်ပိုင်း အတိုအစလေးတွေနဲ့တင် ဖန်တီးလို့ရတဲ့ လက်လုပ် ကော်ဖီခွက်အောက်ခံပြား (Denim Coasters) လေးတွေပါ။ စက်ဝိုင်းပုံ ၊ လေးထောင့်ပုံ စသည်ဖြင့် ကွီးတို့စကြိုက် ဒီဇိုင်း ဖန်တီးလို့ ရပါတယ်။ ဂျင်းဘောင်းဘီရဲ့ အသားအပေါ်မူတည်ပြီး ကွီးတို့ စိတ်ကြိုက် မတူညီတဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ စတိုင်ကျတဲ့ အမိုက်စား ကော်ဖီခွက်အောက်ခံပြားလေးတွေ ဖန်တီးနိုင်ပါတယ်။

Source : magicpin

Featured Photo : Cleanipedia