ဝီစကီချစ်သူ ကွီးတို့အတွက်တော့ ကမ္ဘာအနှံ့က ဝီစကီတွေက မြည်းစမ်းကြည့်ချင်စရာပါပဲ။ ထိုအထဲမှာ ဂျပန် ဝီစကီ များ ကလည်း အပါအဝင်ဖြစ်ပါတယ်။ ဂျပန် ဝီစကီတွေက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လူကြိုက်များလာခဲ့ပြီး မယုံနိုင်လိုက်အောင် ရေပန်းစားလာခဲ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူက ဝီစကီချစ်သူ ကွီးတို့အတွက် တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ ဂျပန် ဝီစကီများ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Yamazaki 12 Year Old

Photo : Master of Malt
ဂျပန် ဝီစကီများ ကို ဖော်ပြရာမှာ အကောင်းတကာ့ အကောင်းဆုံး ဝီစကီကို အရင်ဆုံး ပြောပြရမယ်ဆိုလျှင် Yamazaki 12 Year Old ပဲ ဖြစ်ပါတယ်။ ၎င်းမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၄၃ ရာခိုင်နှုန်း ရှိပါတယ်။ အရသာအနေနဲ့ကတော့ သစ်သီး၊ လေးညှင်းပွင့်၊ လိမ္မော်စတဲ့ အရသာမှတ်စုများကို ခံစားနိုင်ပါတယ်။ ဒီ ဂျပန် ဝီစကီက ကိုယ်ပိုင်စတိုင်လ်နဲ့ ကောင်းမွန်သော ဝီစကီတစ်ခုဖြစ်ပြီး ဂျပန်ဝီစကီအမျိုးအစားကို စူးစမ်းလိုသူများအတွက် ကောင်းမွန်သော အစပျိုး မြည်းစမ်းကြည့်သင့်တဲ့ ဝီစကီပါပဲ။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Nikka Coffey Grain

Photo : The Whiskey Exchange
Nikka က ဂျပန်ရဲ့ နောက်ထပ် အဓိက ဝီစကီ ထုတ်လုပ်တဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ၎င်းက Bourbon ပရိသတ်များအတွက် နှစ်သက်လေ့ရှိတဲ့ ချိုမြိန်ပြီး အရသာရှိတဲ့ ဝီစကီအရသာကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၄၅ ရာခိုင်နှုန်းရှိပါတယ်။ Nikka Coffey Grain က ဒေါ်လာ ၁၀၀ အောက် အကောင်းဆုံး ဝီစကီ ဖြစ်ပြီး စျေးနှုန်းကတော့ ဒေါ်လာ ၄၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။
Mars Shinshu Lwai 45

Photo : Vine Pair
ဒီ ဝီစကီကတော့ ဂျပန်နိုင်ငံ Nagano စီရင်စုက ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီကော့လ်တေးမှာ အယ်လ်ကိုဟော ၄၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ နွေရာသီနဲ့ လိုက်ဖက်တဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပြီး ၎င်းရဲ့ အယ်လ်ကိုဟော ပါဝင်နှုန်းကြောင့် ကော့လ်တေးများ ဖျော်စပ်ရာမှာ အထူးကောင်းမွန်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၃၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
Suntory Toki

Photo : Master of Malt
ဂျပန်လို ‘အချိန်’ လို့ အဓိပ္ပါယ်ရတဲ့ Toki မှာ Suntory ဖန်တီးထားတဲ့ အကောင်းဆုံး (ဝီစကီ) တစ်ချို့ကို ရောစပ်ထားပါတယ်။ သူ့မှာ ပန်းရောင်စပျစ်သီး၊ ဗာဒံစေ့နဲ့ vanilla ပါးပါးလေးတို့ ပါဝင်ပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းကတော့ ၄၃ ရာခိုင်နှုန်းရှိပါတယ်။ လက်ဆောင်ပေးဖို့ သင့်တော်တဲ့ ဝီစကီလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၂၇ ဒေါ်လာခန့်ရှိပါတယ်။
Hakushu 12 Year Old

Photo : The Whiskey Exchange
ဝီစကီချစ်သူ ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ မြည်းစမ်းကြည့်သင့်တဲ့ ဂျပန် ဝီစကီများ ထဲကတစ်ခုကတော့ Hakushu 12 Year Old ဖြစ်ပါတယ်။ ထူးခြားပြီး အရသာရှိတဲ့ ဒီ ဝီစကီကတော့ Japan Alps တွင်ထုတ်လုပ်ထားပြီး ထိုနေရာတွင်ထုတ်လုပ်သော ဝီစကီတွေက အလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒီ ဝီစကီမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၄၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။
Source : Liquor.com
Featured Photo : Driller
