၆၀ ပြည့်လွန်နှစ်တွေဆီက အရေးပါဆုံး တေးဂီတ အဖွဲ့တစ်ခုဖြစ်တဲ့ The Beatles ရဲ့ အဆိုတော် ဂစ်တာသမားနဲ့ တေးရေးဆရာ ဂျွန်လင်နွန်ကို ကမ္ဘာ့ဂီတစိတ်ဝင်စားသူတို့က ရင်းနှီးပြီးသား ဖြစ်မှာပါ။ Imagine ၊ Instant Karma ၊ Give Peace A Chance နဲ့ Happy Xmas (War Is Over) သီချင်းတွေက တကယ့်ထိပ်တန်း အနုပညာတွေပါပဲ။

ဗီယက်နမ်စစ်ဆန့်ကျင်ရေး ဝေဖန်မှုတွေ လုပ်ခဲ့လို့ အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်က ပြည်နှင်ဒဏ်ပေးခံရတဲ့ အနုပညာသမားကြီးဟာ အသက် ၄၀ အရွယ်မှာ မာခ့်ဒေးဗစ် ချက်ပ်မင်းဆိုသူက ပုခုံးနဲ့ နောက်ကျော သေနတ် ၄ ချက် ပစ်ပြီး သတ်သွားခဲ့ပါတယ်။ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ဂျွန်လင်နွန်နဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။

ဂျွန်လင်နွန် အကြောင်း

Photo: India Today

ဒီထဲက အချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) နာမည်အပြည့်အစုံက ဂျွန် ဝင်စတန် လင်နွန်ဖြစ်ပါတယ်။

(၂) ငယ်စဉ်ကစလို့ ပန်းချီဆွဲတာနဲ့စာရေးတာတွေမှာ အနုပညာပါရမီ ဖော်ပြနိုင်ခဲ့တယ်။

(၃) တခြား Beatles တွေလိုပဲ လင်နွန်လည်း Elvis ရဲ့ ပရိသတ်အကြီးစားတွေပါတဲ့။

(၄) လူပြောများတဲ့ အမှားတွေထဲကတစ်ခုက Beatles ဟာ ယေရှုထက် ပိုကောင်းတယ်လို့ ဂျွန်လင်နွန် မပြောခဲ့ဘူး ဆိုတာပါပဲ။

ဂျွန်လင်နွန်

Photo: BBC

(၅) ၉ ဂဏန်းဟာ သူ့အတွက် အရေးပါတဲ့ နံပါတ်တစ်ခု ဖြစ်ပါတယ်။

(၆) ဂျွန်လင်နွန်ဟာ မိဘတွေနဲ့ ကြိးပြင်း လူလားမြောက်လာတာ မဟုတ်ပါဘူး

(၇) သူ့သီချင်း Imagine က ဇနီးသည် ယိုကို အိုနိုးရဲ့ ကဗျာစာအုပ် Grapefruit ထဲက Cloud Piece ကနေ ဆင့်ပွားခံစား နာမည်ပေးထားတာပါ။

(၈) ဂျွန်လင်နွန် ရဲ့ ဇနီးသည် ၂ ဦးစလုံးက သူ့ထက် အသက်ပိုကြီးကြပါတယ်။

(၉) ဆယ်ကျော်သက်အရွယ်က လင်နွန်ဟာ ပြင်သစ်မင်းသမီး ဘရီဂရစ်တီ ဘားဒေါ့ကို သိပ်စွဲလမ်းခဲ့တယ်လို့ ဆိုပါတယ်။ သူ့ချစ်သူ စင်သီယာ ပိုးဝဲလ်ကိုတောင် ဘားဒေါ့လိုမျိုး ဝတ်ဆင်စေခဲ့တယ်လို့ ပြောပါတယ်။

(၁၀) အမျိုးသမီးတွေအပေါ် ကြမ်းတမ်းခက်ထန်တဲ့ စိတ်ရှိတယ်လို့ လင်နွန်ကိုယ်တိုင် ဝန်ခံပါတယ်။

Featured Photo: BBC