ကွီးတို့က တစ်ယောက်တည်း စင်ဂယ်ဘဝမှာ ပျော်နေတယ်၊ ဒါမှမဟုတ်လည်း အကြောင်းအမျိုးမျိုးကြောင့် အသည်းကွဲနေရတဲ့အခါ (သို့) ရည်းစား မထားချင်လောက်အောင် စိတ်ကုန်နေတဲ့အခါမျိုးမှာ သေချာပါတယ်။ ကွီးတို့ဆီမှာ ငှက်ပျောတုံး အကြီးကြီးတစ်တုံးသာ ဖက် ရမယ့် ကံဇာတာ ပါနေပါပြီ။

တကယ်လို့ အခုဖော်ပြမယ့် အချက်တွေထဲက အချက်တော်တော်များများနဲ့ ညှိနေပြီဆိုရင်တော့ ရည်းစား ရှာမနေပါနဲ့တော့ ငှက်ပျောတုံး သာ လိုက်ရှာပြီး ဖက် ထားလိုက်ပါ။

(၁) တစ်ယောက်တည်း နေရတာကို မမှုဘူး

a happy man

ကိုယ့်ရဲ့ ကောင်မလေးကို ဘေးနားမှာ ထားထားပြီး ကိုယ်က သက်သောင့်သက်သာ မခံစားရဘူး၊ တစ်ယောက်တည်း နေရတာလောက် မကောင်းပါလားလို့ ခံစားနေရတယ်ဆိုရင်တော့ ကွီးတို့က တစ်ယောက်တည်း နေချင်လို့ပဲဖြစ်ပါတယ်။ စိတ်မပါဘဲ စကားပြောနေရတာထက် တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့ဖီလင်မျိုး ခံစားနေရတယ်။​တစ်ယောက်တည်း နေရတာကိုလည်း မမှုဘူးဆိုရင်တော့ သေချာပါတယ်။ ကွီးတို့က စင်ဂယ်ဘဝကိုသာ မက်မောနေတာပဲဖြစ်ပါတယ်.

(၂) လူတွေကို လွယ်လွယ်နဲ့ မယုံကြည်တတ်ဘူး

couple

အတိတ်က နာကျင်စရာတွေ စိတ်ဒဏ်ရာတွေကြောင့် လူတွေကို ခေါ်ပြောဆက်ဆံရမှာ ကြောက်လာတာ၊ Relationship တစ်ခုကို တည်ဆောက်ဖို့ ကြောက်သွားပြီး လူတွေကို လွယ်လွယ်နဲ့ မယုံကြည်တတ်တော့ဘူးဆိုပြီး ဖြစ်သွားပါသလား။ ဒါဆိုရင်လည်း ကွီးတို့တော့ ရည်းစား ထပ်ထားလို့ အဆင်ပြေတော့မှာမဟုတ်ပါဘူး။

(၃) ချုပ်ချယ်ခံရတာကို မကြိုက်ဘူး

ငှက်ပျောတုံး ဖက်

တချို့ကောင်မလေးတွေက ချုပ်ချယ်တတ်ကြပါတယ်။ လူတစ်ယောက်ကို ချစ်လွန်းတော့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကိုပါ ဝင်စွက်ဖက်မိသွားပြီး ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ဆိုပြီး ချုပ်ချယ်တာ လွန်သွားတတ်ပါတယ်။ စိုးစဥ်းမျှ ချုပ်ချယ်တာ မခံစားနိုင်ဘူးဆိုရင်တော့ တစ်ယောက်တည်း နေတာ အကောင်းဆုံဂပါပဲ။

(၄) အချိန်ပေးပြီး ချိန်းတွေးနေရတာကိုလည်း စိတ်မဝင်စားဘူး

ငှက်ပျောတုံး ဖက်

ရည်းစားထားတယ်ဆိုတာက လွယ်တဲ့ အလုပ်တော့မဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် အချိန်ပေးရတယ်။ ချိန်းတွေ့တဲ့အခါမှာလည်း ပိုက်ဆံ သုံးရတဲ့အတွက်ကြောင့် ငွေကုန်ကြေးကျ များလာမယ်။ ကွီးတို့က တစ်ယောက်ယောက်ကို အချိန်မပေးနိုင်လောက်အောင် အလုပ်များလွန်းနေတယ်လို့ ခံစားရတယ်။ ပြီးတော့ တစ်ယောက်ယောက်အတွက် ပိုက်ဆံ အကုန်အကျ မခံချင်ဘူးဆိုရင်တော့ သေချာပါတယ်။ တစ်ယောက်တည်းနေဖို့ ကံဇာတာ ပါလာပါပြီ။

(၅) ရည်းစားဟောင်းကို မေ့မရဖြစ်နေတာ

ငှက်ပျောတုံး ဖက်

ရည်းစားဟောင်းနဲ့ ကွဲသွားတာဖြင့် ကြာနေပြီ။ အခုထက်ထိ မေ့မရဖြစ်နေတယ်ဆိုရင် နောက်ထပ် ရည်းစားအသစ် ဘယ်လို ထပ်ထားမှာတုန်း။ ရည်းစားဟောင်းကိုပဲ စိတ်ထဲကနေ ထုတ်မရနိုင်သေးဘူးဆိုရင်လည်း ငှက်ပျောပင် ကောင်းကောင်းသာ ရှာထားလိုက်ပါ။

(၆) ပထမဦးဆုံး ချိန်းတွေ့တာမှာ အဆင်မပြေရင် ပျော်နေပြီလား

ငှက်ပျောတုံး ဖက်

မိဘနဲ့ သူငယ်ချင်းတွေက အတင်းသွားခိုင်းလို့ သွားချိန်းတွေ့လိုက်ရတာမျိုး၊ ချိန်းတွေ့ဖို့ သွားတဲ့အခါမှာလည်း အဆင်မပြေဖို့ကို မျှော်လင့်နေပြီး တကယ်တမ်း အဆင်မပြေဖြစ်သွားတဲ့အခါ အတိုင်းထက် အလွန်ပျော်နေတယ်ဆိုရင်တော့ ကွီးတို့က စင်ဂယ်ဘဝကို ပျော်ပျော်ကြီး ကုန်ဆုံးချင်နေလို့ပဲဆိုတာ သိသာပါတယ်။

(၇) အငြင်းခံရမှာကို ကြောက်နေတာ

ငှက်ပျောတုံး ဖက်

ကိုယ့်မှာ စိတ်ဝင်စားတဲ့သူ ရှိပါလျက်နဲ့ အငြင်းခံရမှာ ကြောက်လို့ ဖွင့်မပြောရဲတဲ့ ကွီးတို့လည်း ဒီတစ်သက် ရည်းစားရဖို့ မျှော်လင့်မနေပါနဲ့တော့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် နည်းပြီး အငြင်းခံရမှာကို ကြောက်ကာ မဝံ့မရဲဖြစ်နေတဲ့ ကွီးတို့အတွက်လည်း စင်ဂယ်ဘဝက ကြိုဆိုနေပါတယ်။

ကွီးတို့ရော အထက်ဖော်ပြပါ အချက်တွေထဲက ဘယ်နှချက်နဲ့ ညှိနေပြီလဲ။

Source: Momjunction

Featured Image: Freepik