တစ်ကိုယ်တည်း စင်ဂယ် သမားတွေသာ ခံစား သိနိုင်တဲ့ ပျော်ရွှင် မှုတွေကတော့ မရေမတွက်နိုင်အောင် များပြားပါတယ်။ ထိုများပြားတဲ့ ပျော်ရွှင်မှုတွေထဲကနေ အသိသာဆုံး အချက်များကို ဝေမျှပေးလိုက်ရပါတယ်။ ကွီးတို့သာ အတွဲကိုယ်စီနဲ့ဆိုရင်တော့ တစ်ကိုယ်တည်း စင်ဂယ် သမားတွေကို တစ်မဟုတ်ချင်း အားကျသွားမှာပဲ ဖြစ်ပါတယ်။

ငွေရေး ကြေးရေး လွတ်လပ်မှု ရှိခြင်း

man and money

ကွီးတို့ ရှာတဲ့ ပိုက်ဆံကို ကွီးတို့ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ ပိုက်ဆံပဲ စုမလား။ များများ ပိုစုနိုင်ပါတယ်။ ကိုယ့်အတွက် အဝတ်အစားတွေ၊ ဂိမ်းနဲ့ ပတ်သက်တာတွေ ဝယ်မလား၊ စိတ်ကြိုက် ဝယ်နိုင်ပါတယ်။ နှစ်ပတ်လည် နေ့ရက် နီးနေလို့၊ စိတ်ကောက်သွားလို့ ပြန်ချော့ရတာမျိုး၊ မွေးနေ့အတွက် လက်ဆောင် ပေးရတာမျိုး စတာတွေ မရှိတော့တဲ့အတွက်ကြောင့် ကွီးတို့ ရှာသမျှကို ကွီးတို့ စိတ်ကြိုက် အသုံးပြုနိုင်ခြင်းကလည်း ပျော်ရွှင်ခြင်း တစ်မျိုးပါပဲ။

ကိုယ်ပိုင်အချိန် ပိုင်ဆိုင်ထားခြင်း

man relax

အတွဲရှိတဲ့သူတွေဆိုရင် ကိုယ့်ရှော်တီလေးကို မအားတဲ့ ကြားထဲကနေ အချိန်ပေးရ၊ အလုပ် ပင်ပန်းပြီး ပြန်လာတဲ့အခါ အေးအေး ဆေးဆေး နားရမယ် မရှိဘူး၊ သူ စိတ်ကောက်မှာ ကြောက်လို့ တီတီတာတာ စကားပြောပေးရနဲ့ ကွီးတို့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတတ်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တည်း သမားတွေကတော့ သူတို့ရဲ့ အချိန်သည် သူတို့ တစ်ယောက်တည်း ပိုင်တာဆိုတော့ ကြိုက်တာ လုပ်နိုင်ပါတယ်။

ဒရာမာများနဲ့ ဝေးဝေးနေနိုင်ခြင်း

စင်ဂယ် ခံစား ပျော်ရွှင်

အတွဲရှိတဲ့ ဘီးကျဲတွေကတော့ သူတို့ ရှော်တီလေးတွေ ဒရာမာ ခင်းသမျှ လူးလိမ့်နေအောင် ခံပေတော့ပါပဲ။ ဒါပေမဲ့ တစ်ကိုယ်တည်း စင်ဂယ် သမားတွေကတော့ ဒရာမာများနဲ့ ဝေးရာမှာ နေနိုင်တဲ့အတွက် စစ်မှန်စွာ ခံစား နိုင်တဲ့ ပျော်ရွှင် ခြင်းကို ခံစားနိုင်ကြပါတယ်။ စိတ်ကောက်လွန်းတာတွေ၊ ရစ်တာတွေ၊ ဝမ်းနည်းလို့ ထိုင်ချော့ရတာတွေ၊ သဝန်တိုလို့ စိတ်ကျေနပ်အောင် ချော့ရတာတွေ အစရှိတဲ့ ဒရာမာ ပေါင်းစုံကနေ ကင်းဝေးနိုင်တာကတော့ စင်ဂယ်သမားတွေပါပဲ။

ကိုယ့်ရဲ့ တိုးတက်မှုအတွက် အာရုံပိုစိုက်နိုင်ခြင်း

စင်ဂယ် ခံစား ပျော်ရွှင်

ကွီးတို့ အားလပ်ချိန်မှာ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက် သင်တန်းတွေပဲ တက်မလား။ အသစ် သင်ယူ လေ့လာစရာရှိတာတွေကို သင်ယူလေ့လာမလား စိတ်ကြိုက်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း လုပ်လက်စ ပရောဂျက်တွေအတွက်လည်း အာရုံစူးစိုက်မှုအားကောင်းကောင်းနဲ့ လုပ်နိုင်တာကြောင့် ရလဒ်ကလည်း သာမန်ရလာဒ်ထက် ပိုကောင်းတဲ့ ရလဒ်များ ထွက်လာမှာပဲ ဖြစ်ပါတယ်။​

ဖိအားပေးခံရခြင်းများ မရှိခြင်း

စင်ဂယ် ခံစား ပျော်ရွှင်

ရှော်တီလေးတွေ ချုပ်ချယ်တာမျိုးကို ကွီးတို့ ခံရပါသလား။ ဟိုလူနဲ့ မပေါင်းနဲ့၊ ဟိုနား မသွားနဲ့၊ ဒီနား မသွားနဲ့ စသည်ဖြင့် ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ပျောက်ဆုံးပြီး အဆိုးရွားဆုံး အခြေအနေဆိုရင်တော့ ဖိအားပေးခံရတာမျိုးတွေ ကြုံဖူးပါသလား။ တစ်ကိုယ်တည်း စင်ဂယ်သမားတွေကတော့ ဒီလိုမျိုး ဖိအားပေးခံရတာမျိုးတွေ မရှိဘဲ ဘဝကြီးကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါတယ်။

ဘယ်လိုလဲ… ကွီးတို့ရော ဒီကောင်းကျိုးတွေ ဖတ်ပြီးတော့ တစ်ကိုယ်တည်း စင်ဂယ်သမားတွေကို အားကျနေကြပြီမဟုတ်လား။

Source: Lovepanky

Featured Image: Selliliar.live