ဖက်ရှင်ဆိုတာ ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်မှသာ ကြည့်ကောင်းတာပါ။ ကိုယ်ကြိုက်ရင်ပြီးရော လိုက်ဖက်မှုရှိရှိ မရှိရှိဝတ်မယ်ကွာ ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကိုယ်ဟာ စမတ်ကျကျဝတ်ဆင်ထားမယ်ဆိုရင် ဘယ်နေရာသွားသွား ကိုယ့်ကိုယ်ကို ယုံကြည်မှုရာခိုင်းနှုန်းဟာ အမြဲ ၉၀ရာခိုင်နှုန်းအထက်မှာ ရှိနေမှာဖြစ်ပါတယ်။
အပြဲဒီဇိုင်း
Photo : Pinterest
အပြဲဒီဇိုင်းဘောင်းဘီတွေက ၂၀၀၀ ခုနှစ်နောက်ပိုင်းစပြီး ယနေ့အထိ ခေတ်စားလျက်ရှိတဲ့ဖက်ရှင် တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရဆိုးလောက်တဲ့အထိ ဖြဲထားတဲ့ဒီဇိုင်းတွေ ပြဲရာအမြောက်အများပါဝင်တဲ့ ဘောင်းဘီတွေဒီဇိုင်းတွေကတော့ နေရာတိုင်းဝတ်လို့အဆင်ပြေမှာမဟုတ်ပါဘူး။
အကျပ်ဒီဇိုင်း
Photo : Pinterest
ကိုယ်နဲ့ Fit ဖြစ်တဲ့ Skinny ဘောင်းဘီတွေဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် အရမ်းကျပ်လွန်းတဲ့ Skinny တွေ ဝတ်မိတဲ့အခါ ခြေသလုံးနေရာ တင်နေရာတွေမှာ သိသိသာသာကျပ်ထုပ်နေပြီး ကြည့်ရဆိုးစေမှာဖြစ်ပါတယ်။
Sport ဒီဇိုင်း
Photo : Pinterest
Gym သွားတာမဟုတ် အားကစားလုပ်မှာလည်းမဟုတ်ဘဲ အားကစားဘောင်းဘီအကျပ်တွေနဲ့ သွားလာလှုပ်ရှားနေတာတော့ မျက်စိထဲ တစ်မျိုးကြီးဖြစ်နေမှာဖြစ်ပါတယ်။ အားကစားဘောင်းဘီအကျပ်ဒီဇိုင်းတွေက သူ့နေရာနဲ့သူလိုက်ဖက်မှုရှိအောင် ဝတ်ဆင်ပေးရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
အိတ်ကပ်များများဒီဇိုင်း
Photo : Pinterest
တစ်ခေတ်တစ်ခါကတော့ အိတ်ကပ်အများကြီးပါတဲ့ ဘောင်းဘီတွေ တော်တော်လေးရေပန်းစားသွားခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိဖက်ရှင်ရေစီးကြောင်းအရတော့ အိတ်ကပ်အများကြီးပါတဲ့ ဘောင်းဘီတွေဟာ ခေတ်နဲ့လည်းလိုက်ဖက်မှု သိပ်မရှိတော့သလို ကိုယ့်ကိုလည်းဖက်ရှင်မကျတဲ့ သူတစ်ယောက်ဖြစ်သွားစေနိုင်မှာဖြစ်ပါတယ်။
Featured Photo : Pinterest