ကွာလတီကောင်းတဲ့ စပီကာလေးတွေက သီချင်းနားထောင်ရမှာ အမိုက်စား ဖီလင်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီလိုမျိုး ကွာလတီကောင်းတဲ့ စပီကာတွေဆိုတာကလည်း ကွီးတို့ ရှာဝယ်တတ်မှသာလျှင် ပိုင်ဆိုင်နိုင်တာမျိုးပါ။ ကွီးတို့က စပီကာ အကောင်းစားတွေကိုမှ ကြွေ တယ်ဆိုရင်တော့ အခုဖော်ပြမယ့် မော်ဒယ် အမျိုးအစားတွေထဲက ရှာဝယ်နိုင်ပါတယ်။
(၁) Bose SoundLink Flex စပီကာ
Bose SoundLink Flex စပီကာ ကို ဝယ်သင့်တဲ့ အကြောင်းပြချက် (၄) ချက်ရှိပါတယ်။ ပထမ တစ်ချက်ကတော့ သူ့ရဲ့ အသံပိုင်းဆိုင်ရာပါ။ အသံကွာလတီက ဘာနဲ့မှကို ယှဥ်လို့မရတာပါ။ ပြီးတော့ သူ့ရဲ့ ဒီဇိုင်းပိုင်းပါ။ ထောင်လို့လည်း ရသလို၊ လှဲထားလို့လည်း ရပါတယ်။ နောက်ထပ် အားသာချက်ကတော့ Waterproof နှင့် Dust-proof ဖြစ်တာပါ။ ဖုန်တက်မှာ ရေကြောင့် ပျက်စီးသွားမှာကိုလည်း ပူစရာမလိုပါဘူး။ နောက်ဆုံးအချက်ကတော့ ဖုန်းပြောတဲ့အခါမှာလည်း စပီကာနဲ့ ကြည်ကြည်လင်လင် ကြားချင်တယ်ဆို အသုံးပြုနိုင်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၉ တန်ဖိုးရှိပါတယ်။
(၂) Anker Soundcore Motion Boom Plus
ဒီမော်ဒယ် အမျိုးအစားကတော့ ဘက္ထရီပိုင်းက အမိုက်စားပါ။ တစ်ခါ အားသွင်းပြီးရင် နာရီ ၂၀ ကျော် အသုံးခံပါတယ်။ USB-C လည်း ပါသလို USB-A လည်း ပါပါတယ်။ အသံကွာလတီပိုင်းလည်း အမိုက်စားပါ။ သူ့ရဲ့ တန်ဖိုးကလည်း ၁၁၉ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။
(၃) Tribit StormBox Micro 2
ဈေးနှုန်းလည်း သက်သာရမယ်၊ ကွာလတီပိုင်းလည်း ကောင်းရမယ်၊ ဒီဇိုင်းပိုင်းကလည်း သေးသေးလေးနဲ့ ကျစ်ကျစ်လျစ်လျစ် ဖြစ်နေတာမျိုးကို ရှာနေပါသလား။ ဒါဆိုရင်တော့ Tribit StormBox Micro 2 မော်ဒယ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူ့ဈေးနှုန်းက ဒေါ်လာ ၄၈ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။
(၄) Marshall Middleton
နန်းဆန်တဲ့ အနက်ရောင်လေးကိုမှ ဒီဇိုင်းပိုင်းကလည်း မိမိုက်နေတဲ့ စပီကာ အကောင်းစားလေးကိုမှ ကြွေ နေတယ်ဆိုရင်တော့ Marshall Middleton ကို ရွေးချယ်သင့်ပါတယ်။ သူ့အလေးချိန်ကလည်း ၄ ပေါင်သာ လေးတာကြောင့် ဘယ်သွားသွား သယ်သွားလို့ရပါတယ်။ ဘက္ထရီပိုင်းကလည်း ပြောစရာမလိုအောင် အကြာကြီး ခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။
(၅) Sony SRS-XB100
လျှပ်စစ်ပစ္စည်းတွေထဲမှာ Sony မှ Sony ပဲ ဆိုတဲ့ ကွီးတို့အတွက်တော့ Sony SRS-XB100 မော်ဒယ် အမျိုးအစားလေးရှိပါတယ်။ သူကလည်း ရေမထိ၊ ဖုန်မတက်အောင် ဒီဇိုင်းဆွဲကာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း အမိုက်စားပါပဲ။ အရောင်ကတော့ လိမ္မော်၊ အနက်၊ အပြာနု ဆိုပြီး ရွေးချယ်စရာ (၃) ရောင်ရှိပါတယ်။ ဈေးနှုန်းကတော့ ၅၈ ဒေါ်လာနှင့် ဒေါ်လာ ၆၀ ဆိုပြီး ကိုယ်ဝယ်တဲ့ ဝက်ဘ်ဆိုဒ်ပေါ် မူတည်ကာ အနည်းငယ် ကွာဟမှု ရှိပါတယ်။
(၆) Anker Soundcore Motion X600
ဒီဇိုင်းပိုင်းက မိမိုက်နေတဲ့ နောက်ထပ် အမျိုးအစားကတော့ Anker Soundcore Motion X600 မော်ဒယ်ပဲ ဖြစ်ပါတယ်။ ပရီမီယမ်ဆန်တဲ့ အထိအတွေ့မျိုးကို ပေးစွမ်းမှာဖြစ်ပြီး Waterproof လည်း ဖြစ်ပါတယ်။ အသံကွာလတီပိုင်းကို ဦးစားပေးတဲ့ ကွီးတို့ မရှိမဖြစ် ဝယ်ထားသင့်တဲ့ မော်ဒယ် တစ်ခုပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ပေးချေရမှာ ဖြစ်ပါတယ်။
ကွီးတို့ရော ဘယ်လို စပီကာ မော်ဒယ်အမျိုးအစားတွေကို ကြွေနေပါသလဲ။
Source: Cnet
Featured Image: Techgearlab