အဖြူ အမဲ တီဗွီ ခေတ်ကနေ အခုဆိုရင် ကာလာစုံ မြင်ရတဲ့ စမတ် တီဗွီ ခေတ်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ နည်းပညာတွေရဲ့ အကူအညီနဲ့ လူနေမှု အဆင့်အတန်းကလည်း မြင့်မားလာသလိုပဲ တီဗွီကြည့်ရတဲ့ ခံစားချက်ကလည်း ပြောင်းလဲလို့ လာခဲ့ပါတယ်။
တကယ်လို့ ကွီးတို့က စမတ် တီဗွီ တွေထဲမှာမှ အကောင်းတကာ့ အကောင်းဆုံး စမတ်တီဗွီကို ဝယ်ယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် မော်ဒယ် အမျိုးအစားထဲက ရွေးချယ်နိုင်ပါတယ်။
(၁) Samsung 85” Class QN90C Neo QLED 4K

Photo: Bestbuy
Samsung က စမတ်ဖုန်းတင် မကပါဘူး၊ စမတ် တီဗွီ ဈေးကွက်မှာလည်း နာမည်ကြီးပါတယ်။ ဒီစမတ်တီဗွီကတော့ ၈၅ လက်မ အရွယ်အစားရှိပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၄၉၉ ဒေါ်လာ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ၄ နှစ် ပလန်နဲ့ Protection Plan ထပ်ဆောင်း ဝယ်ချင်ရင်တော့ ဒေါ်လာ ၁၀၄ ဒေါလာ ထပ်ဆောင်းပေးရမှာဖြစ်ပြီး ၅ နှစ်ပလန်နဲ့ ဝယ်ချင်ရင်တော့ ဒေါ်လာ ၁၂၉ ဒေါ်လာ ထပ်ဆောင်းပေးရမှာဖြစ်ပါတယ်။
(၂) Sony MASTER Series BRAVIA XR77A95L

Photo: Binglee
လျှပ်စစ်ပစ္စည်းတွေထဲမှာဆိုရင် Sony ကတော့ ထိပ်တန်းဘရန်း အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ 4K စခရင်မ် Resolution အမျိုးအစားရှိပြီး 3840 x 2160 Pixels ရှိပါတယ်။ HDMI Inputs ၄ ပေါက် ပါဝင်ပြီး အသံပိုင်း ကွာလတီကလည်း အမိုက်စားပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၄၉၉၈ ဒေါ်လာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
(၃) LG OLED 77M3PUA

Photo: CNET
ကြည်တောက်ရှင်းဗားရှင်း လေးနဲ့ စမတ်ကျကျ တီဗွီလေး ကြည့်ချင်တယ်၊ အွန်လိုင်းကနေလည်း Stream လုပ်ပြီး တီဗွီ ကြည့်ချင်တယ်၊ ဒီကြားထဲကမှ ဗွီဒီယို ဂိမ်းလည်း ဆော့ချင်တယ်ဆိုရင်တော့ LG OLED 77M3PUA မော်ဒယ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၄၉၉၆.၉၉ ဒေါ်လာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
(၄) SunBriteTV SB-S2-75-4K-BL

Photo: SunBriteTV
စခရင်မ် အကြီးကြီးကိုမှ သဘောကျတယ်ဆိုရင်တော့ SunBriteTV SB-S2-75-4K-BL အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ဒီအမျိုးအစားက Weatherproof Outdoor အမျိုးအစားဖြစ်တဲ့ အတွက်ကြောင့် ဈေးကလည်း တော်တော်လေးကို မြှောက်ပါတယ်။ ကွီးတို့ ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၁၀၈၁၈.၉၅ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။ သူ့ဈေးကလည်း တော်တော်လေးကို မြှောက်တာဆိုတော့ သူ့ဈေးနဲ့ ကိုက်တဲ့ ကွာလတီကို ပြန်မရမှာတော့ မပူပါနဲ့။
(၅) Hisense U8K

Photo: Tomsguide
ကွီးတို့က ဒေါ်လာ ထောင်ကျော် မပေးချင်ဘူး။ ဒေါ်လာ ၁၀၀၀ အောက်နဲ့ ကွာလတီလည်းကောင်းတဲ့ အမျိုးအစားကို ရှာဖွေနေတယ်ဆိုရင်တော့ Hisense ရဲ့ U8K မော်ဒယ်အမျိုးအစားကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဒီ စမတ် တီဗွီ မော်ဒယ် အမျိုးအစားကတော့ ၅၅ လက်မရှိပြီး Mini-LED QLED 4K အမျိုးအစားပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၉၉ ဝန်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။ 4K ကွာလတီနဲ့ ကြည်တောက်ရှင်း ဗားရှင်းမျိုးကိုမှ သဘောကျတယ်ဆိုရင်တော့ ဒီမော်ဒယ်အမျိုးအစားက ကွီးတို့အတွက်ပါပဲ။
ကွီးတို့ရော ကြည်တောက်ရှင်းဗားရှင်းထဲက ဘယ် စမတ်တီဗွီ အမျိုးအစားကို နှစ်သက်ပါသလဲ။
Source: Cnet
Featured Image: Freepik
