စမတ် နာရီ အမိုက်စား လေးတွေကိုမှ ကြွေတဲ့ ကွီးတို့အတွက် ဒီဇိုင်းအမိုက်စား စမတ်နာရီလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကွာလတီကောင်းကောင်းတဲ့ စွမ်းဆောင်ရည် မြင့်တဲ့ စမတ်နာရီတွေကိုမှ ရွေးချယ်ချင်သူများအတွက် ဒီနာရီလေးတွေကို ရွေးချယ်သင့်ပါတယ်။
(၁) Apple Watch Series 9
Photo : Apple
စွမ်းဆောင်ရည် မြင့်တဲ့ Chip ပြားကို အသုံးပြုထားပြီး စခရင်မ်ကို ထိတွေ့စရာမလိုဘဲနဲ့လည်း မှော်ဆန်ဆန် အသုံးပြုနိုင်တာကတော့ သူံရဲ့ အားသာချက်ပါပဲ။ ဒါ့အပြင် သူ့ရဲ့ Display ကလည်း နှစ်ဆပို တောက်ပလာတာကြောင့် ကွီးတို့က အပြင်ဘက် ရောက်နေရင်တောင်မှ ထင်ထင်ရှားရှား မြင်ရမှာပဲဖြစ်ပါတယ်။ ဖန်ရှင် စုံတဲ့ စမတ် နာရီ အမိုက်စား ကိုမှ အသုံးပြုချင်တယ်ဆိုရင်တော့ Apple Watch Series 9 ကို အသုံးပြုသင့်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၉၉ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။
(၂) Garmin Venu Sq 2
Photo : Hodinky-365
ဒီအမျိုးအစားမှာတော့ ရွေးချယ်စရာ ဆိုဒ်အရွယ်အစား (၃) မျိုးရှိပါတယ်။ ၄၀ မီလီမီတာ ၊ ၄၃ မီလီမီတာ နှင့် ၄၅ မီလီမီတာ သုံးမျိုး သုံးစားရှိပါတယ်။ ရွေးချယ်စရာ အရောင် အမျိုးအစားကလည်း စုံလင်တာကြောင့် ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အားကစား ပြုလုပ်သူများအတွက်လည်း လက်စွဲထားသင့်တဲ့ စမတ်နာရီ တစ်လက်ပဲ ဖြစ်ပါတယ်။
(၃) Samsung Galaxy Watch 6
Photo : Samsung
နောက်ဆုံးပေါ် Samsung အမျိုးအစားကိုမှ ရွေးချယ်ချင်တယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၄ လလောက်ကမှ ထုတ်ထားတဲ့ Samsung Galaxy Watch 6 ကို ရွေးချယ်သင့်ပါတယ်။ eSIM တစ်ကဒ်ပါ ထည့်လို့ရတဲ့ စမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်ပြီး ငွေရောင်၊ မြရောင်၊ Pink Gold အရောင်နှင့် Graphite အရောင်ဆိုပြီး (၄) ရောင် ရွေးချယ်လို့ရပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြား ပေးချေရပါလိမ့်မယ်။
(၄) Apple Watch SE
Photo : Apple
Apple Watch Series 9 ကို သဘောမကျဘူး ဆိုတဲ့ ကွီးတို့အတွက် Apple Watch SE အမျိုးအစားလည်း ရွေးချယ်လို့ ရပါသေးတယ်။ ကွီးတို့က ၄၄ မီလီမီတာ အရွယ်အစားကို ရွေးချင်သလား၊ ဒါမှမဟုတ် ၄၀ မီလီမီတာ အရွယ်အစားကို ကြိုက်နှစ်သက်သလား ရွေးချယ်နိုင်ပါတယ်။ ရေအနက် ၅၀ မီတာ အထိ Water Resistant ရှိတဲ့အတွက်ကြောင့် ရေကူးသမားများအတွက်လည်း သင့်တော်ပါတယ်။ ဘက္ထရီကလည်း ၁၈ နာရီကျော်ကြာ အသုံးခံပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၄၉ ဒေါ်လာ ပေးချေရမှာဖြစ်ပါတယ်။
(၅) Fitbit Versa 4
Photo : Fibit
နောက်ထပ် လူကြိုက်များတဲ့ စမတ်နာရီအမျိုးအစားကတော့ Fitbit Versa 4 ပဲဖြစ်ပါတယ်။ သူ့မှာလည်း ရွေးချယ်စရာ အရောင် (၄) ရောင်ရှိပြီး ဝယ်ယူချင်တယ်ဆိုရင်တော့ ဒေါ်လာ ၁၉၉.၉၅ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။ ခေတ်မီတဲ့ လူနေမှု ဘဝပုံစံကို Fitbit Versa 4 သုံးရင်း နေ့စဥ်ဘဝကို အထာကျကျ ဖြတ်သန်းနိုင်ပါတယ်။
ကွီးတို့ လက်ကောက်ဝတ်ပေါ်မှာရော ဘယ်စမတ်နာရီ မော်ဒယ်အမျိုးအစားက နေရာယူထားပါသလဲ။
Source : Pcmag
Featured Photo : Goodhousekeeping