ကိုယ့်ရဲ့ အိမ်ကို သပ်ရပ်ပြီး ဒီဇိုင်းလှပတဲ့ စာအုပ်စင် တစ်ခု ဖန်တီး ပြီး အလှဆင်တာလောက် မိမိုက်တာ မရှိပါဘူး။ စာအုပ်စင်တွေနဲ့ အလှဆင်ထားခြင်းအားဖြင့် ကွီးတို့က စာပေလိုက်စားတဲ့ ဗဟုသုတ ကြွယ်ဝသူတစ်ယောက်အဖြစ် ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
စာအုပ်စင် တစ်ခု ဖန်တီး ဖို့ များများစားစား မလိုအပ်ပါဘူး။ DIY နည်းလမ်းတွေနဲ့ သေချာ လိုက်လုပ်ကြည့်ပြီး ကိုယ်တိုင် ဖန်တီးမယ်ဆိုရင် ကွီးတို့အတွက် အကုန်အကျ သက်သက်သာသာနဲ့ မိမိုက်နေတဲ့ စာအုပ်စင် တစ်ခု ဖန်တီး နိုင်မှာပဲဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းနဲ့ ပြုလုပ်ပုံ အဆင့်ဆင့်ကို လေ့လာချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းလေးတွေကို လေ့လာနိုင်ပါတယ်။
(၁) စိန်ပွင့် ပုံသဏ္ဍာန် စာအုပ်စင်
Photo: Thespruce
ဒီဇိုင်းလည်း ဆန်းတဲ့ စာအုပ်စင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီစိန်ပွင့် ပုံသဏ္ဍာန် စာအုပ်စင်လေးကို ဖန်တီးနိုင်ပါတယ်။
သူ့ကို ပြုလုပ်ဖို့အတွက် အရင်ဦးဆုံး နံရံပေါ်မှာ အခုလိုမျိုး အကြမ်းထည် အရင်ပြင်လိုက်ပါ။
Photo: Thespruce
ထို့နောက် ပျဥ်ပြား အရွယ်အစားများကို အလယ်မှာ ထားဖို့ အရှည်ဆုံး ပျဥ်ပြားတစ်ချပ်၊ အလယ်မှာထားမယ့် ပျဥ်ပြားကိုမှ ဘေးဘက်မှာ စီရီသွားမယ့် ဆင်တူ ပျဥ်ပြား နှစ်ချပ်စီ လိုအပ်ပါမယ်။
Photo: Thespruce
ပျဥ်ပြားတွေ အားလုံး ရယ်ဒီဖြစ်ပြီဆိုရင်တော့ နံရံပေါ်မှာ ထောက်တိုင်ကို အရင်ပြင်ဆင်ပါ။ ပြီးမှ ပျဥ်ပြားများကို တစ်ချပ်ချင်းစီ တင်ရိုက်လိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့ လိုချင်တဲ့ စိန်ပွင့် ပုံသဏ္ဍာန် စာအုပ်စင် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
(၂) နံရံကို မှီထားတဲ့ ခပ်စောင်းစောင်း စာအုပ်စင်
Photo: Fishandbull
ရိုးရိုးရှင်းရှင်း စာအုပ်စင် တစ်ခု ဖန်တီးချင်တယ်ဆိုရင်တော့ ဒီစာအုပ်စင်မျိုးကို ဖန်တီးပြုလုပ်နိုင်ပါတယ်။
စာအုပ်စင်က အောက်ဆုံးအထပ်ကနေ အပေါ်အထပ်အထိ တဖြည်းဖြည်း သေးသွားရမှာ ဖြစ်ပါတယ်။ အောက်ဆုံး အဆင့် ပျဥ်ပြားက အကြီးဆုံး ပျဥ်ပြား ဖြစ်ရပါမယ်။ ဘေးနှစ်ဖက်က ဒေါင်လိုက် ပျဥ်ပြားချပ်ကလည်း ကိုယ်ထည် တောင့်တောင့်တင်းတင်းရှိဖို့ လိုအပ်ပါတယ်။
ဒီစာအုပ်စင်ပေါ်မှာ ရောင်စုံ မီးလုံးလေးတွေ တပ်ဆင်ပြီးလည်း ကွီးတို့ စိတ်ကြိုက် အလှဆင်နိုင်ပါသေးတယ်။
(၃) သက်တံပုံ စာအုပ်စင်
Photo: Abeautifulmess
နောက်ထပ် အိုင်ဒီယာဆန်းတဲ့ စာအုပ်စင်လေးကတော့ သက်တံပုံ စာအုပ်စင်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်စင်လေးက အိမ်နံရံနဲ့ ကပ်ရိုက်ထားတဲ့ စာအုပ်စင် ဒီဇိုင်းလေးဖြစ်ပါတယ်။
ပြုလုပ်နည်းကလည်း ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ သက်တံပုံ ဆိုလို့လည်း တကူးတကကြီး များများစားစား မလိုအပ်ပါဘူး။ စာအုပ်တွေကို အရောင်အလို စီထားတာမျိုးကို ဆိုလိုတာပါ။ စာအုပ်စင်က အကောင်အထည် ဖော်သွားပြီဆိုရင် စာအုပ်တွေကို အရောင်တူရာအလိုက် စုထားပြီး ကွီးတို့ ဧည့်ခန်းကို အခုလိုမျိုးပဲ အလှဆင်ထားနိုင်ပါတယ်။
အိမ်ဝင်ဝင်ချင်း ဧည့်ခန်းကို ဘယ်လိုမျိုး အလှဆင်ရမှန်းမသိတဲ့ ကွီးတို့အတွက် အိုင်ဒီယာဆန်းတဲ့ အမိုက်စား စာအုပ်စင်တစ်ခုပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်အိမ်က စာအုပ်စင်ကို ဘယ်လိုမျိုး ဒီဇိုင်းနဲ့ ပုံဖော်ချင်ပါသလဲ။
Source: Abeautifulmess
Featured Image: Freepik