ဂီတက ကွီးတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်ပါသလား ? ဟုတ်ပါတယ်။ ဂီတမှာ ကွီးတို့ မမြင်နိုင်တဲ့ စွမ်းအားတွေ များစွာ ကိန်းအောင်းနေပြီး စိတ်ခံစားမှုတွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ဓာတ်တွေ ဂိတ်ဆုံးထိ ထိုးကျနေချိန်မှာ နားထောင်သင့်တဲ့ သီချင်း ကောင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) Warning – Incubus
Source : Incubus
ကွီးတို့ရဲ့ လက်ရှိ ဘဝဟာ အရမ်းကို တန်ဖိုးရှိပြီး နေ့ရက်တိုင်းကို အကျိုးရှိစွာ ဖြတ်သန်းတက်ဖို့ လိုအပ်ကြောင်းကို ဒီသီချင်းလေးက သတိပေးနေပါတယ်။ စိတ်ဓာတ်တွေကျနေတဲ့အချိန်တွေအတွက် အကောင်းဆုံး ကုစားနိုင်မယ့် သီချင်း ကောင်းတစ်ပုဒ်ပါ။
(၂) Beautiful – Christina Aguilera
Source : J Maielo
ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ၊ ဘေးလူတွေရဲ့ ပြောစကားတွေကို နားမထောင်မိစေဖို့ ဒီသီချင်းလေးက ကွီးတို့ကို ပြောပြပေးနေပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံပြီး ချစ်တက်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား ?
(၃) You Can’t Always Get What You Want – The Rolling Stones
Source : The Rolling Stones
“You can’t always get what you want . But if you try sometime you find. You get what you need” ဆိုတဲ့ သီချင်းစာသာလေး အတိုင်းပါပဲ။ ဘဝမှာ စာရေးသူတို့ လိုချင်တာတွေ အမြဲတမ်း မရနိုင်ပါဘူး။ ဒါပေမယ့် ကြိုးစားနေသ၍တော့ တစ်ချိန်ချိန်မှာ လိုအပ်သမျှအရာတွေကို ပိုင်ဆိုင်နိုင်မှာပါ။
(၄) Phlex – Blindspott
Source : Blindspott
ဒီသီချင်းကတော့ နည်းနည်းလေး ဝမ်းနည်းစရာကောင်းတဲ့ သီချင်း တစ်ပုဒ်လို့ ထင်ရပေမယ့် ဘဝကို အကောင်းဆုံး ရှင်သန်နေထိုင်သွားဖို့အတွက် လိုအပ်တဲ့ စိတ်ခွန်အားတွေကို ပေးနေပါတယ်။
(၅) Unstoppable – Sia
Source : Sia
ဘဝအတွက် လိုအပ်နေတဲ့ စိတ်ခွန်အားတွေ ၊ စိတ်အားတက်ကြွမှုတွေကို Sia ရဲ့ Unstoppable သီချင်းလေးကနေ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
(၆) This is Me – Keala Settle
Source : Atlantic Records
The Greatest Showman ရုပ်ရှင်ထဲက ဇာတ်ဝင်တေးတစ်ပုဒ် ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို ကျော်လွှားပြီး အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ဆောင်နိုင်မယ့် စိတ်ခွန်အားတွေကို ဒီ သီချင်း ကနေ ပေးစွမ်းနေပါတယ်။
(၇) Try – Pink
Source : P!nk
“But just because it burns, doesn’t mean you’re gonna die. You gotta get up and try, and try, and try” သိပ်ကို ခွန်အားပြည့်စေတဲ့ စာသားလေးပါ။ ကွီးတို့ စိတ်အားတက်ကြွမှုတွေ ၊ ကြိုးစားချင်စိတ် များစွာ ဖြစ်ပေါ်စေဖို့ ဒီ သီချင်း က တွန်းအားပေးနေမှာ ဖြစ်ပါတယ်။
Source : Your Winning Path
Featured Photo : Limerick Mental Health Association