လူတိုင်းလူတိုင်းမှာ စိတ်ပူပန် သောကရောက်စရာများ ကိုယ်စီ ကိုယ်စီရှိတတ်ကြပြီး ကွီး တို့သည်လည်း ထိုကဲ့သို့ စိုးရိမ်စိတ်များတဲ့ သူတစ်ယောက်ဆိုရင်တော့ စားသုံးသင့်တဲ့ အစားအစာ များရှိပါတယ်။

အချဉ်ဖောက်ထားသော အစားအစာများ

စိတ်ပူပန် ကွီး အစားအစာ

အချဉ်ဖောက်ထားသော အစားအစာများထဲတွင် Probiotics များ ပါဝင်ပြီး ထိုအစားအစာများကို စားသုံးပေးပါက အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပြီး စိတ်ဖိစီးမှုများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ချယ်ရီသီးများ

စိတ်ပူပန် ကွီး အစားအစာ

ချယ်ရီသီးများထဲတွင် ပါဝင်တဲ့ Antioxidants များသည် စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုများကို လျော့ချပေးကာ ပျော်ရွှင်ခြင်းဟော်မုန်းတို့ကိုလည်း တိုးမြှင့်ပေးပါတယ်။

Dark Chocolate

စိတ်ပူပန် ကွီး အစားအစာ

Dark Chocolate ကတော့ စိတ်ပူပန် မှုများပြားနေတဲ့ ကွီး တို့အတွက် အကောင်းဆုံး အစားအစာပဲဖြစ်ပါတယ်။ သူ့ကို အနည်းငယ်မျှ စားသုံးပေးရုံနဲ့တင် စိတ်ဖိစီးစရာများ တဖြည်းဖြည်းချင်းလျော့ပါးသွားသလိုခံစားရမှာဖြစ်ပါတယ်။

Chamomile လက်ဖက်ရည်

စိတ်ပူပန် ကွီး အစားအစာ

Chamomile လက်ဖက်ရည်သည်လည်း စိတ်တည်ငြိမ်ရန်ကူညီပေးတဲ့နေရာမှာ နာမည်ကြီးပါပဲ။ ဒါ့အပြင် သူသည် ညဘက်မှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့အတွက်လည်း ကူညီပေးပါသေးတယ်။

ကီဝီသီးများ

စိတ်ပူပန် ကွီး အစားအစာ

ကီဝီသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် ဖောလိတ်ဓာတ်တို့သည် စိတ်ဖိစီး ပူပန်စရာများကို လျော့ချပေးပြီး ပျော်ရွှင်မှုဟော်မုန်းများကို တိုးမြှင့်ပေးပါတယ်။

ပင်လယ်စာ

စိတ်ပူပန် ကွီး အစားအစာ

တစ်ပတ်လျှင် ပင်လယ်စာ ၈ အောင်စမှ ၁၂ အောင်စအထိ စားသုံးပေးခြင်းသည် ကျန်းမာရေးအတါက် များစွာအကျိုးပြုပါတယ်။ အိုမီဂါသရီးဓာတ် ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ တူနာငါးနှင့် ငါးသေတ္တာငါးတို့ စားသုံးပေးခြင်းအားဖြင့် စိတ်ဖိစီးမှုများကို ဖယ်ရှားလိုက်ပါ။

ထောပတ်သီး

food for kwee

ထောပတ်သီးထဲမှာပါဝင်တဲ့ ဗီတာမင် B6 နှင့် မဂ္ဂနီစီယမ်ဓာတ်၊ အမျှင်ဓာတ်တို့သည် ဦးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးဖို့ရန်အတွက် အသင့်တော်ဆုံး အစားအစာတစ်ခုပါပဲ။

ပဲအမျိုးမျိုး

food for kwee

ပဲအမျိုးမျိုးကို ကိုယ့်ရဲ့အကြိုက်ပေါ်မူတည်ပြီး အမျိုးမျိုးလုပ်စားနိုင်ပါတယ်။ ပဲအမျိုးမျိုးထဲတွင် Antioxidants ၊ ဗီတာမင် B6 နှင့် မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး စိတ်ဖိစီးမှုများပြီး စိတ်ပူပန် တတ်တဲ့ ကွီး တို့အတွက် အကောင်းဆုံး အစားအစာ တစ်မျိုးပဲဖြစ်ပါတယ်။

ဒိန်ချဉ်

food for kwee

ဒိန်ချဉ်ဆိုရင်တော့ အချိုအရသာများ ထည့်ထားတဲ့ ဒိန်ချဉ်ထက်စာရင် ဘာမှမရောထားတဲ့ ဒိန်ချဉ်စစ်စစ်က ပိုမိုအစွမ်းထက်ပါတယ်။ ဒိန်ချဉ် စားသုံးပေးခြင်းသည် အစာအိမ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပြီး စိတ်ဖိစီးမှုများကို ပြေလျော့စေပါတယ်။

နွားနို့

food for kwee

နွားနို့ကတော့ အရိုးအဆစ်များကို ကြံ့ခိုင်သန်မာစေတဲ့ အစားအစာတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်သည် လုံလောက်တဲ့ မဂ္ဂနီစီယမ်ဓာတ်ကို မရရှိပါက စိတ်ဖိစီးမှုများကို ခံစားရလေ့ရှိပါတယ်။ ဒါ့ကြောင့် နွားနို့ထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်အပြင် ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်ဓာတ်တို့ကိုလည်း ခန္ဓာကိုယ်က ရရှိဖို့ရန်အတွက် ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

Source: Redbookmag

Featured Image: iStock