အာရုံတွေ ထွေပြား စိတ်တွေ ဝေဝါးနေတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာ ဂိမ်း လေးတွေ ကစားတာဟာ စိတ်ပျော် စေဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ စိတ်ညစ်နေတဲ့အချိန် ၊ ဘာကိုမှ အာရုံကောင်းကောင်း မစိုက်နိုင်တဲ့ အချိန်တွေမှာ ညစ်နေသမျှ ဝေးဝေးပြေးစေဖို့ ပေါ့ပေါ့ပါးပါး ဆော့ကစားလို့ရမယ့် အမိုက်စား စိတ်ပျော် ဂိမ်း လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) Four In A Row

Photo : Siachen Studios
ဒါကတော့ ငယ်ငယ်ကအမှတ်တရတွေကို ပြန်လည်တူးဆွပေးမယ့် စိတ်ပျော် ဂိမ်း လေးပါ။ အရောင်တူ ၄ ခု အရင်ဆုံး တန်းတဲ့သူက အနိုင်ဖြစ်ပြီး ပြိုင်ဘက်ကစားသမားနဲ့ ဗျူဟာကျကျ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပျော်စရာကောင်းသလို စိတ်လက်ပေါ့ပါးစေမယ့် အမိုက်စား ဂိမ်းလေး ဖြစ်ပါတယ်။
(၂) PinOut

Photo : Siachen Studios
Pinball ဂိမ်းတွေ စပေါ်ခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်ပေမယ့် အခုချိန်အထိဆော့လို့ကောင်းနေတဲ့ ပျော်စရာ ဂိမ်း လေးတစ်ခု အဖြစ်ရှိနေပါတယ်။ ဒီဂိမ်းလေးကို ငယ်ငယ်က Family Game စက်လေးတွေ ၊ PS1 ဂိမ်းလေးတွေအနေနဲ့ ကစားခဲ့ဖူးကြပါလိမ့်မယ်။ အခုတဖန် မိုဘိုင်းလ်အနေနဲ့ ထွက်ထားပြီး Free to Play ဆော့ကစားနိုင်မှာ ဖြစ်တာကြောင့် PinOut ဂိမ်းလေးကို ကွီးတို့ဆော့ကစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
(၃) We Become What We Behold

Photo : Siachen Studios
ဒီဂိမ်းလေးကတော့ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ဆော့ကစားလို့ရတဲ အမိုက်စား စိတ်ပျော် ဂိမ်း လေးဖြစ်ပါတယ်။ ဂိမ်းပုံစံက အရမ်းရိုးရှင်ပြီး နားလည်ရလွယ်ပါတယ်။ Game ရဲ့ Graphics က ကာတွန်းဆန်ပေမယ့် မြင်တွေ့နေကျပုံစံ မဟုတ်တာကြောင့် အမြင်ဆန်းစေပါတယ်။ Players တွေအနေနဲ့ စခရင်ပေါ်မှာရှိတဲ့ လူတွေကြားက အဖြစ်အပျက်တွေကို Camera Window နှိပ်ပြီး Control လုပ်နိုင်ပါတယ်။ ဒီဂိမ်းလေးကလည်း Free to Play ကစားနိုင်ပါတယ်။
(၄) Vector
Photo : Siachen Studios
ဒီဂိမ်းလေးကတော့ ဆိုက်ပရပ်စ်အခြေစိုက် ဂိမ်းစတူဒီယို Nekki ကနေ ဖန်တီးလိုက်တဲ့ Runner ဂိမ်းလေး ဖြစ်ပါတယ်။ Windows နဲ့ Mobile အတွက်ကို ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ Free ကစားလို့ရတဲ့အပြင် ဂိမ်းပုံစံက ရိုးရိုးရှင်းရှင်းလေးမို့ ပေါ့ပေါ့ပါးပါး စိတ်ပျော် ဂိမ်းလေးတွေ ဆော့ချင်သူတွေအနေနဲ့ လုံးဝအကြိုက်တွေ့ စေမှာပါ။
Featured Photo : Business Insider

