ခရီးတစ်ခုသွားဖို့ စီစဥ်ရတာသည် လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အင်မတန် ခေါင်းခဲရတဲ့ ကိစ္စတစ်ခုပါပဲ။ အထူးသဖြင့် ငွေပမာဏ နည်းနည်းနဲ့ ခရီးသွားချင်တယ်ဆိုရင် ပိုလို့တောင် ခေါင်းခဲရပါတယ်။ တခါတလေမှာ စုဆောင်း ထားသမျှတွေ အကုန်လုံး သုံးပစ်ပြီး ခရီးသွား ချင်တဲ့ စိတ်တွေတောင် ပေါ်လာတတ်ပါတယ်။

ခရီးတစ်ခါ ထွက်ဖို့အတွက် အချိန်အကြာကြီး စုဆောင်း ထားတဲ့ ပိုက်ဆံတွေကို ခရီးသွား ဖို့ တစ်ခုတည်းအတွက် သုံးပစ်တော့မလို့လား။ ဒါဆိုရင်တော့ ဘာ့ကြောင့် ပိုက်ဆံ စုခဲ့သလဲဆိုတာ ပြန်စဥ်းစားလိုက်ပါဦး။

ပိုက်ဆံ အကုန်အကျနည်းနည်းနဲ့ ခရီးသွားနိုင်မယ့် နည်းလမ်းတွေက မရှိတာတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ကွီးတို့သာ ကြံဖန်တတ်မယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းကတော့ ကွီးတို့ကို ငွေပမာဏ နည်းနည်းနဲ့ ပျော်ပျော်ပါးပါး ခရီးထွက်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ဘော်ဒါတွေ အများကြီး စုပြီး ခရီးသွားပါ

ဘော်ဒါ

ဘော်ဒါတွေနဲ့ သွားတာဆိုတော့ ကုန်ကျစရိတ်တွေကို အတူတူ မျှခံလို့ရပါတယ်။ တစ်ယောက် (သို့) နှစ်ယောက်တည်း သွားတဲ့အခါ ကုန်ကျစရိတ် ပိုများပြီး တည်းခိုစရိတ်တွေ၊ လည်ပတ်စရိတ်တွေက ပိုမိုကုန်ကျနိုင်ပါတယ်။ အားလုံးအတူတူ စုသွားပြီး ဘုံညီတူ ညီမျှ ခွဲလိုက်မယ်ဆိုရင် ၅ သိန်းတန်ခရီးက ၅ သောင်းနဲ့လည်း ပြတ်သွားနိုင်ပါတယ်။

သေသေချာချာ စီမံပါ

စုဆောင်း ခရီးသွား

ဘတ်ဂျက်ခရီး ဖြစ်တဲ့အတွက်ကြောင့် မီးစင် ကြည့်က မယ်ဆိုပြီး လုပ်လို့ မရပါဘူး။ အစကတည်းက သေသေချာချာ စီမံထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်သွားလည်မယ့် မြို့မှာ အမျိုးတွေ ရှိရင်တော့ အကောင်းဆုံးပဲပေါ့။ ဘာဘာညာညာလေးနဲ့ ကန်တော့လိုက်ရင် တည်းခိုစရိတ်၊ စားသောက်စရိတ်က ထက်ဝက်လောက် သက်သာသွားပါလိမ့်မယ်။ ဒီနည်းလမ်းက အမြဲတမ်းတော့ အသုံးမတည့်ပါဘူး။ တော်ကြာ အမျိုးအိမ်က ကွီးတို့နာမည်ကြားတာနဲ့ သွေးတိုးနေပါဦးမယ်။

ဈေးကြီးတဲ့ နေရာမှာ မတည်းပါနဲ့

စုဆောင်း ခရီးသွား

ကွီးတို့သွားတဲ့ခရီးသည် Luxury ခရီး မဟုတ်ဘူးဆိုတာကို သတိရပါ။ စုဆောင်း ထားသမျှ အကုန်လုံးကို ခရီးသွား ရင်း အားလုံး သုံးပစ်မှာမဟုတ်ပါဘူး။ စုဆောင်းထားတဲ့အထဲက ၅ ပုံ ပုံ ၁ ပုံကိုသာ သုံးမှာဖြစ်ပါတယ်။ အဲ့ဒါ့ကြောင့် ဟိုတယ်တွေ ရွေးတဲ့အခါ Sea View ရမှ တည်းမယ်၊ ရေကူးကန်လေးရော ပါရဲ့လား စသည်ဖြင့် ကြေး(ချေး)များ မနေပါနဲ့။ ကွီးတို့ရဲ့ Goal က ခရီးသွားဖို့လား၊ ဟိုတယ်မှာ အိပ်ဖို့လား ပြန်မေးကြည့်လိုက်ပါ။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ကျောတခင်းစာလောက်ကလေး သက်သောင့်သက်သာ အိပ်လို့ရရင် ရပြီမဟုတ်လား။ ကွီးတို့ရဲ့ အဓိက ဦးစားပေးက ပျော်ပျော်ပါးပါး ခရီးသွားဖို့ဆိုတာ သတိရပါ။

ဈေးကြီးတဲ့ စားသောက်ဆိုင်တွေ မရွေးပါနဲ့

restaurant

တနေကုန် လည်ပတ်ထားလို့ နေ့လည်စာ စားမယ်၊ ညစာ စားမယ်ဆိုရင်လည်း ဈေးကြီးတဲ့ စားသောက်ဆိုင်တွေဆီ ယောင်လို့တောင် ခြေဦးမလှည့်ပါနဲ့။ ဂျင်းအကြီးကြီး မိသွားပါလိမ့်မယ်။ ဒါ့ကြောင့် မသွားခင်ကတည်းက ဘယ်နေရာတွေက ဈေးအသင့်အတင့်နဲ့ စားလို့ကောင်းသလဲဆိုတာကို လေ့လာပါ။ တွေ့ကရာဆိုင်တစ်ဆိုင်ဆိုင် ဝင်စားမယ်လို့ မလုပ်ပါနဲ့။ တခြားမြို့ကလူတွေပဲဆိုပြီး ဂျင်းအကြီးကြီး ကျွေးပါလိမ့်မယ်။

လူသွားများတဲ့ အချိန်တွေကို ရှောင်ပါ

စုဆောင်း ခရီးသွား

ပွဲတော်ရာသီများ၊ ရုံးပိတ်ရက်ရှည်များ၊ အားလပ်ရက်ရှည်များသည် ခရီးသွားလို့ကောင်းတဲ့ အချိန်ပဲဖြစ်ပါတယ်။ ခရီးသွားလို့ ကောင်းတဲ့ လူအများကြီး ခရီးသွားကြမယ်။ အဲ့ဒီ့အချိန်မှာ ဟိုတယ် တည်းခိုခတွေ၊ ကားခ၊ လေယာဥ်လက်မှတ်ခများသည် မိုးထိုးနေအောင် ဈေးမြှောက်နေမှာဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ ခရီးသွားရင်တော့ ဂျင်းမိမှာ ဖြစ်ပါတယ်။ လူများတဲ့အတွက်ကြောင့် အေးအေးဆေးဆေး လည်ပတ်ဖို့လည်း မမျှော်လင့်ပါနဲ့တော့။ တကယ်လို့ ကွီးတို့က အေးအေးလူလူ လည်ပတ်ချင်ပြီး စရိတ်စခ သက်သက်သာသာနဲ့ သွားလာချင်တယ်ဆိုရင်တော့ လူသွားနည်းတဲ့ အချိန်တွေကို ရွေးချယ်ကာ သွားလာသင့်ပါတယ်။

ကွီးတို့ရော ဘတ်ဂျက်ခရီး စီစဥ်ရင် ဘယ်လိုမျိုး စီစဥ်လေ့ရှိပါသလဲ။

Source: Nerdwallet

Featured Image: Freepik