စူပါကွန်ပြူတာ ကတော့ အာဆင်နယ်အသင်းဟာ အခုလာမယ့်မေလထဲမှာ ပရီးမီးယားချန်ပီယံ လိဂ်ဖလားကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ပေးလိုက်ပါတယ်။

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့် အသင်းစာရင်းမှာ အာဆင်နယ်က နံပါတ် ၁ နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ လီဗာပူးအသင်းနဲ့ တတိယနေရာမှာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံ မန်စီးတီး အသင်းတို့ အသီးသီး ရပ်တည်နေကြပါတယ်။

Photo : The Sun

အက်စတွန်ဗီလာအသင်းကတော့ ယခုအပတ်အတွင်း ချန်ပီယံလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အဆင့် ၄ နေရာမှာ ပါဝင်လာခဲ့ပါတယ်။ ဒီဒေတာတွေဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်တွေ ၊ ရာသီကြိုရလဒ်တွေ ၊ လက်ရှိရာသီနဲ့ တစ်နှစ်ပတ်လုံးရလဒ် အချက်အလက်တွေအပေါ်မူတည်ပြီး တွက်ချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စူပါကွန်ပြူတာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေနေ့က အာဆင်နယ် ဝက်စ်ဟမ်းကို ၆ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဂန်းနားတွေက လီဗာပူးကို ကျော်ဖြတ်ပြီး ဒီရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထုတ်ပြန်ပေးလိုက်တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးချန်ပီယံဆုဖလားကို သိမ်းပိုက်ဖို့ ဖြစ်နိုင်ချေ ၃၉.၃ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ချေ ၃၅.၈ ရာခိုင်နှုန်းနဲ့ မန်စီးတီးကတော့ ၂၄.၈ ရာခိုင်နှုန်းသာ ရှိပါတယ်။ ချန်ပီယံဆုဖလားအတွက် နောက်ထပ်အနီးစပ်ဆုံး စိန်ခေါ်နိုင်သူတွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ အက်စတွန်ဗီလာတို့ကတော့ ဖြစ်နိုင်ချေ သုည ရာခိုင်နှုန်း ထက် ပိုစံချိန်တင်နိုင်ခဲ့ပြီး ၂ သင်းလုံး ၀.၁ ရာခိုင်နှုန်း ရှိပါတယ်။

စပါးနည်းပြ ပေါ့စတီကိုဂလူကတော့ အဆိုပါ ရာခိုင်နှုန်း ခန့်မှန်းချက်တွေအပေါ် ပေါက်ကွဲနေပြီး ” ၀.၁ ရာခိုင်နှုန်းဆိုတာ ဘာကိုပြောတာလဲ ၊ ဒါဆို ကျွန်တော်တို့မှာ အခွင့်အရေးရှိနေတုန်းပါ။ ဆက်သွားရမှာပါ။ ဒါနဲ့ပတ်သတ်ပြီး ပြဿနာမရှိပါဘူး။ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေတုန်းပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အကယ်၍ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပါက တော့တင်ဟမ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်နေတော့မှာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ဒီရာသီဥရောပပြိုင်ပွဲတွေအတွင်း မန်စီးတီးနဲ့ ပြိုင်ဘက် အာဆင်နယ်အသင်းတို့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းသလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေမှာ ဖြစ်ပါတယ်။

အံ့အားသင့်စရာ တစ်ခုကတော့ စူပါကွန်ပြူတာအနေနဲ့ နယူးကာဆယ်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာကို ရရှိထားပြီး ဒီရာသီမှာ အဆင်မပြေမှုတွေ ရှိနေပေမယ့် အဆင့် ၆ နေရာမှာ ရပ်တည်နေတယ်လို့ ခန့်မှန်းပေးထားတာ ဖြစ်ပါတယ်။

Supercomputer

Photo : The Sun

ဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာပဲ ပါဝင်နိုင်တော့မှာဖြစ်ပြီး အဆင့် (၇) နေရာကို ရောက်ရှိသွားနိုင်တဲ့အတွက် ရလဒ်အနေနဲ့ နည်းပြ အဲရစ်တန်ဟက်ဟာ ရာသီကုန်မှာ အသင်းကနေ ထုတ်ပယ်ခံရချေ ရှိနေတာဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်ကတော့ မကြာသေးမီက လူတန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း တန်းဆင်းရမယ်လို့ ခန့်မှန်းခံထားရပြီး နည်းပြကွန်ပနီရဲ့ ဘန်လေအသင်းနဲ့ လူတန်အသင်းတို့လည်း ပါဝင်နေပါတယ်။ ဒီထဲမှာ လူတန်ကတော့ တန်းဆင်းရမယ့် အခြေအနေကနေ လွတ်ဖို့အနီးစပ်ဆုံးအသင်းတစ်သင်း ဖြစ်နေပေမယ့်လည်း တန်းဆင်းဇုံရဲ့အပေါ် အဆင့်မှာရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ၅ မှတ်ကွာဟ နေပါတယ်။

Featured Photo : Sports Brief