Sia သည် သြစတြေးလျလူမျိုး အဆိုတော်နှင့် သီချင်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ(မ)ရဲ့ နာမည်အပြည့်အစုံကတော့ Sia Kate Isobelle Furler ဖြစ်ပြီး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ၊ ၁၈ ရက်နေ့တွင် သြစတြေးလျမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
သူ(မ)မှာ ထူးခြားတဲ့အသံ ပိုင်ဆိုင်ထားပြီး အမြင့်သံတွေကိုလည်း သီဆိုနိုင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ သူ(မ)သည် အနုပညာလမ်းကြောင်းပေါ်သို့ ၁၉၉၀ ပြည့်နှစ်အလယ်လောက်က Acid Jazz တေးဂီတအဖွဲ့နဲ့အတူတူ ဝင်ရောက်လာတာဖြစ်ပါတယ်။
ထိုအဖွဲ့သည် ၁၉၉၇ ခုနှစ်တွင် ဖျက်သိမ်းလိုက်သောအခါ သူ(မ)ရဲ့ စိုလိုအယ်လ်ဘမ်ကို OnlySee ဆိုတဲ့အမည်ပေးပြီး သြစတြေးလျတွင် ဖြန့်ချီခဲ့တာဖြစ်ပါတယ်။
သူ(မ)သည် သီချင်းဆိုတဲ့အခါ အမိုက်စားအသံပါဝါဖြင့် သီဆိုဟစ်ကျူးလေ့ရှိပြီး သူ့ပရိသတ်များကလည်း သူ(မ)ရဲ့ ဖျော်ဖြေတင်ဆက်မှုကို အကြိုက်ကြီးကို အကြိုက်တွေ့နေတတ်ကြပါတယ်။
သူ(မ) သီဆိုထားတဲ့ သီချင်းများအနက်မှ လတ်တလောတွင် ရေပန်းအစားဆုံးဖြစ်နေတဲ့ သီချင်းကောင်းများကို သီချင်းချစ်သူကွီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
Numb
Source: Sandrine Sunset
ဒီသီချင်းကတော့ Sia ရဲ့ ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးသည် စိတ်ကျစရာများနှင့် စိတ်စွဲလမ်းစရာများနှင့် ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို သီဆိုထားတာဖြစ်ပါတယ်။
Unstoppable
ဒီသီချင်းလေးကတော့ စိတ်ခွန်အား ဖြည့်ပေးမယ့်သီချင်းလေးဖြစ်ပါတယ်။ ၂၀၁၆ အိုလံပစ်ဂိမ်းတုန်းကလည်း Remixed သီချင်းအနေနဲ့ ပြန်လည်သီဆိုထားပါသေးတယ်။
Big Girls Cry
ဒီသီချင်းလေးထဲမှာတော့ သူ့ရဲ့အသံပါဝါပြင်းပြင်းနဲ့ သီချင်းထားတာကို တွေ့မြင်ရမှာဖြစ်ပြီး သီချင်းစာသားများကလည်း အဓိပ္ပာယ်အပြည့်နဲ့ နားဆင်သူကို ဖမ်းစားထားတာကို တွေ့မြင်ရပါလိမ့်မယ်။
Burn The Pages
ဒီသီချင်းလေးကတော့ တစ်စုံတစ်ယောက်က ကိုယ့်ကို အကြံပေးနေတဲ့ပုံစံအတိုင်း သီဆိုထားတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ နောင်တတရားနဲ့ပြည့်နှက်နေတယ်လို့ ခံစားရတဲ့အခါ ဒီသီချင်းလေးကိုသာ နားဆင်ကြည့်လိုက်ပါ။
The Greatest
ဒီသီချင်းကတော့ International Debut အဖြစ် ဖြန့်ချီခဲ့တာဖြစ်ပြီး Sia အတွက်တော့ ခုနှစ်ကြိမ်မြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပါတယ်။ Sia ကတော့ အတိအလင်း ပြောပြမထားပေမယ့် သူ့ပရိသတ်တွေကတော့ ဒီသီချင်းသည် Orlando’s Pulse နိုက်ကလပ်မှာ သေနတ်ပစ်ခံလိုက်ရတဲ့သူတွေကို ရည်ညွှန်းသီဆိုထားတာဖြစ်တယ်လို့ ထင်ကြေးပေးထားပါတယ်။
The Fight
The Fight ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ ဘဝကြီးကို အကောင်းဘက်က ရှုမြင်ပြီး ကိုယ့်ရဲ့အားနည်းချက်ကို ငြင်းပယ်မထားဘဲ ရှုံးနိမ့်မှုတွေကို အကောင်းဆုံး အနိုင်ယူရမှာဖြစ်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။
Breathe Me
ဒီသီချင်းသည် ထွက်ရှိကတည်းက ဘယ်လောက်တောင် လူကြိုက်များခဲ့လည်းဆိုရင် US မှာတင် သီချင်းခွေပေါင်း ၁.၂ သန်းခန့် ရောင်းချခဲ့ရတာဖြစ်ပါတယ်။
Titanium
ဒီသီချင်းလေးကတော့ Sia သည် Katy Perry တို့ Alicia Keys တို့လို အဆိုတော်တွေအတွက် ရည်ညွှန်းပြီး ရေးခဲ့တာလို့ ပြောခဲ့ပါတယ်။ နောက်ကျမှ ပြင်သစ် DJ သမား David Guetta က သူ(မ)ရဲ့အသံနဲ့ ပိုလိုက်တယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့် သူတို့နှစ်ယောက် Collaborate အတူတူ လုပ်ဖြစ်သွားခဲ့တာပါ။
Elastic Heart
သင်သည် ကွဲနေတဲ့ နှလုံးသားကို ပြန်လည်ပြုပြင်နေရတယ်ဆိုရင်တော့ ဒီသီချင်းလေးက သင့်အတွက်ပါပဲ။ အသည်းကွဲနေတဲ့ အခြေအနေကနေ မြန်မြန်ရုန်းထွက်နိုင်ဖို့ ခွန်အားတွေ ပေးနေမယ့်သီချင်းတစ်ပုဒ်ပါ။
Chandelier
တင်ဆက်မှုအမိုက်စားနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သူ(မ)ရဲ့သီချင်းတွေထဲမှာ Chandelier ကိုလည်း ချန်ထားလို့မရပါဘူး။ ဒီသီချင်းသည် စစထွက်ချင်းမှာပဲ နိုင်ငံပေါင်း ၂၀ နိုင်ငံမှာ Top 5 အတွင်း ဝင်ခဲ့သည်အထိ လူကြိုက်များတဲ့သီချင်းပဲဖြစ်ပါတယ်။
Source: Chaospin.com
Featured Image: PopCrush