ခရီးသွားခြင်းက လူသားတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အမှန်တကယ်ပင် အကျိုးပြုပါတယ်။ လူတော်တော်များများ အပန်းဖြေချင်လို့ ဖြစ်စေ၊ အလုပ်ကိစ္စနဲ့ ဖြစ်စေ၊ လေ့လာရေးအတွက် ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ ခရီးထွက်လေ့ရှိကြပြီး ခရီးသွားရတာကို လူတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စွန့်စွန့်စားစား နေရာတွေကို ခရီးထွက်ရတာ ကြိုက်တဲ့ ကွီးတို့အတွက် ကမ္ဘာပေါ်က နေရာတချို့ ကို ဖော်ပြပေးချင်ပါတယ်။ စွန့်စားရတဲ့ နေရာတွေကို ခရီးထွက်ခြင်းဖြင့် ရရှိလာတဲ့ စိတ်လှုပ်ရှားမှု၊ ခရီးစဉ်ပြီးမြောက်တဲ့အခါမှာလည်း ပျော်ရွှင်မှုနဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးမြင့်လာခြင်းတို့ကြောင့် ကမ္ဘာပေါ်က လူအချို့က စွန့်စားရတဲ့ နေရာတွေကို ခရီးသွားရတာ စွဲလမ်းလာကြပါတယ်။ ဆက်လက်ပြီးတော့ ကမ္ဘာပေါ်က ဘယ်လိုနေရာတွေက စွန့်စားခရီးသွားလို့ ကောင်းသလဲ ဆိုတာ ကြည့်လိုက်ရအောင်။
(၁) Zip line over Niagara Falls
Photo : Daily Hive
စွန့်စွန့်စားစား နေရာတွေကို ခရီးထွက်ရတာ ကြိုက်တဲ့ ကွီးတို့အတွက် ကမ္ဘာပေါ်က နေရာတချို့ ထဲမှာ ပထမဆုံးဖော်ပြချင်တာကတော့ ကနေဒါမှာရှိတဲ့ Niagara ရေတံခွန်ကို ကျော်ဖြတ်ရတဲ့ Zip Line ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Niagara Gorge ထိပ်မှ ဇစ်လိုင်းလေးခုကို တစ်နာရီလျှင် မိုင် ၄၀ ကျော် အမြန်နှုန်းဖြင့် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ကွီးတို့အနေဖြင့် Zip Line ကိုစီနင်းပြီ အောက်မှာ မြင်နေရတဲ့ Niagara ရေတံခွန်ကို အပေါ်စီးမှ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ စီနင်းဖြတ်ကျော်နေစဉ် အတွင်း အသည်းတအေးအေးနဲ့ စိတ်လှုပ်ရှားရမှာ ဖြစ်တဲ့အပြင် တစ်ပြိုက်နက် လှပတဲ့ ရှုမျှော်ခင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ စွန်းစားရတာ ကြိုက်တဲ့ ကွီးတို့အတွက် တစ်ခါလောက်တော့ သွားသင့်တဲ့ နေရာဖြစ်ပြီး နှစ်စဉ် ခရီးသွားများစွာကို ဆွဲဆောင်လျက် ရှိပါတယ်။
(၂) Scale Half Dome
Photo : Clever Hiking
ကယ်လီဖိုးနီးယား၊ Yosemite အမျိုးသားဥယျာဉ်မှာရှိတဲ့ Scale Half Dome က ကမ္ဘာပေါ်မှာရှိတဲ့ အပြင်းထန်ဆုံးသော တောင်တတ်ခရီးစဉ်များထဲက တစ်ခုဖြစ်ပါတယ်။ ၁၆ မိုင်ရှိပြီး ပေ ၅,၅၀၀ တတ်ရမှာ ဖြစ်ပြီး နောက်ဆုံး ပေ ၄၀၀ က အခက်ဆုံး ဖြစ်ပါတယ်။ တောင်တတ်သူများက ၎င်းတို့အတွက် ပံ့ပိုးမှုအဖြစ် သံမဏိကြိုးနှစ်ချောင်းနဲ့ မတ်စောက်သောတောင်ပေါ်သို့ တတ်ရမှာ ဖြစ်ပါတယ်။ တတ်ရောက်ရမဲ့ ခရီးမှာ ခက်ခဲ ပြင်းထန်နိုင်သော်လည်းပဲ တောင်ထိပ်မှ မြင်ရတဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများက ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်လှုပ်ရှားကြောက်ရွံ့ရမှုတို့နဲ့ အမှန်တကယ်ကို ထိုက်တန်တာတွေ့ရမှာပါ။
(၃) ဧဝရတ်တောင်
Photo : Conde’ Nast Traveler
အခုထပ်ပြီးဖော်ပြပေးချင်တာကလည်း စွန့်စွန့်စားစား သွားရမဲ့ နေရာတချို့ ထဲက တောင်တတ်ခရီးစဉ်ပါပဲ။ ဒါကတော့ မြင့်မားပြီး ကမ္ဘာတစ်လွှားက တောင်တတ်သမားတွေအတွက်ရော တောင်တတ်သမားမဟုတ်သူတွေ အတွက်ပါ နာမည်ကြီးလှတဲ့ ဧဝရတ်တောင် ပါပဲ။ ဒါပေမဲ့ ဧဝရတ်တောင်ကို တတ်မယ်ဆိုရင်တော့ တကယ်ကို အတွေ့အကြုံရှိဖို့တော့ လိုပါတယ်။ တောင်တတ်ဝါသနာပါပြီး စွန့်စားချင်တဲ့ ကွီးတို့အတွက်တော့ စိန်ခေါ်ကြည့်ချင်စရာ နေရာတစ်ခုပါပဲ။
(၄) Iguazú Falls
Photo : Perfect Expedition
ကွီးတို့ရေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျနေတဲ့ ရေတံခွန်အောက်မှာ စွန့်စွန့်စားစား လှေစီးရဲပါသလား။ စီးရဲတယ်ဆိုရင်တော့ Iguazú ရေတံခွန်အောက်မှာ လှေစီးဖို့ ကွီးတို့ စာရင်းထဲကို ထည့်ထားလိုက်ပါ။ ဘရာဇီးနှင့် အာဂျင်တီးနားနယ်စပ်တွင် တည်ရှိသော တောင်အမေရိကတိုက်ရှိ Iguazú ရေတံခွန်သက အခြားရေတံခွန် အားလုံးနဲ့ နှိုင်းယှဉ်ကြည့်လျှင် ပိုမိုကြီးမားပြီး အမြင့်ပေ ၂၇၀ ဝန်းကျင်ခန့်ရှိပါတယ်။ ရေတံခွန် ပတ်ဝန်းကျင်ကို လူသွားလမ်းများနှင့် လမ်းလျှောက်လမ်းများမှ ကြည့်ရှုနိုင်သော်လည်း ပိုပြီး စိတ်လှုပ်ရှားဖွယ်ရာ ရွှင့်လွှင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
Source : Conde’ Nast Traveler
Featured Photo : Rumbling