ဂျပန်လို့ ပြောလိုက်တာနဲ့ ကွီးတို့ ဘာကို အရင်ပြေးမိပါသလား။ ဆာကူရာပန်းလေး တွေကိုလား၊ Anime ကားတွေကိုလား၊ ကြွယ်ဝသော သမိုင်းကြောင်းနဲ့ ရှေ့ကိုပြေးနေတဲ့ ခေတ်မီမှုတွေလား။ ဘယ်လိုပဲ ဖြစ်ဖြစ် ကွီးတို့ တစ်ခါလောက်တော့ စိတ်ဝင်စားဖွယ် ဂျပန်ကို သွားရောက်လည်ပတ်သင့်ပါတယ်။ အရင်ဆုံး ကွီးတို့ကို လှပတဲ့ ဆာကူရာမြေမှာ ခြေရာလေးများ ချဖို့ ဒီဆောင်းပါးလေးကနေ အလည်တစ်ခေါက် ခေါ်သွားပါရစေ။
ကျိုတို
Photo : Planetofhotels.com
ကွီးတို့ရေ ဂျပန်မှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာများထဲက တစ်ခုကတော့ ကျိုတို ပဲ ဖြစ်ပါတယ်။ ကျိုတိုက ဂျပန်နိုင်ငံ ရဲ့ သမိုင်းကြောင်းနဲ့ ဓလေ့ထုံးစံများကို လေ့လာချင်တဲ့ ခရီးသွားများ အတွက် ပထမဦးစားပေးပါပဲ။ ကျွန်းစုများပေါ်တွင် အလယ်ဗဟိုတွင် တည်ရှိတဲ့ ကျိုတိုက ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ၁၇ ခုအပါအဝင် ဗုဒ္ဓဘာသာ ဘုရားကျောင်းပေါင်း ၁၀၀၀ ကျော်နှင့် ရှင်တိုဘုရားကျောင်း ၄၀၀ ကျော်ကို တွေ့နိုင်ပါတယ်။
တိုကျို
Photo : tokyo
ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မီးရောင်စုံများနဲ့ ခေတ်ရှေ့ကို ပြေးနေတဲ့ တိုကျိုမြို့ကလည်း ကွီးတို့အာရုံကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ။ ကျိုတိုမြို့က ဂျပန်ရိုးရာရဲ့ ဗဟိုချက်ဖြစ်မယ်ဆိုရင် တိုကျိုက ဂျပန်ရဲ့ အလွန်ခေတ်ရှေ့ပြေးပြီး တောက်ပတဲ့ အပိုင်းဖြစ်ပါလိမ့်မယ်။ တိုကျိုမှာ မိုးမျှော်တိုက်များ၊ အမြဲစည်ကားနေသော လမ်းများ၊ တတ်ကြွနေတဲ့ လူငယ်ဖက်ရှင်များနဲ့ အရသာရှိတဲ့ ဂျပန်အစားအစာ များစွာကိုလည်း မြည်းစမ်းနိုင်ပါလိမ့်မယ်။ တိုကျိုကို အလည်ရောက်ဖြစ်ရင် Shinjuku ရှိ အခမဲ့ Tokyo Metropolitan Government Building မှ ညကောင်းကင်ယံကို ငေးကြည့်ပြီး နာမည်ကြီး Shibuya Crossing ကို ဖြတ်ပြီး လမ်းလျှောက်ဖြစ်အောင် လျှောက်ပါ။
ဟီရိုရှီးမား
Photo : The Japan Times
ဟီရိုးရှီးမားမြို့က ၁၉၄၅ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး အဏုမြူဗုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် မြို့တော်ဖြစ်ပြီး စစ်ပွဲရဲ့ အမှတ်ရစရာများကို အများအပြားကို သတိရစေပါတယ်။ ဒီနေ့မှာတော့ ဟီရိုးရှီးမားမြို့က ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံ၊ ကလေးများ ငြိမ်းချမ်းရေး အထိမ်းအမှတ် အဆောက်အအုံများ၊ ယူနက်စကိုမှ အသိအမှတ်ပြုထားသော အနုမြူဗုံးအမိုးခုံတို့ အပါအဝင် လေ့လာမှတ်သားစရာများနဲ့ သာယာလှပတဲ့ မြို့လေးတစ်မြို့ ဖြစ်နေပါပြီ။ ကွီးတို့ ဂျပန်ရောက်ခဲ့ရင် ဟီရိုးရှီးမားမြို့ကို ရောက်ဖြစ်အောင်သွားပါ။
ဖူဂျီတောင်
Photo : Klook
ဂျပန်လို့ပြောလိုက်တာနဲ့ နောက်ထပ် ပြေးမြင်မိတာကတော့ ဖူဂျီတောင်ပါပဲ။ တိုကျိုမြို့ အနောက်ဘက်မှာ တည်ရှိပါတယ်။ ဖူဂျီတောင်က ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်ပြီး အထင်ကရနေရာများထဲက တစ်ခုဖြစ်ကာ ခရီးသွားများအကြားတွင် ရေပန်းစားတဲ့ မြို့လည်း ဖြစ်ပါတယ်။ ဂျပန်ကို ရောက်ခဲ့ရင် ကွီးတို့ မဖြစ်မနေ လည်ပတ်ရမယ့် စာရင်းထဲမှာ ဖူဂျီတောင်ကိုပါ ထည့်ထားလိုက်ပါ။
Takayama
Photo : Visit GIFU
Takayama က Japan Alps အစွန်းရှိ အလွန်လှပသော မြို့ငယ်လေးဖြစ်ပြီး ဂျပန်နိုင်ငံ တွင် လည်ပတ်ရန် အကောင်းဆုံးသော နေရာများ ထဲမှ တစ်ခုဖြစ်ပါတယ်။ ရိုးရာသစ်သားအိမ်များ၊ ရောင်စုံနတ်ကွန်းများ၊ သပ်သပ်ရပ်ရပ် ပုံစံသစ်ပင်များနဲ့ မြစ်ပေါ်ရှိ အနီရောင်တောက်တောက် တံတားများဖြင့် ပြည့်နေသော သမိုင်းဝင်စင်တာကို လှည့်လည်ကြည့်ရှုနိုင်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဆာကူရာမြေမှာ ခြေရာလေးများ ချဖို့ လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော နေရာများထဲက အချို့ပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ရဲ့ လည်ပတ်လို့ အကောင်းဆုံးသော နေရာများ ၊ စိတ်ဝင်စားစရာကောင်းတဲ့နေရာများ လည်း အများအပြားရှိပါသေးတာကြောင့် ဆက်လက်ဖော်ပြပေးပါဦးမယ်။
Source : US News
Featured Photo : Cherifaistesvalises