အကောင်သေးသေးနဲ့ အဆိပ်ပြင်းတဲ့ Portable Bluetooth Speakers တွေ ရှာနေပါသလား ? အရွယ်အစား ခပ်သေးသေးနဲ့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ အဆင်ပြေမယ် ၊ အသံထွက် ကွာလတီပိုင်းလည်း ကောင်းရမယ်ဆိုရင်တော့ အခုပြောပြတဲ့ Portable Bluetooth Speakers တွေထဲက ရွေးနိုင်ပါတယ်။

(၁) Bose Portable Home Speaker

Bose Portable Home Speaker
Photo : Man Of Many

ပထမဆုံးအနေနဲ့ Bose အမှတ်တံဆိပ်ထဲက Bose Portable Home Speaker ကို ညွှန်းချင်ပါတယ်။ ဒီကောင်လေးက ပရီမီယမ် ဆန်တဲ့ဒီဇိုင်း ၊ ရှယ်ကြမ်းတဲ့ အသံထွက် ကွာလတီနဲ့ အမိုက်စား Portable Bluetooth Speaker တစ်လုံးပါ။ 360 Degrees Deep Bass အသံစနစ်နဲ့ ကြည်လင်ပြတ်သားတဲ့ အသံကွာလတီကို ထုတ်ပေးပါတယ်။ ဂိမ်းပဲဆော့ဆော့ ၊ သီချင်းပဲ နားထောင်နားထောင် လုံးဝအဆင်ပြေပြီး ဘက်ထရီ ၁၂ နာရီဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၂) Bang & Olufsen Beoplay A1 (2nd Gen)

Bang & Olufsen Beoplay A1 (2nd Gen)

Photo : Man Of Many

အကောင်းသေးသလောက် ရှယ်ကြီးတဲ့ Portable Bluetooth Speakers တွေအကြောင်းပြောတဲ့အခါ ဒိန်းမတ် အမှတ်တံဆိပ် Bang & Olufsen ရဲ့ Beoplay A1 (2nd Gen) ကတော့ သေချာပေါက် ထည့်ပြောရမှာပါ။ ဒီဇိုင်းပိုင်း ကျစ်ကျစ်လစ်လစ်နဲ့ အကြမ်းခံတဲ့ အလူမီနီယမ်‌ ဘော်ဒီကို သုံးပေးထားပြီး ဖုန်နဲ့ အမှုန်အမွှားတွေဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိသလို အသံပိုင်းဆိုင်ရာ ကွာလတီကလည်း လုံးဝအပြစ်ပြောစရာ မရှိပါဘူး။ ဒီကောင်လေးမှာ Built-in Li-Ion ဘက်ထရီ ပါဝင်ပြီး ၂၄ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) Tribit MaxSound Plus

Tribit MaxSound Plus

Photo : Man Of Many

ဈေးနှုန်းအသင့်အတင် ဆိုပေမယ့် သွားရှုပ်လို့မရတဲ့ Portable Bluetooth Speakers တွေထဲမှာ Tribit MaxSound Plus ပါပါတယ်။ အဆင့်မြင့် Amplifier Modules တွေနဲ့ Audio အသံနည်းပညာတွေကို အသုံးပြုပေးထားတဲ့အတွက် အသံထွက် ကွာလတီကတော့ လုံးဝရှယ်မိုက်ပါပဲ။ IPX7 Waterproof Rating ၊ Playtime နာရီ ၂၀ နဲ့ Wireless Range ပေ ၁၀၀ ဝန်းကျင်အတွင်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) Marshall Stockwell II

Marshall Stockwell II
Photo : Man Of Many

Marshall Stockwell II ရဲ့ Iconic ဖြစ်တဲ့ ဒီဇိုင်းက တော်တော်လေး စွဲမက်စရာ ကောင်းသလို အသံပိုင်းဆိုင်ရာမှာလည်း လုံးဝကြမ်းတဲ့ Speaker တစ်လုံး ဖြစ်ပါတယ်။ ဒီကောင်လေးက Blumlein Stereo Sound နည်းပညာကို အသုံးပြုထားပြီး Class D Amplifiers ၃ လုံး ထည့်ပေးထားတဲ့အတွက် အသံထွက် ကာလာတီနဲ့ အသံစွာချက်ကတော့ တကယ်ကို ကြမ်းပါတယ်။ အရွယ်အစား သေးသေးကျစ်ကျစ် ဆိုတော့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ အဆင်ပြေပြီး နာရီ ၂၀ ကျော် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Source : Man Of Many

Feaured Photo : CoolThings.com