ပုံမှန်အားဖြင့် ကျွန်တော်တို့ရဲ့ ဆီးမှာ အနံ့ ရှိတက်ပါတယ်။ ဆီးဟာ ကျောက်ကပ် ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို စွန့်ထုတ်လိုက်တဲ့ အရည်ဖြစ်တာကြောင့် အမိုးနီးယားလို အနံ့မျိုး အနည်းငယ် ရှိပါတယ်။ သို့သော်လည်း ပုံမှန်ထက်ပိုပြီး ဆီးအနံ့ ပြင်းတာ ၊ ဆီးသွားတိုင်းမှာ စူးရှပြင်းပြတဲ့ အနံ့မျိုးရနေတာ ဆိုရင်တော့ အခုပြောတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁) ရေသောက်နည်းတဲ့အခါ

Photo : Men’s Health

ဆီအရောင်ဟာ ဝါကျင့်ကျင့်နဲ့ အနံ့ပိုပြင်းနေတယ်ဆိုရင် ဒါဟာ ရေဓာတ်လုံလောက်မှုမရှိတဲ့လက္ခဏာတစ်ခုပါပဲ။ ရေသောက်နည်းတယ် ၊ တစ်နေ့တာလုံလောက်တဲ့ ရေဓာတ်ပမဏကို ပြည့်ဝအောင် မဖြည့်တင်းဘူးဆိုရင် ဆီးဟာ အဝါရောင်ရင့်ရင့် အရောင်ကိုပြောင်းစေပြီး အမိုးနီးယားနဲ့တူတဲ့အနံ့ ပိုပြင်းလာစေမှာ ဖြစ်ပါတယ်။ ရေများများသောက်မယ်ဆိုရင်တော့ ဆီးအရောင်ဖျော့ပြီး အနံ့ဆိုးထွက်ခြင်းကိုလည်း ပြန်လည်သက်သာလာစေမှာပါ။

(၂) အစားအသောက်ပြောင်းတဲ့အခါ

asparagus

Photo : Serious Eats

ဆီးအနံ့ ဆိုးရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ကွီးတို့ စားလိုက်တဲ့ အစားအသောက်တွေ ပါပဲ။ ဆာလဖာဒြပ်ပေါင်းပါဝင်တဲ့ ကညွှတ် ၊ ကြက်သွန်ဖြူ ၊ ထညှင်းသီးနဲ့ ဆူးပုတ်ရွက်တို့လို အစားအစာတွေဟာ ဆီးအနံ့ကို ပိုမိုဆိုးရွား သွားစေနိုင်ပါတယ်။

(၃) ကော်ဖီအလွန်အကျွံသောက်တဲ့အခါ

COFFEE

Photo : Great Lakes Ledger

ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပါတယ်။ ကော်ဖီ အလွန်အကျွံသောက်တဲ့အခါ ကွီးတို့ရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ပိုမိုခမ်းခြောက်လာစေပြီးဆီးအနံ့ ဆိုးတွေလည်း ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။

(၄) ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ

urinary tract infection (uti)

Photo : Medical News Today

ဆီးလမ်းကြောင်းမှာ ရောဂါပိုးကူးစက်ခံရတဲ့အခါ ဘက်တီးရီးယားတွေက ကွီးတို့ဆီးရဲ့ အရောင်နဲ့ အနံ့ကို ပြောင်းလဲစေနိုင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ပြီဆိုရင် ဆီးအနံ့ကလည်း ပိုပြင်းလာစေသလို ဆီးအရောင်ကလည်း ကြည်လင်မနေပဲ နောက်ကျိနေတက်ပြီး တစ်ခါတစ်ရံမှာ ဆီးထဲသွေးစ ပါတာမျိုးတွေအထိ ဖြစ်တက်ပါတယ်။

(၅) ဆေးဝါးတွေ မှီဝဲတဲ့အခါ

MEDICATION

Photo : Healthline

ဗီတာမင်တွေ ၊ ဆေးဝါးတွေနဲ့ ဖြည့်စွက်ဆေးတွေဟာ ဆီးအနံ့ကို သိသိသာသာ ပြောင်းလဲစေနိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင် B လို ဖြည့်စွက်ဗီတာမင်တွေ အများအပြားပါတဲ့ ဆေးဝါးတွေကို သောက်ပြီးချိန်မှာ ဆီးအနံ့ ပိုဆိုးလာတာကို ခံစားရမှာပါ။ အချို့သော ပဋိဇီဝဆေးဝါးတွေကလည်း ဆီးအနံ့ကို ဆိုးဆိုးရွားရွား ပြောင်းလဲစေပါတယ်။

(၆) လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါပိုး ကူးစက်ခံရတဲ့အခါ

EXUALLY TRANSMITTED INFECTION

Photo : Makati Medical Center

ဆီးအနံ့ ဆိုးထွက်စေတာဟာ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Trichomoniasis ရောဂါပိုး ၊ Chlamydia (ကလက်မိုင်ဒီးယား) နဲ့ Gonorrhoea (ဆီးပူညောင်းကျရောဂါ) တွေ ကူးစက်ခံရပြီးချိန်မှာ ဆီးအနံ့ဆိုးတွေ ထွက်တက်ပါတယ်။

Featured Photo : www.self.com