ပြင်ပမှ ဆူညံသံ များကို အလုံးစုံ ဖျောက်ဖျက်ပေးမယ့် အမိုက်စား Earbuds များကို ရှာဖွေနေပါသလား။ ပန်းသီးရဲ့ AirPods Pro တစ်ခုတည်းက ပြင်ပမှ ဆူညံသံတွေကို ဖျောက်ဖျက်ပေးနိုင်တာ မဟုတ်ပါဘူး။ AirPods Pro နည်းတူ ပြင်ပမှ ဆူညံသံ များကို ဖျောက်ဖျက်ပေးနိုင်တဲ့ အလန်းစား Earbuds များစွာရှိပါတယ်။

Bose QuietComfort Earbuds 2

Bose

Photo: Theverge

ဒီအမျိုးအစားကတော့ Bose ရဲ့ ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ပထမမော်ဒယ်အမျိုးအစားထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်ပြီး သူ့ရဲ့ နားကြပ်ဘူးကလည်း ပထမအမျိုးအစားနဲ့ ယှဥ်ရင် အရွယ်အစား ပိုသေးသွားပြီး အိပ်ကပ်ထဲ့ ထည့်ထားနိုင်သည်အထိ ပေါ့ပါးသွားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၉၉ ကုန်ကျမှာ ဖြစ်ပါတယ်။

Sony WF-1000XM4

Sony WF-1000XM4

Photo: Hardwarezone

Sony ပရိသတ်တွေအတွက်တော့ Sony WF-1000XM4 အမျိုးအစားရှိပါတယ်။ ဘက္ထရီက နာရီ ၃၀ တောင် အသုံးခံတဲ့အတွက်ကြောင့် တော်တော်များများ အကြိုက်တွေ့နေကြပါတယ်။ ပြင်ပမှ ဆူညံသံ များကို ဖျောက်ဖျက်ပေးနိုင်တဲ့ အလန်းစား Earbuds တစ်ခုဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ နှင့် ၂၇၀ ဝန်းကျင်ဖြစ်ပါတယ်။ ကွီးတို့ ဝယ်ယူမယ့် Website ပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ကွာဟနိုင်ပါတယ်။

Earfun Air S

ဆူညံသံ Earbuds

Photo: Scarbir

ဈေးနှုန်းသက်သာပြီး ကွာလတီလည်းကောင်းရမယ် ၊ ပြင်ပမှ ဆူညံသံ တွေကိုလည်း ဖယ်ရှားပေးမယ့် Earbuds ကို ရှာနေတယ်ဆိုရင်တော့ Earfun Air S ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀ သာ ကုန်ကျမှာဖြစ်ပြီး ဘက္ထရီကလည်း အခြားသော နားကြပ်များနည်းတူ ၆ နာရီ အသုံးခံပါတယ်။

Beats Fit Pro

ဆူညံသံ Earbuds

Photo: Esquire

ပြေးရင်း လွှားရင်း၊ အားကစားလုပ်ရင်းနဲ့ သီချင်းနားထောင်ချင်တယ်ဆိုရင်တော့ Beats Fit Pro ကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ တန်ဖိုးရှိပါတယ်။

Apple AirPods Pro 2

ဆူညံသံ Earbuds

Photo: Forbes

ပန်းသီးမှပန်းသီးပဲ ကြိုက်တယ်ဆိုတဲ့ ကွီးတို့အတွက်ကတော့ Apple AirPods Pro 2 ရှိပါတယ်။ AirPods Pro (Second Generation) ဖြစ်ပြီး H2 Chip နဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဘက္ထရီကတော့ ၆ နာရီအထိ အသုံးခံပါတယ်။ ဈေးနှုန်းများကတော့ Amazon က ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၂၃၄ ၊ Apple က ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၂၄၉ နှင့် Best Buy က ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၂၅၀ ကုန်ကျမှာဖြစ်ပါတယ်။

Source: Cnet

Featured Image: Menshealth