ဆောင်းရာသီက လှပတဲ့ လှတစ်လှဖြစ်ပေမယ့် ကွီးတို့ အသားအရေအတွက်တော့ ဆောင်းရာသီက ရန်သူတစ်ပါးလိုပါပဲ။ ဆောင်း တွင်းမှာ ကွီးတို့ရဲ့ အသားအရေက ထိန်းမနိုင် သိမ်းမရအောင် ခြောက် သွားတတ်ပါတယ်။ အသားအရေ ခြောက်သွေ့သွားတဲ့အခါ ကြည့်ရဆိုးပြီး ကွီးတို့ကို ဆွဲဆောင်မှု လျော့ကျသွားစေပါတယ်။

ဒါ့ကြောင့် ဆောင်း တွင်းမှာ အသားအရေ ခြောက် မသွားဖို့ရန်အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများနဲ့ အသားအရေ ထိန်းသိမ်းနိုင်ပါတယ်။

(၁) အသားအရေ အစိုဓာတ် ထိန်းဖို့ Moisturizer အသုံးပြုပါ

Moisturizer

အသားအရေကို ထိန်းသိမ်းဖို့ အဆင့်တွေ အများကြီး ရှိပါတယ်။ ထိုအဆင့် အများကြီးကို မလုပ်နိုင်ဘူးဆိုရင်တောင်မှ အရေးကြီးဆုံး အဆင့် (၃) ဆင့်ကို လုပ်ဆောင်ရပါမယ်။ ပထမအဆင့်ကတော့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ဖို့ပါ။ ဒုတိယအဆင့်ကတော့ တိုနာ လိမ်းဖို့ပါ။ တိုနာ လိမ်းပြီးသွားရင်တော့ Moisturizer လိမ်းပေးရပါမယ်။ ဒါဆိုရင်တော့ ကွီးတို့အသားအရေက စိုပြေ ကြည်လင်နေမှာပါပဲ။

(၂) ခန္ဓာကိုယ်အတွက် ဘော်ဒီလိုးရှင်း အသုံးပြုပါ

body lotion

ဆောင်း တွင်းမှာ မျက်နှာ အသားအရေတင် မဟုတ်ပါဘူး၊ ခန္ဓာကိုယ် အသားအရေကလည်း တားမရအောင် ခြောက် နေမှာပါပဲ။ မျက်နှာအသားအရေ တစ်ခုတည်း ကွက်ပြီး ဂရုမစိုက်ဘဲ ခန္ဓာကိုယ်အတွက် ဘော်ဒီလိုးရှင်းလေး လူးပေးကာ ဂရုစိုက်ပေးရမှာပဲဖြစ်ပါတယ်။

(၃) နေလောင်ကာခရင်မ်လည်း လိုအပ်ပါတယ်

ဆောင်း ခြောက်

ဆောင်းရာသီပဲ၊ နေမှ မပူတာဆိုပြီး နေလောင်ကာခရင်မ် မလိမ်းဘဲ အပြင်ထွက်တာမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။ နေလောင်ကာခရင်မ်က နွေ၊ မိုး၊ ဆောင်း ဥတု သုံးပါး မရွေး လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်က အင်မတန်မှကို ကြောက်စရာကောင်းပါတယ်။​ ကွီးတို့ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အရေပြားကင်ဆာ ဝေဒနာ ခံစားရအောင် တွန်းပို့နေတတ်ပါတယ်။ ဒါ့ကြောင့် နေလောင်ကာခရင်မ်ကို ဥတု သုံးပါး မရွေး လိမ်းကျံပေးရမှာပဲ ဖြစ်ပါတယ်။

(၄) Lip Balm အသုံးပြုပါ

ဆောင်း ခြောက်

ဆောင်း ရာသီမှာ နှုတ်ခမ်းသားတွေက ပက်ကြားအက်ကာ ခြောက် သွေ့နေမှာ မလွဲမသွေပါပဲ။ ဒါ့ကြောင့် နှုတ်ခမ်းနီ အဆီလေး လိမ်းကျံပေးကာ နှုတ်ခမ်းသားတွေကို ထိန်းသိမ်းသင့်ပါတယ်။ နှုတ်ခမ်းနီ အဆီတွေက အရောင်မပါတဲ့အတွက်ကြောင့် ကွီးတို့ သုံးရတာလည်း စိတ်ချ လက်ချရှိပါလိမ့်မယ်။ နှုတ်ခမ်းနီ အဆီတောင့်တွေ ရွေးချယ်တဲ့အခါ ကွာလတီကောင်းတဲ့ နှုတ်ခမ်းနီ အဆီမျိုး ရွေးချယ်ဖို့လည်း အကြံပေးချင်ပါတယ်။

(၅) နှုတ်ခမ်းမွှေးနဲ့ မှုတ်ဆိတ်မွှေး ရိတ်တိုင်းမှာ Shaving Cream က မရှိမဖြစ်ပါပဲ

ဆောင်း ခြောက်

နှုတ်ခမ်းမွှေးနဲ့ မှုတ်ဆိတ်မွှေး ရိတ်တိုင်းမှာ Shaving Cream ကို အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမျိုးမှာပါ။ ကွီးတို့ အသားအရေက ဆောင်းရာသီမှာ ခြောက်သွေ့နေမှာဖြစ်ပြီး တကယ်လို့ Shaving Cream မသုံးဘဲ နှုတ်ခမ်းမွှေး၊ မှုတ်ဆိတ်မွှေး ရိတ်မယ်ဆိုရင် အသားအရေက ပိုမိုယားယံသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ Shaving Cream ကို မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ဆောင်းတွင်းမှာ ကိုယ့်ရဲ့ အသားအရေကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ဂရုစိုက်လေ့ရှိပါသလဲ။

Source: Kiehls

Featured Image: Qraa Men