မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ဥတု (၃) မျိုးရှိပေမယ့် အနောက်နိုင်ငံများတွင်တော့ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး ဥတု (၄) မျိုး ခွဲခြားထားပါတယ်။ ဥတုတွေ ဘယ်လောက်ပဲ မတူ၊ အချိန်တွေ ဘယ်လောက်ပဲ ခြားနေပါစေ တူညီတဲ့အချက်ကတော့ ဆောင်းရာသီမှာ ခရီးသွားလို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဆောင်းရာသီ မှာ အလှဆုံး နေရာလေးတွေဆီ ခြေဆန့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာတွေဆီ သွားလည်သင့်ပါတယ်။

(၁) စင်ကာပူ

စင်ကာပူ

ကျွန်းငယ်လေးတစ်ခုပေါ်မှာ တည်ရှိတဲ့ နိုင်ငံဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့။ ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံများထဲတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ပြီး လည်ပတ်စရာ အထင်ကရ နေရာများကလည်း အများကြီးပါပဲ။ ကွီးတို့အနေနဲ့ ပြတိုက်ပဲ​သွားလည်ချင်သလား၊ ညဈေးမှာပဲ လည်ပတ်ရင်း အရသာရှိတာတွေ စားသောက်ချင်သလား အကြိုက်သွားလို့ရပါတယ်။ ဘေးကင်းလုံခြုံပြီး လည်ပတ်လို့ကောင်းတဲ့ အတွက်ကြောင့် ကမ္ဘာလှည့်ခရီးသွားများနဲ့ အမြဲတစေ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

(၂) ဘရာဇီး

ဘရာဇီး

ဘရာဇီးနိုင်ငံရှိ Fernando de Noronha ကမ်းခြေကတော့ ကမ္ဘာ့အလှဆုံး ကမ်းခြေထဲတွင် တစ်ခုအပါအဝင်အဖြစ် မဲပေးထားခြင်းခံရတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ကြည်လင်ပြာလဲ့နေတဲ့ ရေကြောင့် ရေပေါ်အားကစား၊ ရေအောက်အားကစားမျိုးစုံ ပြုလုပ်လို့ရပါတယ်။ ကွီးတို့အနေနဲ့ ရေလွှာလျှောစီးတာမျိုး ကြိုက်သလား၊ ပင်လယ်ကြမ်းပြင်မှာ ရေအောက်ရင်း ငါးလေးတွေ၊ ရေအောက် သန္တာကျောက်တန်းတွေရဲ့ အလှကို ကြည့်ရှုခံစားချင်သလား၊ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။

(၃) ကနေဒါ

ဆောင်းရာသီ အလှဆုံး

တကယ်လို့ ကွီးတို့က ဆောင်းရာသီ အားကစားကို ပြုလုပ်ချင်တယ်ဆိုရင်တော့ ကနေဒါ နိုင်ငံရှိ Whistler Blackcomb ဆီသို့ သွားရောက်လည်ပတ်သင့်ပါတယ်။ နှင်းလျှောစီးခြင်း၊ စကိတ်စီးခြင်း အစရှိတဲ့ အားကစားမျိုးစုံကို အန္တရာယ်ကင်းကင်းနဲ့ ပြုလုပ်နိုင်တဲ့ ဧက ၈၁၇၁ ဧက ကျယ်ဝန်းတဲ့ နှင်းတောင်ကြီးက ကွီးတို့ကို ကြိုဆိုနေပါလိမ့်မယ်။

(၄) ဖိလစ်ပိုင်

ဆောင်းရာသီ အလှဆုံး

ဖိလစ်ပိုင် နိုင်ငံရှိ ဘော်ရခေးကမ်းခြေသည်လည်း ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားပြီး အာရှတိုက်ရှိ အလှပဆုံး ကမ်းခြေတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။ ဖြူလွှလွှ သဲသောင်ပြင်ပေါ်မှာ ပြေးလွှားဆော့ကစားနိုင်သလို ရေပေါ် ရေအောက် အားကစားမျိုးစုံကိုလည်း စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကမ်းခြေပေါ်မှာ ပါတီပွဲ ကျင်းပသူများကြောင့် ဘော်ရခေးကမ်းခြေလေးက အမြဲတမ်း အသက်ဝင်လှပနေတာပဲဖြစ်ပါတယ်။

(၅) ထိုင်းနိုင်ငံ၊ ချင်းမိုင်

ဆောင်းရာသီ အလှဆုံး

ထိုင်းနိုင်ငံရှိ ချင်းမိုင်မြို့လေးကတော့ တောင်တန်းများနဲ့ ကာရံထားတဲ့ မြို့တစ်မြို့ဖြစ်တဲ့အားလျော်စွာ ဆောင်းရာသီရောက်တဲ့အခါ ရာသီဥတုက ချမ်းစိမ့်စိမ့်လေးနဲ့ အင်မတန်မှ နေလို့ကောင်းပါတယ်။ ကွီးတို့က ချင်းမိုင်မြို့သို့ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ဆောင်းရာသီမှာ သွားရောက်လည်ပတ်သင့်ပါတယ်။ ထိုမြို့လေးတွင် တောင်တန်းများအပြင် စေတီပုထိုးများ၊ ဘုရားကျောင်းကန်များလည်း ပေါများစွာ တည်ရှိတဲ့အတွက်ကြောင့် လည်ပတ်ရင်း ဘုရားဖူးလို့လည်း ရပါသေးတယ်။

ကွီးတို့ရော ဆောင်းရာသီမှာ ဘယ်နေရာဆီသို့ ခြေဆန့်ချင်ပါသလဲ။ ဆောင်းရာသီ ဆိုရင်တော့ ဒီနေရာလေးတွေက အလှဆုံး ပါပဲ။

Source: Cntraveler

Featured Image: Freepik