ဆံပင်ကျွတ်ခြင်းနဲ့ ထိပ်ပြောင်ခြင်းဟာ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော အမျိုးသား တွေမှာ အဖြစ်များနေတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဆံသား သန်စွမ်းကျန်းမာမှုကို အားလျော့စေပြီး ဆံပင်ကျွတ်တာ ထိပ်ပြောင်တာတွေဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာတော့ မျိုးရိုးဗီဇ ၊ ဟော်မုန်းအပြောင်းအလဲ ၊ ဆေးဘက်ဆိုင်ရာ အခြေအနေတွေနဲ့ အသက်အရွယ် အိုမင်းရင့်ရော်ခြင်းတွေက အဓိကတရားခံတွေ ဖြစ်ပါတယ်။ ကွီးတို့ အကြောင်းအမျိုးမျိုးကြောင့် ဆံပင်တွေ မကြာခဏ ကျွတ်နေတယ် ၊ ထိပ်ပြောင်တဲ့ လက္ခဏာတွေ ကြုံတွေ့နေရတယ်ဆိုရင်တော့ အခုပြောပြမယ့် အိမ်တွင်းကုထုံး နည်းတွေနဲ့ ဆံပင်တွေ ပြန်လည် ကြီးထွားသန်စွမ်း လာအောင်လုပ်ဆောင်လို့ ရပါတယ်။
(၁) ဦးရေပြားကို နှိပ်နယ်ပေးပါ

Photo : Bodhi Spa
ဦးရေပြားကို နှိပ်နယ်ပေးခြင်းဟာ ဦးရေပြားသို့ သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဆံပင်မွေးညင်းပေါက်တွေကို ပြန်လည်နုပျိုစေပါတယ်။ လေ့လာမှုများစွာအရ ဦးရေပြားကို နှိပ်နယ်ပေးခြင်းက ဆံပင်ကြီးထွားမှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေတယ်လို့ အကြံပြုထားပါတယ်။ ဦးရေပြားကို အုန်းဆီ/သံလွင်ဆီ တစ်မျိုးမျိုး လိမ်းကျံပြီး ၁၅ မိနစ်ခန့် နှိပ်နယ်ပေးနိုင်ပါတယ်။
(၂) ရွှေဖရုံစေ့ဆီ လိမ်းပေးပါ
![]()
Photo : Healthline
Pumpkin Seed Oil လို့ခေါ်တဲ့ ရွှေဖရုံစေ့ဆီဟာ အမျိုးသားတွေရဲ့ ဆံပင်ကြီးထွားသန်မာမှုအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ရွှေဖရုံစေ့ဆီမှာ Phytosterols လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး ၎င်းက ဆံသား ကြီးထွားသန်မာ မှုကို အားကောင်းစေပါတယ်။
(၃) ကြက်သွန်နီ ဖျော်ရည်လိမ်းပါ
ကြက်သွန်နီဖျော်ရည် ဟာ ရှေးခေတ်ကတည်းက အသုံးပြုလာတဲ့ ဆံပင်ကြီးထွားမှုအတွက် ရိုးရာဆေးတစ်လက် ဖြစ်ပါတယ်။ ကြက်သွန်နီမှာ ဆာလဖာနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ကြီးထွားမှုနဲ့ ဆံသားသန်းစွမ်းကျန်းမာဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကြက်သွန်နီ ဖျော်ရည် လိမ်းပေးခြင်းဖြင့် ၈ ပတ်အတွင်း ဆံပင်ကြီးထွားမှုနှုန်းကို တိုးမြင့်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၄) နနွင်းအသုံးပြုပါ

Photo : Verywell Health
နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ၊ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ပစ္စည်းတွေနဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်တာကြောင့် ဦးရေပြားပေါ်လိမ်းတဲ့အခါ ဦးရေပြားပေါ်မှာ စွဲကပ်နေတဲ့ မှိုနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးပြီး ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ နောက်ပြီး နနွင်းဟာ ဆံပင်ကျွတ်တာကို သက်သာနိုင်တယ်လို့ မကြာသေးမီက လေ့လာမှုတွေအရ သိရပါတယ်။
Photo : Isabella’s Clearly

