ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ တော်တော်များများကတော့ ဓာတုပစ္စည်းတွေပါတဲ့ ဆံပင်ထုတ်ကုန်တွေကို အသုံးပြုတာ သို့မဟုတ် ဆံသားကျန်းမာရေးကို ဂရုမစိုက်တာတွေကြောင့် ဆံပင်ပျက်စီးမှု ပြဿနာတွေ အများဆုံး ကြုံတွေ့ကြရပါတယ်။ ဒီလို ဆံပင်ပျက်စီးတဲ့ ပြဿနာတွေကို ငွေကုန်ကျနည်းနည်းနဲ့ ဖြေရှင်းနိုင်မယ့် အိမ်တွင်း နည်းလမ်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ငှက်ပျောသီး ပါ။

ငှက်ပျောသီးမှာ ဗီတာမင် E ၊ ဗီတာမင် C နဲ့ ဗီတာမင် A ဓာတ်တွေအပြင် အဆီဓာတ်ပါဝင်မှုလည်း များတဲ့အတွက် ဆံသားပျက်စီးမှုတွေကို လျော့ကျသက်သာစေပြီး သဘာဝအတိုင်း နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ကဲဒါဆို ဆံသားကျန်းမာရေးကို အားဖြည့်ပေးမယ့် လွယ်ကူရိုးရှင်းတဲ့ အိမ်လုပ် ငှက်ပျောသီး Hair Conditioner ပြုလုပ်နည်းလေးကို ကြည့်လိုက်ရအောင်ပါ။

Banana

Photo : Vogue India

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၁ – ၂ လုံးခန့် ( ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး သုံးပါ)
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အုန်းနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • Rose Water ၂ – ၃ စက်

ဆန္ဒရှိရင် ဒိန်ချဉ် ၂ ဇွန်းခန့် ရောထည့်နိုင်ပါတယ်။

Banana

Photo : Stylecraze

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်တစ်လုံးထဲသို့ ငှက်ပျောသီးကို ခပ်ပါးပါးလှီးထည့်ပါ။ ထို့နောက် အုန်းနို့နဲ့ ပျောရည်ရောထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးရင် အုန်းဆီနဲ့ သံလွင်ဆီကို ရောထည့်ပြီး ထပ်မံမွေပေးပါ။ အရောအစပ်အားလုံး ကောင်းမွန်စွာ ကျေညက်သွားစေဖို့ Blender ထဲကိုထည့်ပြီး Smoothie အနေအထား ရသည်အထိ မွှေပေးပါ။ ရနံ့အတွက် Rose Water (မထည့်လည်း ရပါတယ်) အနည်းငယ်ထည့်ပါ။ ထို့နောက် ဆံပင်ရေစိုအောင်စွတ်ပြီး မွှေထားတဲ့ ငှက်ပျောသီးအနှစ်ကို ဆံသားနဲ့ ဦးရေပြားအနှံ့ သေချာစွာ လိမ်းကျံပေးပါ။ Shower Cap လေးဆောင်းထားပြီး နာရီဝက်လောက် နှပ်ထားပါ။ အချိန်ပြည့်ရင် ငှက်ပျောသီးအနှစ်တွေ အားလုံး ပြောင်သွားတဲ့အထိ ရေလောင်းချပြီး ပုံမှန်လျော်နေကျ ခေါင်းလျော်ရည်နဲ့ ခေါင်းလျော်ချလိုက်ပါ။ သဘာဝအတိုင်း နူးညံ့ပျော့ပျောင်းပြီး တောင်ပြောင်တဲ့ ဆံကေသာကို ရပါလိမ့်မယ်။ တစ်ပတ်ကို ၂ – ၃ ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

Photo : Lifeberrys.com