အမျိုးသား တွေက ဝိုင်နဲ့ တူတယ်လို့ တင်စားမယ်ဆိုရင် မမှားနိုင် လောက်ဘူး ထင်ပါတယ်။ ဘာလို့ဆို ဝိုင်ဟာ နှစ်ချို့လေ ပိုကောင်းလေ လို့ ပြောကြ သလိုပါပဲ အမျိုးသားတွေ ကလည်း အသက်ကြီးလေ ပိုပြီး ဆွဲဆောင်မှု ရှိရှိနဲ့ ကြည့်ကောင်း လာကြတာ ဖြစ်ပါတယ်။ ဒါကို သက်သေ ပြဖို့အတွက် ကွီးတို့ရဲ့ အိုင်ဒေါကြီးတွေ ဖြစ်တဲ့ ဟောလိဝုဒ် နာမည်ကြီး မင်းသားကြီး တွေကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ကဲဒါဆို အသက် ကြီးလေ ပိုချောလေ ဆိုတာကို သက်သေပြခဲ့ကြတဲ့ ဆွဲဆောင်မှု အရှိဆုံး အသက် ၅၀ ကျော်တန်းဝင် ဟောလိဝုဒ် မင်းသားကြီး တွေက ဘယ်သူတွေ ဖြစ်မလဲ ဆိုတာ ကြည့်လိုက် ရအောင်ပါ။
(၁) George Clooney
Photo : Daily Sabah
အမေရိကန် မင်းသားကြီး George Clooney ကတော့ ပရိသတ်တွေရဲ့ နှလုံးသားထဲ အမြဲနေရာ ယူထားတဲ့ အိုင်ဒေါကြီး တစ်ယောက်လို့ ပြောရင် မမှားနိုင်ဘူး ထင်ပါတယ်။ အော်စကာ ဆုများရှင် မင်းသားကြီး George Clooney ကို ၁၉၆၁ ခုနှစ်မှာ မွေးခဲ့ပြီး အခုဆိုရင် အသက် ၆၁ နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဆွဲဆောင်မှု ရှိနေဆဲ မင်းသားကြီး တစ်ဦးပဲ ဖြစ်ပါတယ်။
(၂) Brad Pitt
Photo : Tages-Anzeiger
ဆွဲဆောင်မှု ရှိတဲ့ မင်းသားကြီး တွေအကြောင်း ပြောမယ်ဆိုရင် Brad Pitt ကို ချန်ထားခဲ့လို့ရမှာ မဟုတ်ပါဘူး။ အသက် ၅၈ နှစ်ရှိပြီ ဖြစ်ပေမယ့် လူငယ်တစ်ယောက်လို မယုံနိုင် လောက်အောင် နုပျိုပြီး ဆွဲဆောင်မှုရှိနေဆဲပဲ ဖြစ်ပါတယ်။ မင်းသားကြီး Brad Pitt ကို ၁၉၆၃ ခုနှစ်မှာ မွေးခဲ့ပြီး အသက် ၅၀ ကျော်တန်းဝင် အမျိုးသား သရုပ်ဆောင်တွေထဲမှာ ဆွဲဆောင်မှု အရှိဆုံး မင်းသား တစ်ယောက်အဖြစ် ပရိသတ်တွေ အသိမှတ်ပြုခြင်း ခံထား ရပါတယ်။
(၃) Hugh Jackman
Photo : Rolling Stone
X-Men Series နဲ့ အတူ လူသိများခဲ့တဲ့ သြစတြေးလျ မင်းသားကြီး Hugh Jackman ကလည်း အသက် ၅၀ ကျော် ထိပ်တန်း မင်းသားကြီး တွေထဲမှာ ဆွဲဆောင်မှု အရှိဆုံး မင်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသား Hugh Jackman ကို ၁၉၆၈ ခုနှစ်မှာ မွေးခဲ့ပြီး အခုဆိုရင် အသက် ၅၃ နှစ်ရှိပြီ ဖြစ်ပြီး အသက်ကြီးလေ ပိုပြီး ဆွဲဆောင်မှုရှိလေ ဆိုတာကို သက်သေပြနေတဲ့ မင်းသားကြီးပဲ ဖြစ်ပါတယ်။
(၄) Daniel Craig
Photo : Gulf News
James Bond မင်းသားလို့ လူသိများတဲ့ မင်းသားကြီး Daniel Craig ကိုလည်း ဆွဲဆောင်မှု အရှိဆုံး မင်းသားစာရင်းမှာ မထည့်လို့ မရပါဘူး။ မင်းသားကြီး Daniel Craig ကို ၁၉၆၈ ခုနှစ်မှာ မွေးခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ အသက် ၅၃ နှစ်ရှိပြီ ဖြစ်ပြီး အသက် ၅၀ ကျော်တန်းထဲက ဆွဲဆောင်မှုရှိတဲ့ မင်းသားကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။
(၅) Steve Carell
Photo : Rolling Stone
The Office TV စီးရီးမှာ Michael Scott အဖြစ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အမေရိကန် မင်းသားကြီး Steve Carell ကိုတော့ ပရိသတ်တွေ အားလုံး သိကြမယ် ထင်ပါတယ်။ သူ့ကို ၁၉၆၂ ခုနှစ်မှာ မွေးခဲ့ပြီး အခုလက်ရှိမှာ အသက် ၆၀ ဝန်းကျင်ကို ရောက်နေပြီ ဖြစ်ပေမယ့် မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေဆဲ နာမည်ကြီး ဟောလိဝုဒ် စတားတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒါကတော့ အသက်ကြီးလေ ပိုချောလေ ဆိုတာကို သက်သေ ပြခဲ့ကြတဲ့ အသက် ၅၀ ကျော် တန်းဝင် မင်းသားကြီး တွေထဲကမှ ဆွဲဆောင်မှု အရှိဆုံးနဲ့ ကြည့်အကောင်းဆုံး ထိပ်တန်း မင်းသားကြီး ၅ ယောက်ပဲ ဖြစ်ပါတယ်။ ကွီး တို့ရဲ့ အကြိုက်ဆုံး အိုင်ဒေါ မင်းသားကြီး ကရော ဘယ်သူဖြစ်မလဲ ဆိုတာ ကွန်းမန့်မှာ ပြောခဲ့ပါ အုန်းနော်။
Featured Photo : Rolling Stone