ဂျင်းဘောင်းဘီ၊ အင်္ကျီများသည် အမျိုးသမီး၊ အမျိုးသား၊ လူကြီး၊ လူငယ်မရွေး နှစ်ခြိုက်စွာ ဝတ်ဆင်ကြတဲ့ ဖက်ရှင်အဝတ်အထည်တစ်ခုဖြစ်ပါတယ်။ ဂျင်းဘောင်းဘီတံဆိပ်များသည် အများအပြားရှိတဲ့အနက် ကွီးတို့ ထင်ထားတာထက် ပိုပြီး ဈေးကြီး နေတဲ့ ဂျင်း ဘောင်းဘီ တံဆိပ်များရှိပါတယ်။
Guess ဂျင်း

Photo: Differenta
ဒီဂျင်းဘောင်းဘီတံဆိပ်ကတော့ ဈေးအကြီးဆုံး နံပါတ် (၁၀) နေရာမှာ ပါဝင်ပါတယ်။ Guess သည် လူကြိုက်များ နံမည်ကြီးတဲ့ တံဆိပ်တစ်ခုဖြစ်ပြီး ဂျင်းဘောင်းဘီအပြင်၊ ရေမွှေး၊ လက်ကိုင်အိတ်၊ နာရီနှင့် ရှူးဖိနပ်တို့ကိုပါ ထုတ်လုပ်လျက်ရှိပါတယ်။ ဒီဂျင်းဘောင်းဘီအမျိုးအစားတွေကတော့ အနည်းငယ် ဒေါ်လာ ၄၀၀ က စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Earnest Sewn Custom Fit

Photo: Jean Pool
နံပါတ် (၉) နေရာမြောက် ဈေးကြီး တဲ့ နောက်ထပ် ဂျင်း ဘောင်းဘီ တစ်ထည်ကတော့ Earnest Sewn Custom Fit ပဲဖြစ်ပါတယ်။ နယူးယောက်ခ်မြို့မှာ ပင်မဆိုင်ကြီးတစ်ဆိုင်ရှိပါတယ်။ သူကတော့ အနည်းဆုံး ဒေါ်လာ ၁၀၀၀ ရှိပါတယ်။
Dolce & Gabbana

ဒီတံဆိပ်ကတော့ အီတလီထုတ်ဖြစ်ပြီး Domenico Dolce နဲ့ Stefano Gabbana ဆိုတဲ့ ညီအစ်ကိုနှစ်ဦးက ၁၉၈၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုနော့ အနည်းဆုံး ဒေါ်လာ ၁၂၀၀ ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Roberto Cavalli

Photo: Poshmark
ဒီတံဆိပ်ကိုလည်း အနည်းဆုံး ဒေါ်လာ ၁၂၀၀ ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အီတလီလူမျိုး Roberto Cavalli ဆိုတဲ့ ဒီဇိုင်နာက ၁၉၇၂ ခုနှစ်မှာ စတင်တည်ထောင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Gucci

Photo: Stylicy
ဈေးကြီး ဆုံး နံပါတ် (၆) နေရာမှာ ရပ်တည်နေတဲ့ ဂျင်း ဘောင်းဘီ တံဆိပ်ကတော့ Gucci ပဲဖြစ်ပါတယ်။ သူ့ကိုတော့ အနည်းဆုံး ဒေါ်လာ ၃၁၀၀ ကနေ စတင်ဝယ်ယူနိုင်ပါတယ်။ Guccio Gucci ဆိုတဲ့ အီတလီဒီဇိုင်နာက ၁၉၂၁ ခုနှစ်က စတင် တည်ထောင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
APO

Alpha Phi Omega လို့ အမည်ရတဲ့ APO ဂျင်းဘောင်းဘီများသည် အရည်အသွေးကောင်းတဲ့ Luxury ဂျင်းဘောင်းဘီ တံဆိပ်တစ်ခုဖြစ်ပြီး ဈေးနှုန်းကတော့ အနည်းဆုံး ဒေါ်လာ ၄၀၀၀ ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Escada

Escada ကတော့ ၁၉၇၈ ခုနှစ်ကတည်းက ဒီဖိုင်နာ Margratha Ley ဆိုသူက တည်ထောင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အနည်းဆုံး ဒေါ်လာ ၁၀၀၀၀ ကနေ အစားစားရှိပါတယ်။
Levi Strauss & Co. 501

Photo: Esquire
ကွီးတို့အတွက် လူကြိုက်အများဆုံးနဲ့ ဈေးကြီး ဆုံး ဂျင်း ဘောင်းဘီ တံဆိပ်တွေထဲမှာ Levi Strauss & Co.. 501 ဆိုတဲ့ အမျိုးအစားလည်းပါဝင်ပါတယ်။ သူ့ကို Levi Strauss ဆိုသူက ၁၈၅၃ ခုနှစ်က ဆန်ဖရန်စစ်စကိုမြို့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့တန်ဖိုးကတော့ တန်ကြေး ဒေါ်လာ ၆၀၀၀၀ ရှိပါတယ်။
Dussault Apparel Thrashed Denim

Photo: Kuzgunlar Textile
နံပါတ် (၂) နေရာမှာ ရပ်တည်နေတာကတော့ Dussault Apparel Thrashed Denim ပဲဖြစ်ပါတယ်။ သူကတော့ ဒေါ်လာ ၂၅၀၀၀၀ တန်ဖိုးရှိပါတယ်။
Secret Circus

ဈေးအကြီးဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ ဂျင်းဘောင်းဘီတံဆိပ်ကတော့ ဒေါ်လာ ၁.၃ မီလီယံတန်တဲ့ Secret Circus ဆိုတဲ့ တံဆိပ်ပဲဖြစ်ပါတယ်။ ထိုဘောင်းဘီတွေပေါ်မှာ ရတနာများနဲ့ အနုစိတ်ခြယ်မှုန်းထားတဲ့အတွက်ကြောင့် ဈေးကြီးရခြင်းဖြစ်ပါတယ်။
Source: Thetealmango
Featured Image: Mensxp
