Oppo ကနေ A-series ရဲ့ နောက်ဆုံးထွက် ဈေးသက်သာတဲ့ စမတ်ဖုန်း Oppo A2 ကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက် ပေးလိုက်ပါပြီ။ Oppo A2 ဖုန်းဟာ Oppo A2X ဖုန်း ကြေညာခဲ့ပြီး ၂ ပတ်အကြာမှာ ထွက်ရှိလာခဲ့တာပါ။ Oppo A2 ရဲ့ အဓိက Specs အများစုကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက အိန္ဒိယနိုင်ငံမှာ ရောင်းချခဲ့တဲ့ Oppo A79 နဲ့ တော်တော်များများ တူညီပါတယ်။

Oppo A2

Photo : PhoneBunch

Oppo A2 ရဲ့ မျက်နှာပြင်ကို ၆.၇၂ လက်မ IPS LCD  သုံးထားပြီး FHD+ Resolution နဲ့ 90Hz Refresh Rate တို့ ထောက်ပံ့ပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်မှာ 8MP ကင်မရာကို အဆင့်မြှင့်တင်ထားပြီး ကျောဘက်မှာ 50MP Main ကင်မရာနဲ့ 8MP Ultrawide Lens တို့ကို တွဲဖက်တပ်ဆင် ပေးထားပါတယ်။

Oppo A2 ဖုန်း မှာ MediaTek Dimensity 6020 Chipset ကို အသုံးပြုထားပြီး 12GB RAM နဲ့ 256/512GB Storage ပါဝင်ပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 13 အခြေပြု ColorOS 13.1 ကို သုံးထားပြီး 33W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်ဒဏ်/ရေဒဏ် ခံနိုင်ရည်ရှိတဲ့ IP54 စံနှုန်းလည်း ထည့်သွင်းပေး ထားပါတယ်။

Oppo A2

Photo : Gizchina.com

Oppo A2 ကို အနက်ရောင် ၊ အစိမ်းရောင်နဲ့ ခရမ်းရောင် ဆိုပြီး အရောင် ၃ မျိုး ထုတ်ထားပြီး 12GB RAM / 256GB Storage ဗားရှင်းအတွက် ဈေးနှုန်းကတော့ ယွမ် ၁,၆၉၉ ( ဒေါ်လာ ၂၃၂) ခန့်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ 12GB RAM / 512 GB Storage မော်ဒယ်အတွက်ကတော့ ယွမ် ၁,၇၉၉ ( ဒေါ်လာ၂၄၆) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Oppo A2 ဖုန်း ကို လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံမှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com