ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ဈေးအကြီးဆုံး နှင့် အမိုက်စား ဇိမ်ခံ Luxury အိမ်ကြီး များတွင် တခမ်းတနားနှင့် နေထိုင်ချင်ကြသူတွေချည်းပါပဲ။ မီလီယံနာသူဌေးကြီးများ၊ ဒိတ်ဒိတ်ကြဲအနုပညာရှင်များကတော့ သူတို့ရဲ့ငွေကြေးများကို ဈေးအကြီးဆုံး Luxury အိမ်ကြီး များ ဝယ်ယူကာ အဆင့်မြင့်မြင့် နေထိုင်ကြပါတယ်။

ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး Luxury အိမ်ကြီး များကတော့ …

ဒေါ်လာ ၁၃၅ မီလီယံတန်သော အိမ်ကြီး

ဈေးအကြီးဆုံး Luxury အိမ်ကြီး

ဒီအိမ်ကတော့ California နိုင်ငံရှိ အိမ်ကြီးတစ်အိမ်ဖြစ်ပြီး Beverly အိမ်ရာမှာ တည်ရှိပြီး တစ်လငှားရမ်းခကတော့ ဒေါ်လာ ၆၀၀၀၀၀ ရှိပါတယ်။

ဒေါ်လာ ၁၀၂ မီလီယံတန်သော အိမ်ကြီး

ဈေးအကြီးဆုံး Luxury အိမ်ကြီး

ဒီအိမ်ကြီးထဲမှာတော့ အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၁၅ ခန်းပါဝင်ပြီး စာကြည့်တိုက် အခန်း ၂ ခန်းလည်း ပါရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး အိမ်ကြီးလို့တောင် ပြောလို့ရပါတယ်။

ဒေါ်လာ ၇၅၀ မီလီယံတန်သော အိမ်ကြီး

ဈေးအကြီးဆုံး Luxury အိမ်ကြီး

ဒီအိမ်ကတော့ ပြင်သစ်နိုင်ငံမှာတည်ရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၇၅၀ မီလီယံရှိပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ဆောက်လုပ်ထားတာဖြစ်ပြီး အိပ်ခန်း ၁၁ ခန်း၊ ရေချိုးခန်း ၁၄ ခန်းပါဝင်ပြီး ဧက ၅၀ ကျော် ကျယ်ဝန်းသော ခြံကြီးထဲတွင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီအိမ်ကြီးကို The Red Shoes နဲ့ To Catch A Thief ဆိုတဲ့ ဇာတ်ကား ရိုက်ကူးတုန်းက အသုံးပြုထားတာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။

နယူးယေ့ာခ်မြို့ရှိ ဒေါ်လာ ၄၅ မီလီယံတန်သော အိမ်ကြီး

ဈေးအကြီးဆုံး Luxury အိမ်ကြီး

ဒီအဆောက်အဦးကြီးကတော့ ဒေါ်လာ ၄၅ မီလီယံတန်ပါတယ်။ နယူးယော့ခ်မြို့မှာ တည်ရှိတဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။

လန်ဒန်မြို့ရှိ ဈေးအကြီးဆုံးအိမ်ကြီး

ဈေးအကြီးဆုံး Luxury အိမ်ကြီး

ဒီအိမ်ကတော့ ဒေါ်လာ ၈၉.၄ မီလီယံတန်ပြီး လန်ဒန်မြို့ရှိ Kensington Palace Gardens တွင် တည်ရှိတာဖြစ်ပါတယ်။ သူ့မှာ အိပ်ခန်း ၁ ခန်းအပြင် တူရကီစတိုင်လ် ရေချိုးခန်း တစ်ခန်း၊ ရေကူးကန်၊ ပန်းချီပြခန်းနှင့် Ballroom တို့လည်း ပါရှိပါတယ်။

ဒေါ်လာ ၄၀၀ မီလီယံတန်သော မိုးမျှော်တိုက်

most expensive house for kwee

ဒီတိုက်ကတော့ Monaco ၊ Tour Odeon လမ်း Monte Carlo မြို့တွင် တည်ရှိတာဖြစ်ပါတယ်။ မိုးမျှော်တိုက်ကြီးကနေ မြို့တစ်မြို့လုံးကို စီးမြင်ခံစားနိုင်ပါတယ်။

မွန်ဘိုင်းရှိ တိုက်ကြီး

most expensive house for kwee

ဒီတိုက်ကြီးကတော့ ၁ ဘီလီယံဒေါ်လာ တန်ကြေးရှိပါတယ်။ မိုးမျှော်တိုက်ပုံစံ ဆောက်လုပ်ထားတာဖြစ်ပြီး အထပ်ပေါင်း ၂၇ ထပ်ပါရှိပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက အိန္ဒိယလူမျိုး ဘီလီယံနာသူဌေးကြီးက သူ့အမျိုးသမီးနှင့် ကလေး သုံးယောက်နှင့်အတူတူ နေထိုင်ဖို့ရန်အတွက် ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ကြီးများထဲက ဘယ်အိမ်ကို အနှစ်သက်ဆုံးလဲ။ ဘယ်အိမ်ကြီးမှာ အနေချင်ဆုံးဖြစ်မလဲ။

Source: Cbsnews

Featured Image: Robbreport