နိုင်ငံတကာဈေးကွက်မှာ ဈေးအသက်သာဆုံး ခေါက်ဖုန်း တွေထဲကတစ်လုံး ဖြစ်လာမယ့် nubia Flip ကို မနေ့က တရုတ်နိုင်ငံမှာ စတင် ကြေညာလိုက်ပါတယ်။ nubia Flip ကို ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ MWC 2024 မှာ ပွဲဦးထွက် မိတ်ဆက်သွားခဲ့တာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ အနိမ့်ဆုံးမော်ဒယ်အတွက် ယွမ် ၂,၉၉၉ ( ၄၁၅ ဒေါ်လာ ) ခန့်ကနေ စတင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းက ဂျပန်နိုင်ငံမှာ ရောင်းချခဲ့တဲ့ ZTE Libero Flip ရဲ့ ကာဗွန်ကော်ပီ ဖြစ်ပါတယ်။
Photo : GSMArena.com
ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ဖုန်း ဖြစ်တဲ့ nubia Flip မှာ Snapdragon 7 Gen 1 Chipset မောင်းနှင်ထားပြီး 50 MP Main ကင်မရာနဲ့ ၆.၉ လက်မ OLED Foldable မျက်နှာပြင် တပ်ဆင်ပေးထားပါတယ်။ ဂျပန်နိုင်ငံမှာ ရောင်းချခဲ့တဲ့ ယန်း ၆၃,၀၀၀ ဝန်းကျင် စျေးနှုန်းကတော့ 6/128 GB ဗားရှင်းအတွက် ဖြစ်ပြီး တရုတ်နိုင်ငံ အခြေစိုက် ယွမ် ၂,၉၉၉ မော်ဒယ်မှာတော့ 8 GB RAM နဲ့ 256 GB Storage နဲ့ လာမှာဖြစ်ပါတယ်။
nubia Flip ဖုန်းမှာ 1.43 လက်မ Cover မျက်နှာပြင် ပါဝင်ပြီး ဖုန်းခေါ်ဆိုတာ ၊ မီဒီယာတွေ ထိန်းချုပ်တာ ၊ ရာသီဥတု သတင်းအချက်အလက်တွေ ဖော်ပြတာနဲ့ အခြား အခြေခံလုပ်ဆောင်ချက်တွေအတွက် ကင်မရာ Viewfinder တစ်ခုအဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Photo : GSMArena.com
ကုမ္ပဏီဘက်ကတော့ nubia Flip ခေါက်ဖုန်း ရဲ့ တွယ်ဆက်ထားတဲ့ Hinge ဟာ အကြိမ်ပေါင်း ၂၀၀,၀၀၀ ကျော် ခေါက်ချိုးပြုလုပ်နိုင်မယ်လို့ ဆိုထားပါတယ်။ ဘက်ထရီအနေနဲ့ 33W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 4,310 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။
အရောင်တွေကတော့ Black ၊ Gold ၊ Pink ဆိုပြီး ကာလာ ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး 12/256 GB မော်ဒယ်ကို ယွမ် ၃,၂၉၉ ( ၄၅၅ ဒေါ်လာ) ၊ 12/512 GB မော်ဒယ်အတွက် ယွမ် ၃,၆၉၉ ( ၅၁၀ ဒေါ်လာ) ခန့် သတ်မှတ်ထားပါတယ်။
Featured Photo : GSMArena.com