ငယ်ရွယ်စဥ်အချိန်မှာသာမက အသက်အရွယ် ရလာတဲ့အချိန်မှာပါ ညစာ မှန်မှန် စားချင်တယ်ဆိုရင် ကျန်းမာရေး လိုက်စားဖို့ လိုပါလိမ့်မယ်။ များသောအားဖြင့် ငယ်ရွယ်ချိန် သန်တုန်း မြန်တုန်းအချိန်မှာသာ စွမ်းဆောင်နိုင်ကြပြီး အသက်အရွယ်က စကားပြောလာတဲ့အခါမှာတော့ ငယ်ရွယ် နုပျိုစဥ်အချိန်တုန်းကလည်း ဖျတ်လတ် သွက်လက်စွာ လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါဆိုရင် အသက်အရွယ် အပိုင်းအခြား မရွေး ညစာ မှန်မှန် စားချင်တယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ရမလဲ။

(၁) လက်လုပ် သိုင်းကျမ်းကိုသာ တစ်ချိန်လုံး အားကိုးနေခြင်း

man masturbate

လက်သိုင်းကျင့်တာက အခြေအနေ အတိုင်းအတာတစ်ခုအထိဆိုရင်တော့ အဆင်ပြေပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်းပါပဲ။ သူ့ချည်းပဲ လုပ်နေမယ်ဆိုရင် ညစာလည်း မှန်မှန် စားနိုင်တော့မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ ဘာ့ကြောင့် ညစာ မှန်မှန် မစားနိုင်ရသလဲ။ လက်သိုင်းကျမ်း ကျင့်တာတွေ များနေပြီလား။ အလွန်အကျွံများနေပြီဆိုရင်တော့ တကယ့် တကယ် ကိုယ့်ချစ်သူနဲ့ နှစ်ပါးသွားပြီး ချစ်ကြည်နူးကြတော့မယ်ဆိုရင် ဘယ်လိုမှ စွမ်းဆောင်နိုင်တော့မှာမဟုတ်ပါဘူး။

(၂) ဖွားဖက်တော် သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ

ညစာ မှန်မှန်

တစ်ကိုယ်ရည်သန့်ရှင်းရေးလို့ ဆိုလိုက်တာနဲ့ ကွီးတို့ရဲ့ ဖွားဖက်တော်ကိုလည်း မေ့ထားလို့မရပါဘူး။ ထိုနေရာတစ်ဝိုက်သည် ခြောက်သွေ့မနေဘဲနဲ့ အမြဲတမ်း စိုစိုထိုင်းထိုင်းဖြစ်နေမယ်ဆိုရင် ဘက်တီးရီးယားများ အများအပြားပေါက်ဖွားလာမှာဖြစ်ပါတယ်။ ဘက်တီးရီးယားများ ပွားများလာသည်နှင့်အမျှ အနံ့အသက်ဆိုးများလည်း ထွက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ရေချိုးပြီးတဲ့နောက်မှာ ထိုနေရာကို သေချာခြောက်အောင် သန့်စင်ပေးလိုက်ပါ။ အတွင်းခံဘောင်းဘီများ ရွေးချယ်တဲ့အခါမှာလည်း ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းတဲ့အတွင်းခံများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၃) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်ကောင်းများ မွေးမြူပါ

ညစာ မှန်မှန်

မိမိစားသုံးတဲ့ အစားအသောက်သည်လည်း ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် များစွာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ပြောပြလိုက်ရင် ကွီးတို့ အံ့သြသွားပါလိမ့်မယ်။ အာဟာရဓာတ် ကြွယ်ဝသော အစားအစာများ၊ အဆီဓာတ် နည်းသော အစားအစာများကို စားသောက်ပါ။ ရေ များများသောက်ပါ။ ဒါမှ ကျောက်ကပ်မှာ စုပုံနေတဲ့ အဆိပ်အတောက်များသည် ဆီးထဲမှ တဆင့် ထွက်သွားမှာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဆေးလိပ်ဖြတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဆရာဝန်တော်တော်များများက ဆေးလိပ်သောက်ခြင်းသည် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ တညီတညွှတ်တည်း သဘောတူထားကြတာဖြစ်ပါတယ်။ ပြုလုပ်ထားခဲ့သော လေ့လာချက်များအရ အချို့ အမျိုးသားများသည် လိင်ဆက်ဆံနေချိန်မှာ သုတ်ပိုးထုတ်လွှတ်ရခက်ခဲတာကို တွေ့ရှိခဲ့ရပြီး ထိုအမျိုးသားများအားလုံးသည် ဆေးလိပ်သောက်သုံးသူတွေဖြစ်ကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ခြင်းသည် အကောင်းဆုံးပါပဲ။

ကွီးတို့ရော အချိန်မှန်မှန် စားသောက်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းကောင်းများကို ကျင့်ကြံပြုမူလေ့ရှိပါသလဲ။

Source: Menshealth

Featured Image: Freepik